စစ်ကောင်စီအထိနာခဲ့သည့် ယင်းမာပင်တိုက်ပွဲ(ရုပ်သံ)
ကြည်သာ/People’s Spring
ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်နှင့်အတူ အကြမ်းဖက်စစ်ကောင်စီအား ပူးပေါင်းတိုက် ခိုက်ခဲ့သည့် ယင်းမာပင်မြို့နယ်တိုက်ပွဲ ရုပ်သံမှတ်တမ်းကို တစ်ကိုယ်တော်သုဘရာဇာအဖွဲ့က ထုတ်ပြန်လာသည်။
ယင်းမာပင်မြို့နယ် တရော်ကျင်းကျေးရွာတွင် မေလ ၁၃ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲရုပ်သံမှတ်တမ်းကို ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် တစ်ကိုယ်တော်သုဘရာဇာအဖွဲ့က မေလ ၁၅ရက်ညတွင် ထုတ်ပြန်ခြင်းဖြစ်သည်။
ထိုနေ့က နံနက် ၁၀နာရီခန့်တစ်ကြိမ်၊ညနေ ၄နာရီခန့်တစ်ကြိမ် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး “စစ်ကောင်စီအထိခိုက်အကျဆုံးများခဲ့သောတိုက်ပွဲများဖြစ်သည်”ဟု တစ်ကိုယ်တော်သုဘရာဇာအဖွဲ့က ဆိုသည်။
ရုပ်သံမှတ်တမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်စစ်ကောင်စီအား အနီးကပ်တိုက်ခိုက်နေသည်ကိုတွေ့ရပြီး တိုက်ပွဲပြင်းထန်သည်ကိုတွေ့ရသည်။ မတူညီသည့် သေနတ်ပစ်ခတ်သံများ အဆက်မပြတ် ကြားနေရသည်။
ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် သည် ယခုရက်ပိုင်းအတွင်း မြိုင်၊ ပေါက်၊ပုလဲနှင့် ကနီ၊ ယင်းမာပင်မြို့နယ်များတွင် ဒေသခံပြည်သူ့ကာကွယ် ရေး မဟာမိတ်တပ်ဖွဲ့များနှင့်အတူ စစ်ကောင်စီအား ပူးပေါင်းတိုက်ခိုက်နေသည်။ မေလ ၁၃ရက်နှင့် ၁၅အတွင်း သုံးရက်တာတိုက်ခိုက်မှုတွင် စစ်ကောင်တပ်ဖွဲ့ဝင် ၅၀ဦးထက်မနည်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။