ပြည်သူ့စစ်၊ BGF တို့ကိုစစ်ရေးရန်သူဟုသတ်မှတ်ပြီး ၂၀၀၈ခြေဥလက်ခံသောပုဂ္ဂိုလ်၊ပါတီ၊အဖွဲ့အစည်းများကိုနိုင်ငံရေးရန်သူဟုသတ်မှတ်ကြောင်း KIO/KIA အသိပေး
သက်ဝေ/People’s Spring
စစ်ကောင်စီလက်ပါးစေ လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF)များကို စစ်ရေးအရ ရန်သူအဖြစ် သတ်မှတ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံသည့် ပါတီ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို နိုင်ငံရေးအရ ရန်သူဟု ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)က အသိပေးလိုက်သည်။
ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လက်ခံသည့် အဖွဲ့အစည်း ပုဂ္ဂိုလ်များနှင့်ပတ်သက်ပြီး KIO/KIA၏ သဘောထားကို မေလ ၁၆ရက်တွင် အဖွဲ့၏ သတင်းပြန်ကြားရေးဌာနက ကချင်ဘာသာဖြင့် ဖော်ပြခဲ့သည်။
“တိုင်းရင်းသားတွေလည်း ပါတီထောင်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေလည်း တော်တော် များများ ရှိတယ်။ အားလုံးအသိဖြစ်ပါတယ်။နောက်တစ်ခုရှိတာက ပြည်သူ့စစ်ထူထောင် တာတွေလည်းရှိ ပါတယ်။ ပြည်သူ့စစ်ဆိုတဲ့နေရာမှာ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေ အားလုံးကတော့ တပ်မတော်ရဲ့ လက်အောက်မှာ သူတို့ ဖွဲ့စည်းထားတဲ့ သူတို့ လက်နက်တပ်ဆင်ထားတဲ့ ပြည်သူ့စစ်တွေဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကတော့ ပြည်သူ့စစ်တွေ ရဲတွေအကုန်လုံး BGF တွေလည်း လက်နက်ကိုင်တယ်ဆိုတော့ လက်နက်ကိုင်တဲ့ လမ်းစဉ်ကို သူတို့ လက်ခံတယ်ဆိုတော့ ကျွန်တော်တို့အတွက်တော့ ဘုံရန်သူဖြစ်သွားတာပေါ့” ဟု KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြသည်။
ဒုတိယ အချက်မှာ ပြည်သူ့စစ်ခေါင်းဆာင်အချို့သည် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့၌ ဥက္ကဋ္ဌ လုပ်နေသူများရှိ၍ အခက်အခက်ရှိနေသည့်အပေါ် ရှင်းလင်းစွာ အသိပေးလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။
“လက်နက်ကိုင်တဲ့ ပြည်သူ့စစ်တွေကိုတော့ ကျွန်တော်တို့ရန်သူလို့ သတ်မှတ်မှာ။ ဒါပေမဲ့ စာပေနဲ့ ယဉ်ကျေးမှုဘက်ကနေ ပြန်ကြည့်ရင်တော့ ဒါရန်သူတော့မဟုတ်ဘူးပေါ့။ ရှုပ်ထွေးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒါက တစ်ချက်။ ဒုတိယ အချက်က နိုင်ငံရေးဘက်က ပြန်ကြည့်ရင် ကျွန်တော်တို့ KIOက ၂၀၀၈ အခြေခံဥပဒေကတော့ ကျွန်တော်တို့ လက်မခံဘူး။ ဆိုတော့ ၂၀၀၈ အခြေခံ ဥပဒေကို လက်ခံပြီးမှ နိုင်ငံရေးအဖွဲ့အစည်းတွေ ထူထောင်တဲ့ လူပုဂ္ဂိုလ်တွေလည်း နိုင်ငံရေးအတွက် ရန်သူဖြစ်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ထို့ကြောင့် စာပေ၊ ယဉ်ကျးမှု အဖွဲ့များနှင့် နိုင်ငံရေးဘက်၌ ဖွဲ့စည်းထားသည့် ပုဂ္ဂိုလ်များအနေဖြင့် လက်နက်ကိုင်သည့် ဘက် ပါဝင်ပတ်သက်မှုမရှိစေရန် အသိပေးခြင်းဖြစ်သည်ဟု ဆိုသည်။
“လက်နက်ကိုင်ပြီဆိုရင်တော့ မတော်တဆ ဘာမဆို ဖြစ်လာနိုင်တာပေါ့။ နောက် စစ်ကောင်စီဘက် ကလည်း လက်နက်ကိုင်တဲ့ အဖွဲ့တွေကို တိုက်ပွဲလည်း ဝင်ခိုင်းတယ်။ ဆိုတော့ ဒီနိုင်ငံရေးပါတီတွေကို လက်နက်နဲ့ ရင်ဆိုင်ရတဲ့ အနေအထားတွေကိုလည်း ကျွန်တော်တို့က ကြိုတင်ပြီးမှ သတိပေးလိုတဲ့ သဘောနဲ့ အဲဒီ သတင်း ဖော်ပြတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း KIO ခရိုင်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ကြေညာချက်များအသီးသီး ထုတ်ပြန်၍
စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ မိမိစိတ်ဆန္ဒအလျောက် အမြန်ဆုံး နှုတ်ထွက်ကြရန် သတိပေးထားသည်။
(KIA တပ်ဖွဲ့ဝင်များကို စစ်ရေးပြပွဲတစ်ခုတွင်တွေ့ရစဥ်။ဓါတ်ပုံ-KNG)