ၾကားသိသမွ်

🌧🌧🌧မေလ ၁၇ရက်မှ ၂၂ရက်နေ့အတွင်း တပတ်စာမိုးလေဝသခန့်မှန်းချက်များ⛈⛈⛈

မေလ ၁၇ရက်မှ ၂၂ရက်နေ့အတွင်း တပတ်စာမိုးလေဝသခန့်မှန်းချက်များ

🌧🌧🌧မုတ်သုန်လေဦး ⛈⛈⛈

မုတ္တမပင်လယ်ကွေ့ကို မုတ်သုန်လေဦးတိုးဝင်ရောက်ရှိလာနေပြီဖြစ်ပါသည်။

မေလ ၂၀ရက်နေ့မှ ၂၃ရက်နေ့အထိ မုတ်သုန်လေအားအလွန်ကောင်းနိုင်ပါသည်။ မေလ၁၇ရက်နေ့မှ ၂၃ရက်နေ့အတွင်း ဧရာဝတီတိုင်း

ရန်ကုန်တိုင်း ပဲခူးတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်များ၌ မိုးများစွာရွာသွန်းနိုင်ပြီး မေလ ၂၁ရက်နေ့ ၂၂ရက်နေ့ ၂၃ရက်နေ့များတွင်

မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ပဲခူးတိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်း ဒေသတွေမှာ မိုးအလွန်ကြီးနိုင်ပြီး ရေကြီး

ရေလျှံမှုတွေဖြစ်ပေါ်နိုင်သဖြင့် အထူးသတိထားသင့်ပါသည်။


ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့တွင် မေလ ၁၉ရက်နှင့် ၂၀ရက်နေ့များမှာ မိုးအလွန်ကြီးနိုင်ပြီး မိုးရေချိန် ၂လက်ခန့် ရွာသွန်းနိုင်ပါသည်။

ကမ်းရိုးတန်းဒေသများတွင် မေလ ၂၀ရက်နေ့၌ လေတိုက်နှုန်း တစ်နာရီလျှင် ၆၀-၇၀ကီလိုမီတာ နှုန်းဖြင့် တိုက်ခတ်နိုင်ပါသည်။ မေလ

၂၁ရက်နှင့် ၂၂ရက်နေ့များတွင် နေ့အပူချိန် လျော့ကျနိုင်ကာ မိုးအေးနိုင်ပါသည်။

မကွေးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးထဲမှ ပြည်ခရိုင်၊ သရက်ခရိုင်၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ ပခုက္ကူခရိုင်၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်

ဒေသများ၌ မေလ ၂၀နှင့် ၂၁ရက်နေ့များတွင် မိုးများစွာရွာသွန်းနိုင်ပါသည်။ မေလ ၁၇ရက်နှင့် ၁၈ရက်နေ့များ၌ ရာသီဥတု သာယာနိုင်

ပါသည်။ မကွေးတိုင်း ဧရာဝတီမြစ်အနောက်ပိုင်းရှိ မြစ်ချောင်းရေများ တက်လာနိုင်သဖြင့် အထူးသတိပြုဖို့ လိုအပ်ပါသည်။


မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မေလ ၂၀ရက်မှ ၂၃ရက်နေ့အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသည်။

အထူးသဖြင့် မွန်နှင့် ကရင်ပြည်နယ်တို့တွင် တစ်ရက်ကို မိုးရေချိန် ၂လက်မအထက် ရွာသွန်းနိုင်ကာ မိုးကြီးလေထန်နိုင်ပါသည်။

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးထဲမှ သံတွဲ၊ ငပလီ၊ ကျိန္တလိ၊ ချောင်းသာ၊ ငွေဆောင်၊ ငရုတ်ကောင်း၊ ဂေါ်ရင်ဂျီကျွန်း၊ မော်တင်၊

ဟိုင်းကြီး၊ လပွတ္တာ၊ ငပုတော၊ ပုသိမ်၊ အိမ်မဲ၊ မြောင်းမြ၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ရေကြည်၊ အသုတ်၊ ငသိုင်းချောင်း၊ အိုင်သပြု၊

လေးမျက်နှာ၊ ထိန်ငူ၊ မြို့ကွင်း၊ ကွင်းကောက်၊ အင်္ဂပူ ဘက်ရဲ မမြဆည် ကညင်ဆည် နန်ကသူဆည် မေလ ၂၀ရက်နေ့တွင် မိုးများစွာရွာသွန်း

နိုင်ပါတယ်။ ရေကြီးရေလျှံသည်အထိ ဖြစ်နိုင်ပါသည်။

ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မေလ ၂၁နှင့် ၂၂ရက်နေ့များမှာ မိုးရွာသွန်းနိုင်ပါသည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မေလ ၁၇ရက်၌ မိုးရွာသွန်းနိုင်ပြီး နောက်ရက်များမှာတော့ မိုးရွာသွန်းမှုလျော့ကျသွားကာ နေသာ

