စကစထောက်ခံပွဲလုပ်ဖို့ကြံ့ဖွတ်တွေ လူစုနေတုန်း ဗုံး(၂) လုံးပေါက်ကွဲ၊ ကားပေါ်ကျတဲ့အတွက် (၁၀) ဦးခန့်ဒဏ်ရာရ
မေ ၁၆၊ The Nation Voice
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်နဲ့ လယ်ဝေးမြို့နယ်ကြားမှာရှိတဲ့ အမျိုးသမီးရေးရာဌာနရှေ့မှာ ဒီနေ့မနက်က ဗုံးပေါက်ကွဲမှု (၂) ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ထောက်ခံပွဲလုပ်ဖို့ ကြံ့ဖွတ်အမာခံတွေ လူစုပြီးစီတန်းနေစဥ်မှာ ဗုံး (၂) လုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ နေပြည်တော် တော်လှန်ရေးသတင်းဌာနက ဖော်ပြထားပါတယ်။
ထောက်ခံပွဲကိုသွားဖို့ လူစုရပ်စောင့်နေတဲ့ ကားထဲကို ဗုံးက ကျရောက် ပေါက်ကွဲခဲ့တာကြောင့် (၁၀) ဦးခန့်ဒဏ်ရာရရှိပြီး သူတို့ကို နီးစပ်ရာ ကုတင် (၁၀၀) ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့သိရပါတယ်။
အဲဒီနောက် စစ်ကား (၁၀) စီးခန့်လာပြီး လမ်းတွေပိတ်ရှာဖွေနေတယ်လို့ သိရပြီး အဲဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့ကလုပ်တာလည်းဆိုတာတော့ မသိရသေးပါဘူး။