” မြန်မာနိုင်ငံခြားရေးဝန်ကြီးလို့ အသိအမှတ်ပြုခံလိုက်ရတဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ ကမ္ဘာကျော်သတင်း ”
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ” မြန်မာ နိုင်ငံခြားရေးဝန်ကြီး ” လို့ သုံးနှုံးပြီး တလေးတစား ခမ်းခမ်းနားနားနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ် ။
သိကြတဲ့အတိုင်းပါပဲ ။ အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲအတွက် အာဆီယံ ၈ နိုင်ငံက ခေါင်းဆောင်တွေ အမေရိကကို ရောက်နေချိန်မှာ NUG နိုင်ငံခြားရေးဝန်ကြီးလည်း ရောက်လာခဲ့ပါတယ် ။ နိုင်ငံကိုယ်စားပြု အထူးဧည့်သည်တော်တစ်ယောက်လို လုံခြုံရေးပေးပြီး ၊
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်းနဲ့ တရားဝင် ၊ နိုင်ငံတကာသိ တွေ့ဆုံခဲ့ပြီး မှတ်တမ်းဓာတ်ပုံတွေလည်း နိုင်ငံတကာ သတင်းဌာနတွေပေါ်မှာ ပလူပျံနေခဲ့ပါတယ် ။ South China Morning Post သတင်းဌာနကလည်း ဒီသတင်းကို အကျယ်တဝင့် အသိပေးထားပါတယ် ။
အမေရိကန် နိုင်ငံခြားရေးဌာနက ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ် က
” မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု့တွေကို ခါးစည်းခံနေရတဲ့ မြန်မာပြည်သူလူထုအတွက် အမေရိကန်ရဲ့ ခိုင်မာတဲ့ ထောက်ခံကူညီမှု့ကို အလေးပေးပြီး ၊ မြန်မာ့ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် ဆက်လက်ပံ့ပိုးပေးသွားမှာပါ ”
လို့ ပြောလိုက်ပါတယ် ။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ စနေနေ့က မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗဒူလာနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ် ။ ဝါရှင်တန်မှာ ရောက်နေတဲ့ ဒေါ်ဇင်မာအောင်ရဲ့ တွေ့ဆုံ ဆွေးနွေးမှု့ဟာ အမေရိကန်နဲ့ အာဆီယံခေါင်းဆောင်တွေနဲ့အတူ ပထမဆုံး နိုင်ငံတကာသိ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲလို့ ဖော်ပြထားပါတယ် ။
ဒီဆွေးနွေးပွဲဟာ နိုင်ငံတကာအသိအမှတ်ပြုမှု့ ကြိူးပမ်းနေတဲ့ NUG အတွက် အောင်မြင်မှု့တစ်ခုလို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုပါတယ် ။
” မလေးရှားရဲ့ ထောက်ခံမှု့နဲ့ စည်းလုံးညီညွတ်မှု့ကို ပြသဖို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ “လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗဒူလာက အသိပေး ပြောကြားလိုက်ပါတယ် ။
အမေရိကန်နိုင်ငံဟာ မြန်မာစစ်တပ်နဲ့ သံတမန်ဆက်ဆံရေး ရှိနေသေးပေမဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာတော့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို အသိအမှတ်ပြု ဖိတ်ကြားခြင်းမရှိခဲ့ပဲ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကိုသာ အလွတ်သဘော ဆွေးနွေးဖို့အတွက် ထိပ်သီးအစည်းအဝေးနဲ့ တိုက်ဆိုင်စွာ ဖိတ်ကြားခဲ့ပါတယ် ။
သုံးသပ်ရရင်တော့ ၊ မဟာမိတ်တွေဟာ သူတို့ရဲ့ ျဗူဟာအတိုင်း မြန်မာကို ပုံဖော်နေပါတယ် ။ အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲနဲ့ တိုက်ဆိုင်စွာ ဖိတ်ကြားခဲ့ပြီး အမေရိကန်သတင်းဌာနကိုယ်တိုင်က ” မြန်မာနိုင်ငံခြားရေးဝန်ကြီး ” လို့ သုံးနှုံးလိုက်တာကို ကြည့်မယ်ဆိုရင် အမေရိကန်ဟာ မြန်မာကို ဘယ်လိုပုံဖော်နေသလဲဆိုတာ သိနိုင်ပါတယ် ။ ဒီသတင်းဟာ နွေဦးတော်လွန်ရေးအတွက် ရွေ့ပြေး အောင်မြင်မှု့ သတင်းပါဘဲ ။ ောတ်လွန်ရေးဟာ ဘယ်အခြိန်ပြီးမလဲ မသိနိုင်သေးပေမဲ့ တော်လွန်ရေးပြည်သူတွေ ပြောနေကြတဲ့ ” ငါတို့နိုင်မွာ ” ဆိုတာ အသေအျခာဆိုတာကိုတော့ စာရေးသူက ဒီသတင်းကိုသုံးသပ်ပြီး ရဲ ရဲဝံ့ဝံ့ ပြောလိုက်ပါတယ် ။
ဘကြီးအောင် LA
16 May, 2022