သန်လျင်မြို့တွင် ဆိုင်ကယ်စီးနင်းခွင့်ပိတ် လိုက်ခြင်းကြောင့် မြို့ခံများအခက်တွေ့နေ
ရန်ကုန်၊ မေ ၁၈
လူငယ့်ခေတ်
အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ၅ ရက်ပိတ်လိုက်ခြင်းကြောင့် မြို့ခံပြည်သူ များသွားရေးလာရေးအခက်တွေ့နေကြောင်း သန်လျင်မြို့တွင်နေထိုင်သူများကပြောသည်။
သန်လျင်မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်ကို မေလ ၁၈ ရက် မှ ၂၂ ရက် အထိ ပိတ်ပင်ထားသည်ဟု ဒေသခံများထံမှသိရပြီး ယနေ့မနက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီက ၁၈ ကုန်းနှင့် အောင်ချမ်းသာထိပ်တို့တွင် ဆိုင်ကယ်ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သန် လျင်မြို့တွင်နေထိုင်သူတစ်ဦးက ဆိုသည်။
“သန်လျင်မှာ ဆိုင်ကယ်ရှိမှသွားတာလာတာအဆင်ပြေတာ။ အခုဆိုင်ကယ်စီးခွင့်ပိတ် တော့ ဈေးသွားဈေးလာကအစအကုန်ဒုက္ခတွေရောက်ကုန်တာ” ဟု ၎င်းကပြောသည်။
အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်လမ်းကြောင်းရှိသဖြင့် သန်လျင်မြို့တွင်ဆိုင်ကယ်စီးနင်းခွင့် ကို ၅ ရက်ခန့်ပိတ်ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း လူငယ့်ခေတ်အနေဖြင့် အတည် ပြုနိုင်ခြင်းမရှိသေးပေ။
“ဆိုင်ကယ် ကယ်ရီဆွဲတဲ့သူတွေတောင် မတွေ့ဘူး။ တစ်ယောက်စနှစ်ယောက်စပဲတွေ့တယ်။ အများစုက ထွက်မဆွဲကြတော့ဘူး”ဟုသန် လျင်မြို့၊ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးကပြောသည်။
သန်လျင်မြို့နယ်များအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ သတင်းပေးဒလန်များကို မြို့ပြပြောက်ကျားအဖွဲ့များက မကြာခဏပစ်ခတ်ရှင်းလင်းမှုများရှိနေပြီး ယခုလဆန်းပိုင်းကလည်း သန်လျင်မြို့နယ်၊ ပြည် တော်သာလမ်းအနီးရှိ ရဲလေ့ကျင့်ရေးသင် တန်းကျောင်းဝင်းအတွင်း ဖောက်ခွဲတိုက် ခိုက်မှုပြုလုပ်ခဲ့သည်။
ဓာတ်ပုံ – Thanlyin Channel
ပုံစာ – သန်လျင်၊ မြို့မဈေးအနီး၊ မြို့မလမ်းထိပ်အားတွေ့ရစဉ်
သန္လ်င္ၿမိဳ႕တြင္ ဆိုင္ကယ္စီးနင္းခြင့္ပိတ္ လိုက္ျခင္းေၾကာင့္ ၿမိဳ႕ခံမ်ားအခက္ေတြ႕ေန
ရန္ကုန္၊ ေမ ၁၈
လူငယ့္ေခတ္
အၾကမ္းဖက္စစ္ေကာင္စီက ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္အတြင္း ဆိုင္ကယ္စီးနင္းခြင့္ ၅ ရက္ပိတ္လိုက္ျခင္းေၾကာင့္ ၿမိဳ႕ခံျပည္သူ မ်ားသြားေရးလာေရးအခက္ေတြ႕ေနေၾကာင္း သန္လ်င္ၿမိဳ႕တြင္ေနထိုင္သူမ်ားကေျပာသည္။
သန္လ်င္ၿမိဳ႕နယ္အတြင္း ဆိုင္ကယ္စီးနင္းခြင့္ကို ေမလ ၁၈ ရက္ မွ ၂၂ ရက္ အထိ ပိတ္ပင္ထားသည္ဟု ေဒသခံမ်ားထံမွသိရၿပီး ယေန႔မနက္တြင္လည္း အၾကမ္းဖက္စစ္ေကာင္စီက ၁၈ ကုန္းႏွင့္ ေအာင္ခ်မ္းသာထိပ္တို႔တြင္ ဆိုင္ကယ္ဖမ္းဆီးမႈမ်ားျပဳလုပ္ေနေၾကာင္း သန္ လ်င္ၿမိဳ႕တြင္ေနထိုင္သူတစ္ဦးက ဆိုသည္။
“သန္လ်င္မွာ ဆိုင္ကယ္ရွိမွသြားတာလာတာအဆင္ေျပတာ။ အခုဆိုင္ကယ္စီးခြင့္ပိတ္ ေတာ့ ေဈးသြားေဈးလာကအစအကုန္ဒုကၡေတြေရာက္ကုန္တာ” ဟု ၎ကေျပာသည္။
အၾကမ္းဖက္စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လွိုင္လမ္းေၾကာင္းရွိသျဖင့္ သန္လ်င္ၿမိဳ႕တြင္ဆိုင္ကယ္စီးနင္းခြင့္ ကို ၅ ရက္ခန႔္ပိတ္ျခင္းျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚေနေသာ္လည္း လူငယ့္ေခတ္အေနျဖင့္ အတည္ ျပဳနိုင္ျခင္းမရွိေသးေပ။
“ဆိုင္ကယ္ ကယ္ရီဆြဲတဲ့သူေတြေတာင္ မေတြ႕ဘူး။ တစ္ေယာက္စႏွစ္ေယာက္စပဲေတြ႕တယ္။ အမ်ားစုက ထြက္မဆြဲၾကေတာ့ဘူး”ဟုသန္ လ်င္ၿမိဳ႕၊ ေအာင္ခ်မ္းသာရပ္ကြက္တြင္ ေနထိုင္သူ အမ်ိဳးသမီးတစ္ဦးကေျပာသည္။
သန္လ်င္ၿမိဳ႕နယ္မ်ားအတြင္းရွိ အၾကမ္းဖက္စစ္ေကာင္စီ သတင္းေပးဒလန္မ်ားကို ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕မ်ားက မၾကာခဏပစ္ခတ္ရွင္းလင္းမႈမ်ားရွိေနၿပီး ယခုလဆန္းပိုင္းကလည္း သန္လ်င္ၿမိဳ႕နယ္၊ ျပည္ ေတာ္သာလမ္းအနီးရွိ ရဲေလ့က်င့္ေရးသင္ တန္းေက်ာင္းဝင္းအတြင္း ေဖာက္ခြဲတိုက္ ခိုက္မႈျပဳလုပ္ခဲ့သည္။
ဓာတ္ပုံ – Thanlyin Channel
ပုံစာ – သန္လ်င္၊ ၿမိဳ႕မေဈးအနီး၊ ၿမိဳ႕မလမ္းထိပ္အားေတြ႕ရစဥ္