ၾကားသိသမွ်

စေတီမထိစေဖို့ အဓိဌာန်ဝင်ပြီး ဘုရားဝင်းထဲက အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ဗုံးကြဲစစ်တပ်အပေါ် တည့်တည့်ကျ (ရုပ်သံ)

ဘုရားဝင်းထဲက အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ဗုံးကြဲ၊‌ စေတီမထိစေဖို့ အဓိဌာန်ဝင်ခဲ့ရပြီး စစ်တပ်အပေါ် ဗုံးတည့်တည့်ကျ (ရုပ်သံ)

လူငယ့်ခေတ်

မေ ၁၇

ဘုရားစေတီဝင်းအတွင်း တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို အမြင့်ပေနှစ်ထောင်ကနေ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တဲ့ ရုပ်သံမှတ်တန်းကို ဒီကနေ့ မေလ၁၇ရက်နေ့မှာ Federal Wings တပ်ဖွဲ့က​ ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။

Federal Wings ရဲ့ စစ်ဆင်ရေးတွေထဲမှာ အတော်ခက်ခဲတဲ့တစ်ခုဖြစ်ခဲ့ပြီး ပစ်မှတ်ကိုအတိအကျထိတာဟာ Federal Wings Pilot တွေရဲ့ လေ့ကျင့်သားပြည့်ဝကျွမ်းကျင်မှုတွေလည်းပါသလို အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ အပြစ်မဲ့ပြည်သူတွေကို နှိပ်စက်ထားတဲ့ အကုသိုလ်အကျိုးပေးတာတွေလည်း ပါတယ်လို့ Federal Wings တပ်ဖွဲ့က​ဆိုပါတယ်။

စေတီဝင်းအတွင်း စစ်တပ်က တပ်စွဲထားသည့်အတွက် သာသနိက အဆောက်အဦကို မထိခိုက်စေရန် စစ်ဆင်ရေးဦးဆောင်သူက “စေတီကို မထိခိုက်ပါစေနဲ့၊

ထိခိုက်ခဲ့ရင်လည်း လွတ်လပ်ရေးရတဲ့အခါ ပြန်တည်ပါ့မယ် ဘုရား”ဟု ဆုတောင်း အဓိဌာန်ဝင်ခဲ့တယ်လို့လည်း ရေးသားထုတ်ပြန်ထားပါတယ်။

Federal Wings တပ်ဖွဲ့ဟာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ အကြမ်းဖက်စစ်ကောင်စီကို လေကြောင်းကနေ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

Video-FederalWings