အလုံတွင် (၄)နှစ်အရွယ် မူကြိုကလေးငယ်အား ဖမ်းဆီးခေါ်ဆောင်ရာတွင်ဦးဆောင်သူအုပ်ကြီး ယနေ့ အသတ်ခံရ
ရဲခေါင်/People’s Spring
ရန်ကုန်မြို့ အလုံမြို့နယ်တွင် (၄)နှစ်အရွယ် မူကြိုကလေးငယ်အား ဖမ်းဆီးခေါ်ဆောင်ရာတွင်ဦးဆောင်သူ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ယနေ့ ပစ်သတ်ခံရကြောင်း ဒေသခံများက People’s Springသို့ ပြောသည်။
ယနေ့(မေ ၁၇ ရက်) ညနေ ၄နာရီတွင် ဆင်မင်းစျေးအနောက်ဖက်၊ သိပ္ပံလမ်းတွင် ဆင်မင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဦးလှမိုးမှာ သေနတ်ဖြင့် ခြောက်ချက်ခန့် ပစ်သတ်ခံခဲ့ရသည်ဟု ဆိုသည်။
“တကယ့်ကို သတ်ရမယ့် စစ်ကောင်စီရဲ့ခွေးပါ။ပြီးခဲ့တဲ့လက နာမည်ကြီးသွားတဲ့ စက်တွင်းလမ်းထဲက မူကြိုကျောင်းက ကလေးလေးကို ဝင်ဖမ်းတာ သူဦးဆောင်တာ”ဟု ဆင်မင်းရပ်ကွက်နေပြည်သူတစ်ဦးက ရှင်းပြသည်။
အုပ်ချုပ်ရေးမှူးလှမိုးသည် ဝဲရင်အုံ၊ ဝမ်းဗိုက်၊ ဝဲလက်မောင်းထိမှန်ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်။
ဧပြီ ၅ ရက်က အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်းအတွင်း ဖွင့်ထားသည့် BC အမည်ရှိ မူကြိုကို DC တစ်စီး၊ အိမ်စီးကားတစ်စီး၊ ရဲကားတစ်စီးနှင့် အရပ်ဝတ်များ ရဲယူနီ ဖောင်းများဖြင့် လာရောက်ကာ ကလေးငယ်ကို ခေါ်ဆောင်သွားခဲ့သည်။
ဖမ်းဆီးခံရသည့် ကလေးငယ်၏ မိဘများမှာ PDF ထောက်ပံ့နေသူများဟု စစ်ကောင်စီက မတရားစွပ်စွဲကာ ကလေးငယ်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ခြင်းလည်းဖြစ်သည်။
(သတ်ခံရသူ လှမိုးကြောင့် စစ်ကောင်စီ၏ဖမ်းဆီခံခဲ့ရသော ကလေးငယ်အား မိခင်နှင့်အတူ တွေ့ရစဥ်)