NUG နိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန်အထက်လွှတ်တော်အမတ်ခေါင်းဆောင်တို့ တွေ့ဆုံ
ဧရာဝတီ၊ မေ ၁၈၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဒုဝန်ကြီးတို့သည် အမေရိကန်အထက်လွှတ်တော်အမတ်ခေါင်းဆောင် မစ်ချ်မက်ကော်နယ်နှင့် မေ ၁၇ ရက်တွင် အမေရိကန်လွှတ်တော်ရုံး၌ တွေ့ဆုံခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါတွေ့ဆုံမှုတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်ညှဉ်းပန်းမှုလုပ်ရက်များနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ပေါက်လာနိုင်ရေးအတွက် မြန်မာပြည်သူတို့၏ ခုခံတွန်းလှန်နေမှုများ၊ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ဆက်လက်ထောက်ခံပံ့ပိုးရေး၊ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာမှ မြန်မာ့အရေး ဆက်လက်ကူညီမှုပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖိနှိပ်ချုပ်ချယ်သည့် စစ်အာဏာရှင်ကို ဆန့်ကျင်သော မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုနှင့် အမေရိကန်နှင့် ကမ္ဘာတဝှမ်းမှ မိတ်ဆွေများ၏ ဆက်လက်ကူညီပံ့ပိုးမှုများ၏ အရေးပါပုံကို ဆွေးနွေးခဲ့ကြောင်းလည်း မစ်ချ်မက်ကော်နယ်က ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။
အမေရိကန် ကွန်ဂရက်တွင် အာဏာအရှိဆုံးတဦးဖြစ်သည့် အထက်လွှတ်တော်အမတ် မစ်ချ်မက်ကော်နယ်သည် မြန်မာ့ဒီမိုကရေစီအရေးနှင့် ပတ်သက်ပြီး တောက်လျှောက်ထောက်ခံလာသူတဦးလည်း ဖြစ်သည်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့သည် ပြီးခဲ့သည့် မေ ၁၂ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းနှင့် လည်းကောင်း၊ မေ ၁၄ ရက်တွင် ဝါရှင်တန်ဒီစီသို့ရောက်နေသည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာနှင့် လည်းကောင်း၊ မေ ၁၅ ရက်တွင် အမေရိကန်သမ္မတ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ ရော့ဘာရှင်းစကီး – Rob Berschinski ( Special Assistance to the President- S. Director for Democracy & Human Rights) နှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ဓာတ်ပုံ – NUG MOFA
Zawgyi
NUG နိုင္ငံျခားေရးဝန္ႀကီးႏွင့္ အေမရိကန္အထက္လႊတ္ေတာ္အမတ္ေခါင္းေဆာင္တို႔ ေတြ႕ဆုံ
ဧရာဝတီ၊ ေမ ၁၈၊ ၂၀၂၂
အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG)၊ နိုင္ငံျခားေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ေဒၚဇင္မာေအာင္ႏွင့္ ဒုဝန္ႀကီးတို႔သည္ အေမရိကန္အထက္လႊတ္ေတာ္အမတ္ေခါင္းေဆာင္ မစ္ခ်္မက္ေကာ္နယ္ႏွင့္ ေမ ၁၇ ရက္တြင္ အေမရိကန္လႊတ္ေတာ္႐ုံး၌ ေတြ႕ဆုံခဲ့ေၾကာင္း NUG နိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။
အဆိုပါေတြ႕ဆုံမႈတြင္ အၾကမ္းဖက္စစ္ေကာင္စီ၏ ဖိႏွိပ္ညႇဥ္းပန္းမႈလုပ္ရက္မ်ားႏွင့္ အနာဂတ္ဖက္ဒရယ္ဒီမိုကေရစီနိုင္ငံေတာ္သစ္ေပၚေပါက္လာနိုင္ေရးအတြက္ ျမန္မာျပည္သူတို႔၏ ခုခံတြန္းလွန္ေနမႈမ်ား၊ ျမန္မာ့ဒီမိုကေရစီအေရးလႈပ္ရွားမႈကို ဆက္လက္ေထာက္ခံပံ့ပိုးေရး၊ အေမရိကန္ျပည္ေထာင္စု အပါအဝင္ နိုင္ငံတကာမွ ျမန္မာ့အေရး ဆက္လက္ကူညီမႈေပးနိုင္ေရးတို႔ကို ေဆြးေႏြးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ဖိႏွိပ္ခ်ဳပ္ခ်ယ္သည့္ စစ္အာဏာရွင္ကို ဆန႔္က်င္ေသာ ျမန္မာ့ဒီမိုကေရစီေရး ႀကိဳးပမ္းမႈႏွင့္ အေမရိကန္ႏွင့္ ကမၻာတဝွမ္းမွ မိတ္ေဆြမ်ား၏ ဆက္လက္ကူညီပံ့ပိုးမႈမ်ား၏ အေရးပါပုံကို ေဆြးေႏြးခဲ့ေၾကာင္းလည္း မစ္ခ်္မက္ေကာ္နယ္က ၎၏ တြစ္တာစာမ်က္ႏွာတြင္ ေရးသားထားသည္။
အေမရိကန္ ကြန္ဂရက္တြင္ အာဏာအရွိဆုံးတဦးျဖစ္သည့္ အထက္လႊတ္ေတာ္အမတ္ မစ္ခ်္မက္ေကာ္နယ္သည္ ျမန္မာ့ဒီမိုကေရစီအေရးႏွင့္ ပတ္သက္ၿပီး ေတာက္ေလၽွာက္ေထာက္ခံလာသူတဦးလည္း ျဖစ္သည္။
NUG နိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ႏွင့္အဖြဲ႕သည္ ၿပီးခဲ့သည့္ ေမ ၁၂ ရက္တြင္ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယနိုင္ငံျခားေရးဝန္ႀကီး ဝင္ဒီရွားမန္းႏွင့္ လည္းေကာင္း၊ ေမ ၁၄ ရက္တြင္ ဝါရွင္တန္ဒီစီသို႔ေရာက္ေနသည့္ မေလးရွားနိုင္ငံျခားေရးဝန္ႀကီး ဆိုင္ဖူဒင္အဗၺဒူလာႏွင့္ လည္းေကာင္း၊ ေမ ၁၅ ရက္တြင္ အေမရိကန္သမၼတ၏ ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရးဆိုင္ရာ ဒါရိုက္တာ ေရာ့ဘာရွင္းစကီး – Rob Berschinski ( Special Assistance to the President- S. Director for Democracy & Human Rights) ႏွင့္ လည္းေကာင္း ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ၿပီး ျဖစ္သည္။
ဓာတ္ပုံ – NUG MOFA