ၾကားသိသမွ်

စစ်ကောင်စီက CDM အခြေခံပညာဝန်ထမ်းများကို ပြန်ခေါ်နေမှု Non CDM အသိုင်းအဝိုင်းအတွင်း ဝေဖန်မှုမြင့်တက်

စစ်ကောင်စီက CDM အခြေခံပညာဝန်ထမ်းများကို ပြန်ခေါ်နေမှု Non CDM အသိုင်းအဝိုင်းအတွင်း ဝေဖန်မှုမြင့်တက်

ဟိန်းစံ/ဧရာဝတီတိုင်းမ်

မေလ ၁၇ ရက်

စစ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု – CDM တွင်ပါဝင်၍ တာဝန်ထမ်းဆောင်ရန် ငြင်းဆန်ထားသော အခြေခံပညာရေးဌာနဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများကို လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လိုပါက မူလရာထူးတာဝန်များအတိုင်း ပြန်လည်ခန့်အပ်မည်ဟု စစ်ကောင်စီက ယမန်နေ့ မေလ ၁၆ ရက်စွဲဖြင့်ထုတ် ပြန်သည်။


CDM ဝန်ထမ်းများတွင် CDM ပြုလုပ်ထားပြီး ကြီးလေးသောရာဇဝတ်မှုကျူးလွန်သူမှအပ ပြန်လည်လက်ခံမည်ဖြစ်ပြီး CDM ပြုလုပ်ထားသည့်ကာလများအတွက် လစာမဲ့ခွင့်အဖြစ် သတ်မှတ်ပေးမည်ဖြစ်ကာ မေလ ၃၁ ရက်နေ့နောက်ဆုံးထား၍ နီးစပ်ရာစစ်ကောင်စီလက်အောက်ခံ ပညာရေးဌာန၊ ပညာရေးမှူးရုံးများတွင် အယူခံလွှာ တင်ပြနိုင်သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီ၏ပြန်လည်ခေါ်ယူမှုနှင့်ပတ်သတ်၍ ပြန်လည်ဝင်ရောက်ရန်မရှိကြောင်း CDM အခြေခံပညာဏရေးဌာနမှ
ဝန်ထမ်းတဦးက ပြောသည်။

“စစ်ကောင်စီက အဲ့ဒီလိုပြန်ခေါ်တာကို အရင်ထဲကမယုံတာ။ အခုပိုဆိုးတာပေါ့။ ပြန်ဝင်ဖို့လည်းစိတ်ကူးမရှိဘူး။ အဆုံးထိ CDM ပဲ။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် CDM လုပ်တာ။ CDM Support ဆိုပြီးလည်း အခုချိန်ထိ NUG အပါ အဝင် ဘယ်အဖွဲ့အစည်းဆီကမှ မရဖူးဘူး။ ဒါပေမယ့် စစ်အာဏာရှင်လက်အောက်မှာတော့ လုပ်ချင်စိတ်မရှိဘူး။ ဘယ်လိုခေါ်ခေါ်ပြန်မဝင်ဘူး။ ကိုယ့်အစိုးရပြန်တက်မှ ပြန်ဝင်ချင်ဝင်မယ်”ဟု ဖယ်ခုံမြို့နယ်အတွင်းက CDM ဆရာမတဦးက ဧရာဝတီတိုင်းမ်က်ု ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ်အတွင်း စစ်ကောင်စီကပြန်လည်ခေါ်ယူ၍ CDM ပြုလုပ်ပြီးမှ Non – CDM အဖြစ်ပြန်လည်ဝင်ရောက်သွားသည့် ပညာရေးဝန်ထမ်းများသည်လည်း လုပ်ငန်းခွင်အတွင်း ဝန်ထမ်း အချင်းချင်း အဆင်မပြေမှုများ၊ စောင့်ကြည့်ခံရမှုများရှိနေကြောင်း ၄င်းက ဆက် လက်ပြောဆိုသည်။

စစ်ကောင်စီ၏ CDM ဝန်ထမ်းများပြန်လည်ခေါ်ယူမှုအပေါ် စစ်ကောင်စီလက်အောက်ခံ အခြေခံပညာရေးဌာနအသိုင်းအဝိုင်းတွင်လည်း ဝေဖန်မှုများ မြင့်တက်နေကြောင်း သိရသည်။

