ရှေ့ပြေးစစ်ကား (၄) စီးကို မိုင်း (၁၂) လုံးနဲ့တိုက်ခိုက်၊ အလောင်းလာသယ်တဲ့ကားကိုပါ မိုင်း အလုံး (၂၀) ကျော်နဲ့ တိုက်ခိုက်
မေ ၁၆၊ The Nation Voice
ချင်းပြည်နယ်၊ မင်းတပ်မြို့ကနေ မကွေးတိုင်း ကျောက်ထုမြို့ကို စစ်သား အယောက်(၃၀)ခန့် တင်လာတဲ့ ရှေ့ပြေးစစ် ကား (၄) စီးဟာ ပြင်ဆင်ထားတဲ့ မိုင်းကွင်းထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ဝင်ရောက်လာတာကြောင့် ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ကျောက်ထု PDF က ထုတ်ပြန်ထားပါတယ်။
Kyaukhtu PDF(YRPA)၊ CDF Mindat ပျံလွှားတပ်ရင်း၊ The Youth Force(Saw&Kyaukhtu) နဲ့ ညောင်ရမ်း PDF မဟာမိတ်အဖွဲ့ တွေ ပူးပေါင်းပြီး ပဒေသာမိုင်း (၁၀)လုံး၊ ကားမိုင်း(၂)လုံးတို့နဲ့ ကြိုဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ညနေ (၅) နာရီခွဲခန့်မှာ ထိခိုက်ကျဆုံးသွားတဲ့ အလောင်းတွေကို လာသယ်တဲ့ ကား (၁) စီး နဲ့ ဆိုင်ကယ် (၁) စီးကိုလည်း ပဒေသာမိုင်း (၁၅) လုံး၊ ကားမိုင်း (၆)လုံးတို့နဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာ ကားပျက်စီးပြီး ဆိုင်ကယ်မှာ အစရှာမရအောင်ပင် ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
မင်းတပ် ဂေါက်ကွင်းထဲမှာတော့ထိခိုက်ထားတဲ့ စစ်သားတွေရဲ့အော်နေသံတွေ ကြားနေရပြီး အလောင်းတွေလည်းရှိတယ်လို့သိရပါတယ်။
ပုံစာ၊ မင်းတပ် ဂေါက်ကွင်းထဲက စစ်ကားတွေ။