လူပုံအလယ်မှာ ဖိနပ်နဲ့ ပစ်ပေါက်ခံရတာဟာ ပြသာနာအသေးအမွှား မဟုတ်ဘူးလို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ပြော
မေလ ၁၈ ရက်
အမေရိကန်နိုင်ငံကို ရောက်ရှိနေချိန် လူပုံအလယ်မှာ ဖိနပ်နဲ့ ပစ်ပေါက်ခံရတာဟာ ပြသာနာအသေးအမွှား မဟုတ်ဘူးလို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောဆိုလိုက်ပါတယ်။
မနေ့က မေလ (၁၇) ရက်နေ့မှာ Voluntary Youth Doctor Association (TYDA) အဖွဲ ကလူငယ်တွေနဲ့ တွေ့ဆုံချိန်မှာ အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။
“လူပုံအလယ်မှာ ဖိနပ်နဲ့ ပစ်ပေါက်တာက ပြသာနာအသေးအမွှား မဟုတ်ဘူး။ ဖိနပ် နဲ့ ပစ်ပေါက်မှုဟာ အကြမ်းဖက်မှုလား ဒါမှမဟုတ် လွတ်လပ်စွာထုတ်ဖော်ခွင့်လား ဆိုတဲ့အချက်ကို အမေရိကန် အစိုးရအလေးနက်ထားစဉ်းစားသင့်တယ်။
တစ်စုံတစ်ဦးကို ဖိနပ်နဲ့ပစ်ပေါက်လိုက်တာကို လွတ်လပ်စွာ ထုတ်ဖော် ခွင့်လိုသတ်မှတ်မယ်ဆိုရင် အမေရိကန်နဲ့ ကမ္ဘောဒီးယားနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်တွေဟာ ပရမ်းပတာဖြစ်ခွင့် ပေးလိုက်သလို ဖြစ်စေမယ်” လိုသူကကပြောဆိုလိုက်ပါတယ်။
အာဏာရှင် တစ်ဦးအဖြစ် သတ်မှတ် ခံရတဲ့ ဟွန်ဆန်း ဟာ ကမ္ဘောဒီးယားနိုင်ငံကို (၃၆) နှစ်ကြာ အုပ်စိုးနေခဲ့သူဖြစ်ပြီး အမေရိကန်-အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်ဖို့အတွက် ဝါရှင်တန် မြို့တော်ကို ရောက်ရှိနေချိန်မှာ ကမ္ဘောဒီးယား စစ်မှုထမ်းဟောင်း အုခ်တော့ချ်က လူပုံအလယ်မှာ ဖိနပ်နဲ့ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။
သူ့ကိုဖိနပ်နဲ့ပစ်ပေါက်ခဲ့တာနဲ့ ပတ်သက်ပြီး လူပုံအလယ်မှာ ဖိနပ်နဲ့ ပစ်ပေါက်တာဟာ အကြမ်းဖက်မှုလား ဒါမှမဟုတ် လွတ်လပ်စွာ ထုတ်ဖော်ခွင့်လားဆိုတဲ့ အချက်ကို အမေရိကန်အစိုးရတာဝန်ရှိသူတွေအနေနဲ့ စဉ်းစားစေလိုတယ်လို့ သူကပြောဆိုခဲ့ပါသေးတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်ကိုဖိနပ်နဲ့ပစ်ပေါက်ခဲ့သူ စစ်မှုထမ်းဟောင်း အုခ်တော့ချ်က “ကျွန်တော်က ဟွန်ဆမ်ကို ဖိနပ်နဲ့သာပစ်ပေါက်တာပါ။ ဟွန်ဆန်က ကမ္ဘောဒီးယားပြည်သူတွေ၊ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို လက်ပစ်ဗုံးတွေနဲ့ ပစ်သတ်ခဲ့သူပါ။ ဟွန်ဆမ်က အာဏာရှင်တစ်ဦးဖြစ်ပြီး ကျွန်တော့် ဆွေမျိုးတွေအပါအဝင် လူအများအပြားကို သတ်ဖြတ်ခဲ့ပါတယ်” လို့ ပြောဆိုထားပါတယ်။
Zawgyi