“အဲ့ဒီလိုပြန်ခေါ်တော့ အခု Non CDM တွေနဲ့ CDM တွေနဲ့ တွေ့ကြပြီ။ ဒီဘက်က အသစ်ခန့်ထားတဲ့သူတွေကလည်း သင်တန်းလေးတလလောက်တက်ပြီး ဆရာမဖြစ်လာတာ။ သူတို့ကလည်း တအုပ်စု၊ နောက်ပြီး CDN တွေထဲက ဖရဲသီးတွေဘာတွေအများကြီး ပါလာဦးမှာ။

နဂိုထဲကမှ အုပ်စုတွေကအစိတ်စိတ်ကွဲနေတာ”ဟု မကွေးတိုင်းအတွင်း တာဝန်ထမ်းဆောင်ဆဲ စစ်ကောင်စီ လက်အောက်ခံပညာရေးဝန်ထမ်းတဦးက ဝေဖန်ပြောဆိုသည်။

လက်ရှိတွင် အချို့ CDM ဝန်ထမ်းများ အဆင်မပြေမှုများနှင့် ခက်ခဲစွာရပ်တည်နေရသည့်အခြေအနေ အပေါ် စစ်ကောင်စီက အသုံးချခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ပြောဆိုသည်။

“အခုက NUG ဘက်ကလည်း CDM Support ကို သေချာလုပ်ပေးနိုင်တာမျိုးမရှိတော့ CDM လုပ်ပြီး တချို့တွေက အဆင်မပြေကြဘူး။ အဲ့ဒီလိုမျိုး အချက်အလက်တွေကိုလည်း စစ်တပ်ကပြန်ရပါလိမ့်မယ်။ အဲ့ဒါကြောင့် သူ့ဘက်ကိုပြန်ပါနိုင်မလားဆိုပြီး Surrender
(လက်နက်ချ) လုပ်ခိုင်းတာ။ အလုပ်ဖြစ်မယ်လို့တော့ သိပ်မထင်ဘူး။ စစ်တပ်ကိုဘယ်သူမှ မယုံဘူး။ ဒီစစ်အာဏာရှင် ပညာရေးစနစ်ကိုလည်း မယုံကြည်ကြဘူး”ဟု ဧရာဝတီတိုင်းအတွင်းက နိုင်ငံရေးစောင့်ကြည့်သူတဦးက သုံးသပ်ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်သွားသည့် အခြေခံပညာဝန်ထမ်း သိန်းနှင့်ချီရှိနေပြီး စစ်ကောင်စီဘက်က ၄င်းတို့ထောက်ခံသည့်အသိုင်းအဝိုင်းမှ အသစ်လျှောက်ထားသူများနှင့် သင်ကြားရေးပိုင်းကို အစားထိုးခန့်အပ်ထားမှုများလည်း ပြုလုပ်ထားသည်။

စစ်ကောင်စီက လာမည့် ၂၀၂၂ -၂၃ ပညာသင်နှစ်အတွက်စာသင်ကျောင်းများအားလုံးကို ဇွန်လ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ထုတ်ပြန်ကြေငြာထားသည်။


ဓာတ်ပုံ – မကွေးတိုင်းအတွင်း စစ်ကောင်စီလက် အောက်ခံပညာရေးဝန်ထမ်းများ။(ပုံဟောင်း)

Zawgyi

စစ္ေကာင္စီက CDM အေျခခံပညာဝန္ထမ္းမ်ားကို ျပန္ေခၚေနမႈ Non CDM အသိုင္းအဝိုင္းအတြင္း ေဝဖန္မႈျမင့္တက္

