ၾကားသိသမွ်

အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတကာမှာ လာခြင်းကောင်းတဲ့ ဧည့်သည်တော်ဖြစ်နေပြီလို့ ကိုမင်းကိုနိုင် ပြောကြား

မေ ၁၆ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတကာစာမျက်နှာအလယ်မှာ လာခြင်းကောင်းတဲ့ ဧည့်သည်တော် ဖြစ်နေပြီလို့ ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်း နိုင်ငံရေးအရ အောင်မြင်မှုတွေ ယူထားနိုင်ချိန်မှာ ကိုမင်းကိုနိုင်က အခုလိုမျိုးရေးသား ပြောကြားလာခဲ့တာပါ။

“ပြည်သူ့တော်လှန်ရေးအောင်စိတ် တက်စရာတွေမြင်နေရမှာပါ။ ပေးဆပ်မှုတွေကြားကပဲ ပြည်သူ့ခုခံတိုက်ပွဲ တွေမြင့်တက်လာတာ၊ ငုံ့မယောင်နဲ့အမောက်ထောင်ပြလာတဲ့အမှန်တရားပုံရိပ်တွေပေါ့။ နိုင်ငံတကာမှာ ခုဆိုရင် NUG ဟာ လာခြင်းကောင်းတဲ့ဧည့်သည်တော် ဖြစ်နေတာတွေ့ကြမှာပါ။” လို့ ကိုမင်းကိုနိုင်က ပြောကြားလိုက်တာ ပါ။

အမျိုးသားညီညွတ်ရေးအစိုးရကလုပ်ဆောင်နေတဲ့ ပညာရေးအစီအစဉ်တွေမှာဆိုရင်လည်း CDM ဆရာတွေရဲ့ အစွမ်းနဲ့ မြေပြင်သင်ကြားမှုတွေရော အွန်လိုင်းကနေ သင်ကြားမှုတွေပါ လုပ်ဆောင်နေပြီလို့ ဆိုထားပါတယ်။ ပညာရေးဝန် ကြီးဌာနက ဖော်ဆောင်နေတဲ့ စာသင်ကြားမှုတွေမှာ ကလေးတွေက ပညာကို ကျားကုပ်ကျားခဲ သင် ရုံသာမကဘဲ ဖန်တီးနိုင်စွမ်းတွေပါ ဖော်ဆောင်ပေးထားနိုင်တယ်လို့ပြောထားပါတယ်။

“ဒီကနေ့ရနေတဲ့ နိုင်ငံတကာဆက်ဆံရေးအောင်မြင်မှုတွေ၊ အဝေးပြေးလမ်းတွေအပါ အဝင်ရထားတဲ့နယ်မြေ စိုးမိုးမှုတွေကြည့်ပါ။ ဘယ်သူ့ကြောင့်လဲ။ တခွန်းတည်းဖြေရရင် ပြည်သူတွေကြောင့်ပဲ။ ဒီလောက်ဇွဲခတ်၊ သတ္တိဉာဏ် ကြီးတဲ့ပြည်သူတွေအတွက် နောက်ထပ်အောင်ပန်းတွေဝေနေမှာပါ။ ဒီလိုပြောလို့ပြည်သူကို အသား လွတ်ရွှေချနေတာလားလို့မေးစရာရှိပါတယ်။ နမူနာကြည့် ပါ၊ ရက်ပိုင်းလောက်နဲ့ သိန်းထောင်ချီ၊ စုပေါင်း လာတော့ဒေါ်လာသန်းချီရှာပေးနိုင်မယ့်application မျိုးထွင်နိုင်တာနိုင်ငံရေး ခေါင်းဆောင်တွေထဲက မဟုတ်ပါ။ ပြည်သူထဲကပါ။ တော်လှန်ရေးသမားပြည်သူပေါ့။” လို့ ကိုမင်းကိုနိုင်က ပြောကြားထားတာပါ။

ဒါအပြင် အကြမ်းဖက်စစ်တပ်ကို ခြောက်ခြားအောင်ပြုလုပ်နိုင်တာက ပြည်သူတွေပဲဖြစ်ပြီးတော့ ပြည်သူ့စကား တခွန်းကလည်း အာဏာရှင်အပေါ် မိုးကြိုး ပစ်ချနိုင်လောက်အောင် ကြီးမားတယ်လို့လည်း ကိုမင်းကိုနိုင် ပြောကြား ထားတာ တွေ့ရပါတယ်။ PVTV

အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတကာမှာ လာခြင်းကောင်းတဲ့ ဧည့်သည်တော်ဖြစ်နေပြီလို့ ကိုမင်းကိုနိုင် ပြောကြား

မေ ၁၆ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတကာစာမျက်နှာအလယ်မှာ လာခြင်းကောင်းတဲ့ ဧည့်သည်တော် ဖြစ်နေပြီလို့ ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်း နိုင်ငံရေးအရ အောင်မြင်မှုတွေ ယူထားနိုင်ချိန်မှာ ကိုမင်းကိုနိုင်က အခုလိုမျိုးရေးသား ပြောကြားလာခဲ့တာပါ။

“ပြည်သူ့တော်လှန်ရေးအောင်စိတ် တက်စရာတွေမြင်နေရမှာပါ။ ပေးဆပ်မှုတွေကြားကပဲ ပြည်သူ့ခုခံတိုက်ပွဲ တွေမြင့်တက်လာတာ၊ ငုံ့မယောင်နဲ့အမောက်ထောင်ပြလာတဲ့အမှန်တရားပုံရိပ်တွေပေါ့။ နိုင်ငံတကာမှာ ခုဆိုရင် NUG ဟာ လာခြင်းကောင်းတဲ့ဧည့်သည်တော် ဖြစ်နေတာတွေ့ကြမှာပါ။” လို့ ကိုမင်းကိုနိုင်က ပြောကြားလိုက်တာ ပါ။

အမျိုးသားညီညွတ်ရေးအစိုးရကလုပ်ဆောင်နေတဲ့ ပညာရေးအစီအစဉ်တွေမှာဆိုရင်လည်း CDM ဆရာတွေရဲ့ အစွမ်းနဲ့ မြေပြင်သင်ကြားမှုတွေရော အွန်လိုင်းကနေ သင်ကြားမှုတွေပါ လုပ်ဆောင်နေပြီလို့ ဆိုထားပါတယ်။ ပညာရေးဝန် ကြီးဌာနက ဖော်ဆောင်နေတဲ့ စာသင်ကြားမှုတွေမှာ ကလေးတွေက ပညာကို ကျားကုပ်ကျားခဲ သင် ရုံသာမကဘဲ ဖန်တီးနိုင်စွမ်းတွေပါ ဖော်ဆောင်ပေးထားနိုင်တယ်လို့ပြောထားပါတယ်။

“ဒီကနေ့ရနေတဲ့ နိုင်ငံတကာဆက်ဆံရေးအောင်မြင်မှုတွေ၊ အဝေးပြေးလမ်းတွေအပါ အဝင်ရထားတဲ့နယ်မြေ စိုးမိုးမှုတွေကြည့်ပါ။ ဘယ်သူ့ကြောင့်လဲ။ တခွန်းတည်းဖြေရရင် ပြည်သူတွေကြောင့်ပဲ။ ဒီလောက်ဇွဲခတ်၊ သတ္တိဉာဏ် ကြီးတဲ့ပြည်သူတွေအတွက် နောက်ထပ်အောင်ပန်းတွေဝေနေမှာပါ။ ဒီလိုပြောလို့ပြည်သူကို အသား လွတ်ရွှေချနေတာလားလို့မေးစရာရှိပါတယ်။ နမူနာကြည့် ပါ၊ ရက်ပိုင်းလောက်နဲ့ သိန်းထောင်ချီ၊ စုပေါင်း လာတော့ဒေါ်လာသန်းချီရှာပေးနိုင်မယ့်application မျိုးထွင်နိုင်တာနိုင်ငံရေး ခေါင်းဆောင်တွေထဲက မဟုတ်ပါ။ ပြည်သူထဲကပါ။ တော်လှန်ရေးသမားပြည်သူပေါ့။” လို့ ကိုမင်းကိုနိုင်က ပြောကြားထားတာပါ။

ဒါအပြင် အကြမ်းဖက်စစ်တပ်ကို ခြောက်ခြားအောင်ပြုလုပ်နိုင်တာက ပြည်သူတွေပဲဖြစ်ပြီးတော့ ပြည်သူ့စကား တခွန်းကလည်း အာဏာရှင်အပေါ် မိုးကြိုး ပစ်ချနိုင်လောက်အောင် ကြီးမားတယ်လို့လည်း ကိုမင်းကိုနိုင် ပြောကြား ထားတာ တွေ့ရပါတယ်။PVTV