စစ်ကောင်စီတပ်သားများအား ဂျပန်အစိုးရသင်တန်းပေးမည့်အစီအစဉ် ရပ်တန့်ရန် ဂျပန်အမတ်များ တောင်းဆို
လီလီယန်/People’s Spring
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးမည့်အစီအစဉ်ကို ရပ်တန့်ရန် ဂျပန်လွှတ်တော်ကိုယ်စားလှယ်များက ယမန်နေ့တွင် တောင်းဆိုလိုက်သည်။
ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီတွင် စစ်ကောင်စီစေလွှတ်မည့် စစ်သား လေးဦးကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက တက်ရောက်ခွင့်ပြုခဲ့ပြီး ယင်းအစီအစဉ်ကို ရပ်တန့်နိုင်ရန် ပါတီနှစ် ရပ်ပေါင်းလွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများကို သင်တန်းပေးရန် အစီအစဉ်သည် ရှေ့ရေးကို ရှေးရှုပြု လုပ်ခြင်းဖြစ်ပြီး ယခင်အစိုးရများ၏ အစီအစဉ်များဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ခံဒါရိုက်တာ ပြောသည်။
ယင်းသို့ ဂျပန်နိုင်ငံက ခေါ်ယူသင်တန်းပေးမှုနှင့်ပတ်သက်၍ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံသော လွှတ်တော်အမတ်များသမဂ္ဂ (GIREN), Human Rights Watch, Human Rights Now နှင့် NUG Representative Office Japan တို့၏ အရေးပေါ်အစည်းအဝေးတရပ်ကို ဂျပန်နိုင်ငံ လွှတ်တော်အမတ်များရုံး၌ ယမန်နေ့တွင် ပြုလုပ်ခဲ့ကြောင်း NUG ဂျပန်ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အစည်းအဝေးတွင် ဂျပန်နိုင်ငံဆိုင်ရာNUG ကိုယ်စားလှယ်က မြန်မာနိုင်ငံအပေါ် ဂျပန် အစိုးရ၏ ကူညီနေမှုများကို နားလည်သော်လည်း တရားမဝင်အာဏာသိမ်းခဲ့သော စစ်ကောင်စီ သည် ၎င်းတို့ အာဏာသိမ်းစဉ်မှစ၍ ယခုအချိန်အထိ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ သေဒဏ်ချမှတ်ခြင်း စသည်တို့ကို ဆက်တိုက် ကျူးလွန်ဆောင်ရွက် ခဲ့သဖြင့် မြန်မာနိုင်ငံအတွင်း စစ်ဘေးရှောင်သူများ ပိုမိုများပြားလာကြောင်း ပြောသည်။
ထိုသို့သော အကြောင်းများကြောင့် ဂျပန်က စစ်ကောင်စီအား အကူအညီပေးမှုများကို ကန့်ကွက်ကြောင်းနှင့် ယခုမှစ၍ အကူအညီပေးနေမှုများကို ရပ်တန့်ကာ ပိတ်ဆို့အရေးယူမှုများကို လုပ်ဆောင်ရန် NUG ကိုယ်စားလှယ် စောဘလှသိန်းက ပြောသည်။
ထို့အပြင် မြန်မာပြည်သူလူထု အားပေးထောက်ခံသော NUG အစိုးရကို အခြားနိုင်ငံများမှ အသိအမှတ်ပြုသကဲ့သို့ ဂျပန်အစိုးရမှ လည်း လက်ခံ အသိအမှတ်ပြုရန်လည်း စောဘလှသိန်းက တိုက်တွန်းသည်။
စစ်ကောင်စီစေလွှတ်သည့် စစ်သား ၄ ဦးကို ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီသင်တန်း တက်ရောက်ခွင့်ပြုသည့်အပေါ် ဂျပန်ရောက်မြန်မာနိုင်ငံသားများက အပြင်းအထန်ကန့်ကွက်ရှုတ်ချထားသည်။
(ဂျပန်နိုင်ငံ လွှတ်တော်အမတ်များ ရုံး၌ ယမန်နေ့က အစည်းအဝေးပြုလုပ်နေစဥ်၊ ဓာတ်ပုံ – National Unity Government of Myanmar Representative Office – Japan)