ဟိန္းစံ/ဧရာဝတီတိုင္းမ္
ေမလ ၁၇ ရက္

စစ္အာဏာသိမ္းၿပီးေနာက္ အၾကမ္းမဖက္ အာဏာဖီဆန္ေရးလႈပ္ရွားမႈ – CDM တြင္ပါဝင္၍ တာဝန္ထမ္းေဆာင္ရန္ ျငင္းဆန္ထားေသာ အေျခခံပညာေရးဌာနဝန္ထမ္း ေက်ာင္းဆရာ၊ ဆရာမမ်ားကို လုပ္ငန္းခြင္သို႔ ျပန္လည္ဝင္ေရာက္လိုပါက မူလရာထူးတာဝန္မ်ားအတိုင္း ျပန္လည္ခန္႔အပ္မည္ဟု စစ္ေကာင္စီက ယမန္ေန႔ ေမလ ၁၆ ရက္စြဲျဖင့္ထုတ္ ျပန္သည္။

CDM ဝန္ထမ္းမ်ားတြင္ CDM ျပဳလုပ္ထားၿပီး ႀကီးေလးေသာရာဇဝတ္မႈက်ဴးလြန္သူမွအပ ျပန္လည္လက္ခံမည္ျဖစ္ၿပီး CDM ျပဳလုပ္ထားသည့္ကာလမ်ားအတြက္ လစာမဲ့ခြင့္အျဖစ္ သတ္မွတ္ေပးမည္ျဖစ္ကာ ေမလ ၃၁ ရက္ေန႔ေနာက္ဆုံးထား၍ နီးစပ္ရာစစ္ေကာင္စီလက္ေအာက္ခံ ပညာေရးဌာန၊ ပညာေရးမႉး႐ုံးမ်ားတြင္ အယူခံလႊာ တင္ျပနိုင္သည္ဟု ဆိုသည္။

အဆိုပါ စစ္ေကာင္စီ၏ျပန္လည္ေခၚယူမႈႏွင့္ပတ္သတ္၍ ျပန္လည္ဝင္ေရာက္ရန္မရွိေၾကာင္း CDM အေျခခံပညာဏေရးဌာနမွ
ဝန္ထမ္းတဦးက ေျပာသည္။

“စစ္ေကာင္စီက အဲ့ဒီလိုျပန္ေခၚတာကို အရင္ထဲကမယုံတာ။ အခုပိုဆိုးတာေပါ့။ ျပန္ဝင္ဖို႔လည္းစိတ္ကူးမရွိဘူး။ အဆုံးထိ CDM ပဲ။ ကိုယ့္ယုံၾကည္ခ်က္နဲ႔ကိုယ္ CDM လုပ္တာ။ CDM Support ဆိုၿပီးလည္း အခုခ်ိန္ထိ NUG အပါ အဝင္ ဘယ္အဖြဲ႕အစည္းဆီကမွ မရဖူးဘူး။

ဒါေပမယ့္ စစ္အာဏာရွင္လက္ေအာက္မွာေတာ့ လုပ္ခ်င္စိတ္မရွိဘူး။ ဘယ္လိုေခၚေခၚျပန္မဝင္ဘူး။ ကိုယ့္အစိုးရျပန္တက္မွ ျပန္ဝင္ခ်င္ဝင္မယ္”ဟု ဖယ္ခုံၿမိဳ႕နယ္အတြင္းက CDM ဆရာမတဦးက ဧရာဝတီတိုင္းမ္က္ု ေျပာသည္။

ထို႔အျပင္ ၿပီးခဲ့သည့္ႏွစ္အတြင္း စစ္ေကာင္စီကျပန္လည္ေခၚယူ၍ CDM ျပဳလုပ္ၿပီးမွ Non – CDM အျဖစ္ျပန္လည္ဝင္ေရာက္သြားသည့္ ပညာေရးဝန္ထမ္းမ်ားသည္လည္း လုပ္ငန္းခြင္အတြင္း ဝန္ထမ္း အခ်င္းခ်င္း အဆင္မေျပမႈမ်ား၊ ေစာင့္ၾကည့္ခံရမႈမ်ားရွိေနေၾကာင္း ၄င္းက ဆက္ လက္ေျပာဆိုသည္။

စစ္ေကာင္စီ၏ CDM ဝန္ထမ္းမ်ားျပန္လည္ေခၚယူမႈအေပၚ စစ္ေကာင္စီလက္ေအာက္ခံ အေျခခံပညာေရးဌာနအသိုင္းအဝိုင္းတြင္လည္း ေဝဖန္မႈမ်ား ျမင့္တက္ေနေၾကာင္း သိရသည္။

