အင်းစိန်ထောင်တွင်းက အဆိုတော်ပိုပိုရဲ့မွေးနေ့လေးမှာဆုတောင်းစကားပြောပေးလိုက်တဲ့အဆိုတော်ဖြူဖြူကျော်သိန်း
ဒီနေ့ဟာအဆိုတော်ပိုပိုရဲ့မွေးနေ့လေးဖြစ်ပါတယ်။
အင်းစိန်ထောင်တွင်းမှာ ရောက်ရှိနေတာ တနှစ်ကျော် ကြာသွားပြီဖြစ်တဲ့ အဆိုတော်ပိုပိုဟာ မေလ ၁၆ ရက်နေ့မှာ ထောင်ထဲက သူ့ရဲ့
ဒုတိယမြောက် မွေးနေ့ အသက် ၃၂ နှစ်ပြည့်ကို ဖြတ်သန်းရတော့မှာပါ။ပြီးခဲ့တဲ့နှစ်ကလည်း ဧပြီလထဲမှာ ဖမ်းဆီးခံခဲ့ရတာကြောင့် အသက်
၃၁ နှစ်ပြည့်မွေးနေ့ကို ပိုပိုက အင်းစိန်ထောင်တွင်းမှာသာ ဖြတ်သန်းခဲ့ရတာပါ။အဆိုတော်ပိုပိုကို လှောင်ချိုင့်ထဲက တေးသီငှက် (သို့မဟုတ်)
ဂျန်ဇီခေတ်ရဲ့ အဆိုတော် ပိုပိုဆိုပြီးတင်စားဖော်ပြကြပါတယ်။
သံတိုင်များနောက်မှာဒုတိယအကြိမ်မြောက်ဖြတ်သန်လိုက်ရတဲ့အဆိုတော်ပိုပိုရဲ့မွေးနေ့လေးမှာ
အနုပညာညီအမတွေဖြစ်တဲ့နိုင်ငံကျော်အဆိုတော်ဖြူဖြူကျော်သိန်းက ဆုတောင်းစကားလေးပြောထားပါတယ်။
Blessed Birthday, ပိုပို။
သီချင်းတွေပြန်ဆိုဖို့၊ သီချင်းသစ်တွေထုတ်ဖို့၊ ပွဲတွေဆိုဖို့၊ ပွဲတွေတက်ဖို့၊ ကြော်ငြာတွေရိုက်ဖို့၊ ဓာတ်ပုံတွေရိုက်ဖို့ လာပြောကြတိုင်း သူ့
မျက်နှာလေးပဲ ပြေးမြင်တယ်။
ကိုယ်တောင် အပြင်မှာ ၆ လကျော် ၅၀၅ ဝရမ်းပြေးဘဝနဲ့ရှောင်ရပုန်းရတာဒီလောက်ခက်ခဲခဲ့ဖူးတာ… သူ့ခမျာ အထဲမှာ ၁ နှစ်ကျော်ကြာ
မိန်းကလေးတစ်ယောက်အတွက် ဘယ်လောက်ခက်ခဲလိုက်မလဲ?
တစ်ရက်မပြတ် သတိရဆုတောင်းပေးတယ်။
ကျန်းကျန်းမာမာနဲ့အမြန်ဆုံးလွတ်မြောက်ပါစေ ညီမလေးရေ။ ဆိုပြီး နိုင်ငံကျော်အဆိုတော်ဖြူဖြူကျော်သိန်းက ဆုတောင်းစကားလေး
ပြောထားတာကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
Crd;Phyu Phyu Kyaw Thein
Zawgyi
အင္းစိန္ေထာင္တြင္းက အဆိုေတာ္ပိုပိုရဲ့ေမြးေန႔ေလးမွာဆုေတာင္းစကားေျပာေပးလိုက္တဲ့အဆိုေတာ္ျဖဴျဖဴေက်ာ္သိန္း
ဒီေန႔ဟာအဆိုေတာ္ပိုပိုရဲ့ေမြးေန႔ေလးျဖစ္ပါတယ္။
အင္းစိန္ေထာင္တြင္းမွာ ေရာက္ရွိေနတာ တႏွစ္ေက်ာ္ ၾကာသြားၿပီျဖစ္တဲ့ အဆိုေတာ္ပိုပိုဟာ ေမလ ၁၆ ရက္ေန႔မွာ ေ
ထာင္ထဲက သူ႔ရဲ့ ဒုတိယေျမာက္ ေမြးေန႔ အသက္ ၃၂ ႏွစ္ျပည့္ကို ျဖတ္သန္းရေတာ့မွာပါ။ၿပီးခဲ့တဲ့ႏွစ္ကလည္း ဧၿပီလထဲမွာ ဖမ္း
ဆီးခံခဲ့ရတာေၾကာင့္ အသက္ ၃၁ ႏွစ္ျပည့္ေမြးေန႔ကို ပိုပိုက အင္းစိန္ေထာင္တြင္းမွာသာ ျဖတ္သန္းခဲ့ရတာပါ။အဆိုေ
တာ္ပိုပိုကို ေလွာင္ခ်ိဳင့္ထဲက ေတးသီငွက္ (သို႔မဟုတ္) ဂ်န္ဇီေခတ္ရဲ့ အဆိုေတာ္ ပိုပိုဆိုၿပီးတင္စားေဖာ္ျပၾကပါတယ္။
သံတိုင္မ်ားေနာက္မွာဒုတိယအႀကိမ္ေျမာက္ျဖတ္သန္လိုက္ရတဲ့အဆိုေတာ္ပိုပိုရဲ့ေမြးေန႔ေလးမွာ
အႏုပညာညီအမေတြျဖစ္တဲ့နိုင္ငံေက်ာ္အဆိုေတာ္ျဖဴျဖဴေက်ာ္သိန္းက ဆုေတာင္းစကားေလးေျပာထားပါတယ္။
Blessed Birthday, ပိုပို။
သီခ်င္းေတြျပန္ဆိုဖို႔၊ သီခ်င္းသစ္ေတြထုတ္ဖို႔၊ ပြဲေတြဆိုဖို႔၊ ပြဲေတြတက္ဖို႔၊ ေၾကာ္ျငာေတြရိုက္ဖို႔၊ ဓာတ္ပုံေတြရိုက္ဖို႔
လာေျပာၾကတိုင္း သူ႔မ်က္ႏွာေလးပဲ ေျပးျမင္တယ္။
ကိုယ္ေတာင္ အျပင္မွာ ၆ လေက်ာ္ ၅၀၅ ဝရမ္းေျပးဘဝနဲ႔ေရွာင္ရပုန္းရတာဒီေလာက္ခက္ခဲခဲ့ဖူးတာ… သူ႔ခမ်ာ အထဲမွာ ၁ ႏွစ္ေ
က်ာ္ၾကာ မိန္းကေလးတစ္ေယာက္အတြက္ ဘယ္ေလာက္ခက္ခဲလိုက္မလဲ?
တစ္ရက္မျပတ္ သတိရဆုေတာင္းေပးတယ္။
က်န္းက်န္းမာမာနဲ႔အျမန္ဆုံးလြတ္ေျမာက္ပါေစ ညီမေလးေရ။ ဆိုၿပီး နိုင္ငံေက်ာ္အဆိုေတာ္ျဖဴျဖဴေက်ာ္သိန္းက ဆုေတာ
င္းစကားေလးေျပာထားတာကိုျပန္လည္မၽွေဝေပးလိုက္ပါတယ္။
Crd;Phyu Phyu Kyaw Thein