Zawgyi
စစ္ေကာင္စီတပ္သားမ်ားအား ဂ်ပန္အစိုးရသင္တန္းေပးမည့္အစီအစဥ္ ရပ္တန႔္ရန္ ဂ်ပန္အမတ္မ်ား ေတာင္းဆို
လီလီယန္/People’s Spring
အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ေလ့က်င့္သင္ၾကားေပးမည့္အစီအစဥ္ကို ရပ္တန႔္ရန္ ဂ်ပန္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ယမန္ေန႔တြင္ ေတာင္းဆိုလိုက္သည္။
ဂ်ပန္အမ်ိဳးသားကာကြယ္ေရးအကယ္ဒမီတြင္ စစ္ေကာင္စီေစလႊတ္မည့္ စစ္သား ေလးဦးကို ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနက တက္ေရာက္ခြင့္ျပဳခဲ့ၿပီး ယင္းအစီအစဥ္ကို ရပ္တန႔္နိုင္ရန္ ပါတီႏွစ္ ရပ္ေပါင္းလႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။
အၾကမ္းဖက္စစ္ေကာင္စီတပ္သားမ်ားကို သင္တန္းေပးရန္ အစီအစဥ္သည္ ေရွ႕ေရးကို ေရွးရႈျပဳ လုပ္ျခင္းျဖစ္ၿပီး ယခင္အစိုးရမ်ား၏ အစီအစဥ္မ်ားျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာန တာဝန္ခံဒါရိုက္တာ ေျပာသည္။
ယင္းသို႔ ဂ်ပန္နိုင္ငံက ေခၚယူသင္တန္းေပးမႈႏွင့္ပတ္သက္၍ ျမန္မာ့ဒီမိုကေရစီအေရးကို ေထာက္ခံေသာ လႊတ္ေတာ္အမတ္မ်ားသမဂၢ (GIREN), Human Rights Watch, Human Rights Now ႏွင့္ NUG Representative Office Japan တို႔၏ အေရးေပၚအစည္းအေဝးတရပ္ကို ဂ်ပန္နိုင္ငံ လႊတ္ေတာ္အမတ္မ်ား႐ုံး၌ ယမန္ေန႔တြင္ ျပဳလုပ္ခဲ့ေၾကာင္း NUG ဂ်ပန္ကိုယ္စားလွယ္႐ုံးက သတင္းထုတ္ျပန္ထားသည္။
အဆိုပါ အစည္းအေဝးတြင္ ဂ်ပန္နိုင္ငံဆိုင္ရာNUG ကိုယ္စားလွယ္က ျမန္မာနိုင္ငံအေပၚ ဂ်ပန္ အစိုးရ၏ ကူညီေနမႈမ်ားကို နားလည္ေသာ္လည္း တရားမဝင္အာဏာသိမ္းခဲ့ေသာ စစ္ေကာင္စီ သည္ ၎တို႔ အာဏာသိမ္းစဥ္မွစ၍ ယခုအခ်ိန္အထိ လူမဆန္စြာ ရက္စက္ၾကမ္းၾကဳတ္ျခင္း၊ မီးရွို႔သတ္ျဖတ္ျခင္း၊ ေသဒဏ္ခ်မွတ္ျခင္း စသည္တို႔ကို ဆက္တိုက္ က်ဴးလြန္ေဆာင္ရြက္ ခဲ့သျဖင့္ ျမန္မာနိုင္ငံအတြင္း စစ္ေဘးေရွာင္သူမ်ား ပိုမိုမ်ားျပားလာေၾကာင္း ေျပာသည္။
ထိုသို႔ေသာ အေၾကာင္းမ်ားေၾကာင့္ ဂ်ပန္က စစ္ေကာင္စီအား အကူအညီေပးမႈမ်ားကို ကန္႔ကြက္ေၾကာင္းႏွင့္ ယခုမွစ၍ အကူအညီေပးေနမႈမ်ားကို ရပ္တန္႔ကာ ပိတ္ဆို႔အေရးယူမႈမ်ားကို လုပ္ေဆာင္ရန္ NUG ကိုယ္စားလွယ္ ေစာဘလွသိန္းက ေျပာသည္။
ထို႔အျပင္ ျမန္မာျပည္သူလူထု အားေပးေထာက္ခံေသာ NUG အစိုးရကို အျခားနိုင္ငံမ်ားမွ အသိအမွတ္ျပဳသကဲ့သို႔ ဂ်ပန္အစိုးရမွ လည္း လက္ခံ အသိအမွတ္ျပဳရန္လည္း ေစာဘလွသိန္းက တိုက္တြန္းသည္။
စစ္ေကာင္စီေစလႊတ္သည့္ စစ္သား ၄ ဦးကို ဂ်ပန္အမ်ိဳးသားကာကြယ္ေရးအကယ္ဒမီသင္တန္း တက္ေရာက္ခြင့္ျပဳသည့္အေပၚ ဂ်ပန္ေရာက္ျမန္မာနိုင္ငံသားမ်ားက အျပင္းအထန္ကန႔္ကြက္ရႈတ္ခ်ထားသည္။
(ဂ်ပန္နိုင္ငံ လႊတ္ေတာ္အမတ္မ်ား ႐ုံး၌ ယမန္ေန႔က အစည္းအေဝးျပဳလုပ္ေနစဥ္၊ ဓာတ္ပုံ – National Unity Government of Myanmar Representative Office – Japan)