နိုင်ပါသည်။

Source- Weather Impact and Su Su San

မေလ ၁၇ရက်မှ ၂၂ရက်နေ့အတွင်း တပတ်စာမိုးလေဝသခန့်မှန်းချက်များ

🌧🌧🌧မုတ်သုန်လေဦး ⛈⛈⛈

မုတ္တမပင်လယ်ကွေ့ကို မုတ်သုန်လေဦးတိုးဝင်ရောက်ရှိလာနေပြီဖြစ်ပါသည်။ မေလ ၂၀ရက်နေ့မှ ၂၃ရက်နေ့အထိ မုတ်သုန်လေအားအလွန်ကောင်းနိုင်ပါသည်။ မေလ၁၇ရက်နေ့မှ ၂၃ရက်နေ့အတွင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်များ၌ မိုးများစွာရွာသွန်းနိုင်ပြီး မေလ ၂၁ရက်နေ့ ၂၂ရက်နေ့ ၂၃ရက်နေ့များတွင် မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ပဲခူးတိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်း ဒေသတွေမှာ မိုးအလွန်ကြီးနိုင်ပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်သဖြင့် အထူးသတိထားသင့်ပါသည်။

ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့တွင် မေလ ၁၉ရက်နှင့် ၂၀ရက်နေ့များမှာ မိုးအလွန်ကြီးနိုင်ပြီး မိုးရေချိန် ၂လက်ခန့် ရွာသွန်းနိုင်ပါသည်။ ကမ်းရိုးတန်းဒေသများတွင် မေလ ၂၀ရက်နေ့၌ လေတိုက်နှုန်း တစ်နာရီလျှင် ၆၀-၇၀ကီလိုမီတာ နှုန်းဖြင့် တိုက်ခတ်နိုင်ပါသည်။ မေလ ၂၁ရက်နှင့် ၂၂ရက်နေ့များတွင် နေ့အပူချိန် လျော့ကျနိုင်ကာ မိုးအေးနိုင်ပါသည်။

မကွေးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးထဲမှ ပြည်ခရိုင်၊ သရက်ခရိုင်၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ ပခုက္ကူခရိုင်၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင် ဒေသများ၌ မေလ ၂၀နှင့် ၂၁ရက်နေ့များတွင် မိုးများစွာရွာသွန်းနိုင်ပါသည်။ မေလ ၁၇ရက်နှင့် ၁၈ရက်နေ့များ၌ ရာသီဥတု သာယာနိုင်ပါသည်။ မကွေးတိုင်း ဧရာဝတီမြစ်အနောက်ပိုင်းရှိ မြစ်ချောင်းရေများ တက်လာနိုင်သဖြင့် အထူးသတိပြုဖို့ လိုအပ်ပါသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မေလ ၂၀ရက်မှ ၂၃ရက်နေ့အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသည်။

အထူးသဖြင့် မွန်နှင့် ကရင်ပြည်နယ်တို့တွင် တစ်ရက်ကို မိုးရေချိန် ၂လက်မအထက် ရွာသွန်းနိုင်ကာ မိုးကြီးလေထန်နိုင်ပါသည်။

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးထဲမှ သံတွဲ၊ ငပလီ၊ ကျိန္တလိ၊ ချောင်းသာ၊ ငွေဆောင်၊ ငရုတ်ကောင်း၊ ဂေါ်ရင်ဂျီကျွန်း၊ မော်တင်၊ ဟိုင်းကြီး၊ လပွတ္တာ၊ ငပုတော၊ ပုသိမ်၊ အိမ်မဲ၊ မြောင်းမြ၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ရေကြည်၊ အသုတ်၊ ငသိုင်းချောင်း၊ အိုင်သပြု၊ လေးမျက်နှာ၊ ထိန်ငူ၊ မြို့ကွင်း၊ ကွင်းကောက်၊ အင်္ဂပူ ဘက်ရဲ မမြဆည် ကညင်ဆည် နန်ကသူဆည် မေလ ၂၀ရက်နေ့တွင် မိုးများစွာရွာသွန်းနိုင်ပါတယ်။ ရေကြီးရေလျှံသည်အထိ ဖြစ်နိုင်ပါသည်။

ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မေလ ၂၁နှင့် ၂၂ရက်နေ့များမှာ မိုးရွာသွန်းနိုင်ပါသည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မေလ ၁၇ရက်၌ မိုးရွာသွန်းနိုင်ပြီး နောက်ရက်များမှာတော့ မိုးရွာသွန်းမှုလျော့ကျသွားကာ နေသာနိုင်ပါသည်။

Source- Weather Impact and Su Su San