ၾကားသိသမွ်

NUG Bond ငွေတိုက်စာချုပ်ရောင်းချရေးကိုယ်စာလှယ်အဖြစ်မှနှုတ်ထွက်ကြောင်း မပန်ဆယ်လိုအသိပေး

NUG Bond ငွေတိုက်စာချုပ်ရောင်းချရေးကိုယ်စာလှယ်အဖြစ်မှနှုတ်ထွက်ကြောင်း မပန်ဆယ်လိုအသိပေး

ကျွန်မသည် NUG Bond စတင်ရောင်းချသည့် အချိန်မှစ ယနေ့ထိ လှုံ့ဆော်ခြင်း၊ လူကိုယ်တိုင် သွားရောက်ရောင်းချပေးခြင်းများကို

တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့တဲ့ Bond Agent တစ်ဦး ဖြစ်ပါတယ်။ ရောင်းချ၍ ရရှိငွေများအားလုံးကို တစ်ပြားတစ်ချပ်မကျန်

ပို့ဆောင်ပေးခဲ့ပါတယ်။ အဆင်မပြေမှုများ ကြုံတွေ့ရခြင်းအပေါ် ဖေ့စ်ဘုတ်ပေါ် တက်ရေးသည့် အပြုအမူများကိုလည်း ယနေ့အထိ

တစ်စွန်းတစ်စမှ ပြုလုပ်ခဲ့ခြင်း မရှိပါ။


MOPFI မှ ဝန်ထမ်းအချို့၏ Bond Agent များအပေါ် ကော်မရှင်စားနှစ်လုံးထီသမားများအား ဆက်ဆံသကဲ့သို့ ဆက်ဆံမှုများ၊ တာဝန်

ကင်းမဲ့မှုများကို MOPFI၏ ဝန်ကြီးထံ တိုင်ကြားခဲ့သော်လည်း ဝန်ကြီးကိုယ်တိုင်က သူတို့နှင့် သဘောတရားအတူတူဟု နားလည်

သဘောပေါက်ပြီ ဖြစ်ပါသည်။

ဒါ့ကြောင့် ယနေ့မှစ၍ Bond Agent အဖြစ်မှ နှုတ်ထွက်ပါတယ်။ လက်ခံပြီးသား သွားရောက်ရောင်းချမည့် ပွဲများအားလည်း ဖျက်သိမ်း

ကြောင်း အားနာစွာ အသိပေးအပ်ပါတယ်။

NUG နှင့် ကျွန်မနဲ့ကြား သွေးကွဲမှု တစုံတရာ မရှိပါ။ MOPFI နှင့်သာ သက်ဆိုင်သော ကိစ္စဖြစ်တာမို့ တော်လှန်ရေးနှင့် ပတ်သက်သော

ခံယူချက်နှင့် ရပ်တည်မှုက ပြောင်းလဲသွားစရာ ရှိမည် မဟုတ်ပါ။


ကျွန်မဘက်ကတော့ တတ်နိုင်စွမ်းထက်ပို၍ ကြိုးစားခဲ့ပါတယ်။ ကျွန်မရဲ့ ကြိုးစားမှုတွေဟာလည်း ဘာတန်ဖိုးမှ မရှိကြောင်း လက်ခံ

သဘောပေါက်ပြီ ဖြစ်သည့်အတွက် ကျွန်မဆက်လက်လုပ်ဆောင်မှာ မဟုတ်တော့ပါ။

တော်လှန်ရေးကိုပဲ မျက်နှာမူခဲ့ပါတယ်။ ဒါပေမယ့် စောက်ခွက်ရိုက်သလို ခံစားရပါတယ်။ ယနေ့အချိန်ထိ NUG အပေါ် တတ်နိုင်သမျှ ကူညီ

ဝန်းရံမှုမှတပါး ဖောင်းထုပြစ်တင်ခြင်း တစ်ခါမှ မရှိခဲ့တဲ့အတွက် ဒီပိုစ့်ဟာ ဘယ်လောက်သည်းမခံနိုင်ဖြစ်လာမှန်း နားလည်နိုင်ကြမယ် ထင်

ပါတယ်။ ဒီပိုစ့်အတွက်လည်း လိပ်ပြာလုံပါတယ်။

ကျွန်မထံမှ ဝယ်ယူထားပြီး Bond မရရှိသူသေးများကို အပြည့်အဝရရှိရန် တာဝန်ယူပါတယ်။ မရနိုင်တော့ရင် ကျွန်မပိုက်ဆံနဲ့ကျွန်မ အသစ်

ဝယ်ပြီး ပေးပို့ပေးပါ့မယ်။ ဒါသည် ပြည်သူ့ပိုက်ဆံကို လက်မှတ်ထိုးယူရောင်းချပေးခဲ့တဲ့ Bond Agent တစ်ယောက်ရဲ့ တာဝန်ယူမှု ဖြစ်ပါ

တယ်။

NUG Bond Agent အများအပြားရှိပါတယ်။ သူတို့ထံမှတဆင့်သာ ဆက်သွယ်ဝယ်ယူကြပါရန် တိုက်တွန်းအပ်ပါတယ်။

crd;ပန်ဆယ်လို