ၾကားသိသမွ်

စစ်တပ်ကမီ း ရှို့သည့်သက်သေအထောက်အထားများစွာ ရှိသော်လည်း PDFလက်ချက်ဟု ဗျောင်လိမ်လည်

ဆောင်နန်းခဲရွာကို စစ်တပ်ကမီးရှို့သည့်သက်သေအထောက်အထားများစွာ ရှိသော်လည်း PDFလက်ချက် ဗျောင်လိမ်လည်၊ ရွာအဝင်ရေကြောင်းလမ်းကိုလည်း စစ်တပ် ဖြတ်တောက်ထား

မဲခေါင်၊ မေ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်နှင့် ဖယ်ခုံမြို့နယ်ကြားဆက်စပ်နေသည့် ဆောင်နန်းခဲရွာကို အာဏာသိမ်းစစ်တပ်မှ မီးရှို့သည့် လူနှင့် မှတ်တမ်းသက်သေ အထောက်အထားများစွာ ရှိသော်လည်း PDFက မီးရှို့ကြောင်း စစ်ကောင်စီ၏ ယနေ့ထုတ်သတင်းစာများက လိမ်လည်ဝါဒဖြန့် ရေးသားထားသည်။

ဆောင်နန်းခဲကျေးရွာကို PDFများကို ခိုအောင်းခွင့်ပေးသည်ဟူသည့် အကြောင်းပြချက်ဖြင့် စစ်တပ်နှင့် PNOပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးပြီး ယမန်နေ့၊ ညနေ ၅နာရီဝန်းကျင်အချိန်ခန့်က ရွာလုံးကျွတ်မီးတင်ရှို့ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သည့် ဒေသခံများစွာက မဲခေါင်သတင်းဌာနကို မေလ ၁၆ရက် ညနေပိုင်းက ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် မြဝတီ၊ မြန်မာ့အလင်း၊ ကြေးမုံ၊ ရတနာပုံသတင်းစာများတွင်မူ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များကို PDFများက ဟိုတိန်းတောင်ကျေးရွာဘက်ကနေ လှေများဖြင့် လာရောက်ကာ ဆောင်နန်းခဲရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားသည်ဟု လိမ်လည်ရေးသားဖော်ပြထားသည်။

“တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ စစ်ကြောင်းထိုးပြီးတော့ကို မီးဝင်ရှို့သွားတာ။ မရှို့ခင် အိမ်တွေကို ဝင်မွှေပြီး ရတာအကုန်ခိုးသေးတယ်။ သူတို့ကိုရွာသားတော်တော်များများ မျက်မြင်တွေ့လိုက်ကြတာကို PDFလက်ချက်လို့ ဝါဒမှိုင်းဖြန့်တာက တော်တော်အရှက်မရှိတာပေါ့။ ‌မီးမရှို့ခင်ညကတည်းက အင်အား ၄၀လောက်ရှိတဲ့ စခ၄၀ကျော်က ရွာနားက တောင်ကုန်း‌မှာရောက်နေပြီ”ဟု ဖယ်ခုံPDFတပ်ရင်း(၂)မှ ရဲဘော်တစ်ဦးက ပြောသည်။

အလားတူ စစ်ကောင်စီတပ်မှ မေလ ၁၆ရက်၊ ညနေပိုင်းမှစတင်ပြီး ဆောင်နန်းခဲရွာသို့ ဝင်ထွက်သွားလာသည့် ရေလမ်းကြောင်းအား ဖြတ်တောက်ထားပြီး သေနတ်များ ဆက်တိုက်ပစ်ဖောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဒေသတွင် မေလ ၁၃ရက်မှ စတင်၍ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်က လေယာဉ်၊ ဟယ်လီကော်ပတာများဖြင့် ပစ်ခတ်ပြီး ဆက်တိုက်ထိုးစစ်ဆင်နေကြောင်းနှင့် စစ်ကောင်စီ၏ ထိုးစစ်ကို ခုခံတိုက်ခိုက်ရင်း မေလ ၁၅ရက်က CDMယာဉ်ထိန်းရဲဝန်ထမ်းဖြစ်သူ ၁၀၀၈ တပ်ရင်း၏ စခန်းမှူးချစ်ကောင်း ကျဆုံးခဲ့ရကြောင်း သိရသည်။

ထို့အပြင် ယင်း‌ဒေသအနီးတဝိုက်၌ မေလ ၁၃ရက်မှစတင်ပြီး ဖုန်းလိုင်းများ ပြတ်တောက်လျက်ရှိပြီး တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေဖြင့် နေအိမ်မှစွန့်ခွာရပါက ချက်ချင်းထွက်ခွာနိုင်ရန် အဆင်သင့်ပြင်ဆင်ထားကြစေလိုကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ – ၁၀၀၈ တပ်ရင်း နှင့် Inle PDF ကင်းထောက်အဖွဲ့(ဖယ်ခုံအင်း အရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲရွာ မီးရှို့ခံရသည့် ကောင်းကင်ဓာတ်ပုံ)