“အဲ့ဒီလိုျပန္ေခၚေတာ့ အခု Non CDM ေတြနဲ႔ CDM ေတြနဲ႔ ေတြ႕ၾကၿပီ။ ဒီဘက္က အသစ္ခန္႔ထားတဲ့သူေတြကလည္း သင္တန္းေလးတလေလာက္တက္ၿပီး ဆရာမျဖစ္လာတာ။ သူတို႔ကလည္း တအုပ္စု၊ ေနာက္ၿပီး CDN ေတြထဲက ဖရဲသီးေတြဘာေတြအမ်ားႀကီး ပါလာဦးမွာ။ နဂိုထဲကမွ အုပ္စုေတြကအစိတ္စိတ္ကြဲေနတာ”ဟု မေကြးတိုင္းအတြင္း တာဝန္ထမ္းေဆာင္ဆဲ စစ္ေကာင္စီ လက္ေအာက္ခံပညာေရးဝန္ထမ္းတဦးက ေဝဖန္ေျပာဆိုသည္။

လက္ရွိတြင္ အခ်ိဳ႕ CDM ဝန္ထမ္းမ်ား အဆင္မေျပမႈမ်ားႏွင့္ ခက္ခဲစြာရပ္တည္ေနရသည့္အေျခအေန အေပၚ စစ္ေကာင္စီက အသုံးခ်ျခင္းျဖစ္ေၾကာင္း နိုင္ငံေရးေလ့လာသုံးသပ္သူတဦးက ေျပာဆိုသည္။

“အခုက NUG ဘက္ကလည္း CDM Support ကို ေသခ်ာလုပ္ေပးနိုင္တာမ်ိဳးမရွိေတာ့ CDM လုပ္ၿပီး တခ်ိဳ႕ေတြက အဆင္မေျပၾကဘူး။ အဲ့ဒီလိုမ်ိဳး အခ်က္အလက္ေတြကိုလည္း စစ္တပ္ကျပန္ရပါလိမ့္မယ္။ အဲ့ဒါေၾကာင့္ သူ႔ဘက္ကိုျပန္ပါနိုင္မလားဆိုၿပီး Surrender
(လက္နက္ခ်) လုပ္ခိုင္းတာ။ အလုပ္ျဖစ္မယ္လို႔ေတာ့ သိပ္မထင္ဘူး။ စစ္တပ္ကိုဘယ္သူမွ မယုံဘူး။ ဒီစစ္အာဏာရွင္ ပညာေရးစနစ္ကိုလည္း မယုံၾကည္ၾကဘူး”ဟု ဧရာဝတီတိုင္းအတြင္းက နိုင္ငံေရးေစာင့္ၾကည့္သူတဦးက သုံးသပ္ေျပာဆိုသည္။

စစ္အာဏာသိမ္းၿပီးေနာက္ CDM ျပဳလုပ္သြားသည့္ အေျခခံပညာဝန္ထမ္း သိန္းႏွင့္ခ်ီရွိေနၿပီး စစ္ေကာင္စီဘက္က ၄င္းတို႔ေထာက္ခံသည့္အသိုင္းအဝိုင္းမွ အသစ္ေလၽွာက္ထားသူမ်ားႏွင့္ သင္ၾကားေရးပိုင္းကို အစားထိုးခန္႔အပ္ထားမႈမ်ားလည္း ျပဳလုပ္ထားသည္။

စစ္ေကာင္စီက လာမည့္ ၂၀၂၂ -၂၃ ပညာသင္ႏွစ္အတြက္စာသင္ေက်ာင္းမ်ားအားလုံးကို ဇြန္လ ၂ ရက္ေန႔တြင္ ျပန္လည္ဖြင့္လွစ္မည္ဟု ထုတ္ျပန္ေၾကျငာထားသည္။

ဓာတ္ပုံ – မေကြးတိုင္းအတြင္း စစ္ေကာင္စီလက္ ေအာက္ခံပညာေရးဝန္ထမ္းမ်ား။(ပုံေဟာင္း)