စစ်ကောင်စီတပ်အား ခုခံရင်း ရှမ်းတောင် ၁၀၀၈ တပ်ရင်း စခန်းမှူးချစ်ကောင်း ကျဆုံး
မဲခေါင်၊ မေ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ဆောင်နန်းခဲရွာဖက်မှ ယနေ့၊ နံနက်ပိုင်းက စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်ရာမှ ၁၀၀၈ တပ်ရင်း၏ စခန်းမှူးချစ်ကောင်း ကျဆုံးခဲ့ကြောင်း တပ်ရင်း ၁၀၀၈ မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါဒေသတွင် ယနေ့၊ နံနက် ၈နာရီဝန်းကျင်အချိန်မှစတင်၍ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်က လေယာဉ်၊ ဟယ်လီကော်ပတာများဖြင့် ပစ်ခတ်ပြီး ဆက်တိုက်ထိုးစစ်ဆင်ခံနေရကြောင်းနှင့် ခုခံတိုက်ခိုက်ရင်း ၁၀၀၈ တပ်ရင်း၏ စခန်းမှူးချစ်ကောင်း ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
ရှမ်းတောင်အခြေစိုက် SSRY Eagel Force၊ Dragon Force၊ Tai PDF Cobra Force၊ Dove Guerrilla Force၊ Southern Shan Irine Force တို့သည် ယခင်လမှစတင်၍ ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့(SSRY)တပ်ရင်းကို အမျိုးသားညီညွှတ်ရေးအစိုးရ၊
ကာကွယ်ရေးဝန်ကြီးဌာန(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)စစ်ဒေသ ၃ ၏ တရားဝင်တပ်ရင်း၊ တပ်ရင်း ၁၀၀၈ အဖြစ် ယမန်နေ့က ပြောင်းလဲဖွဲ့စည်းထားခြင်းဖြစ်သည်။
ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ နေရာအချို့တွင် မေလ ၁၃ရက်မှစတင်ပြီး ဖုန်းလိုင်းများ ပြတ်တောက်လျက်ရှိသလို တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။
ယခုတိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ ထထီရိကျေးရွာ၊ စာသင်ကျောင်းအတွင်း အခိုင်အမာတပ်စွဲထားသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ-၁၈ တပ်နှင့် PNO အဖွဲ့ကို Pekhon People Defence Force – 2၊ KNDF B-3 တပ်ခွဲ ၄ တို့က မေလ ၁၂ ရက်၊ နံနက်ပိုင်းက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စခန်းသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏ ဗိုလ်မှူးအပါအဝင် (၁၅)ဦးသေကာ (၅)ဦးမှာ လက်နက်ချ အညံ့ခံခဲ့ကြောင်းကိုလည်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ဆောင်နန်းခဲရွာဖက်မှ ယနေ့၊ နံနက်ပိုင်းက စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်ရာမှ ၁၀၀၈ တပ်ရင်း၏ စခန်းမှူးချစ်ကောင်း ကျဆုံးခဲ့ကြောင်း တပ်ရင်း ၁၀၀၈ မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါဒေသတွင် ယနေ့၊ နံနက် ၈နာရီဝန်းကျင်အချိန်မှစတင်၍ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်က လေယာဉ်၊ ဟယ်လီကော်ပတာများဖြင့် ပစ်ခတ်ပြီး ဆက်တိုက်ထိုးစစ်ဆင်ခံနေရကြောင်းနှင့် ခုခံတိုက်ခိုက်ရင်း ၁၀၀၈ တပ်ရင်း၏ စခန်းမှူးချစ်ကောင်း ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
ရှမ်းတောင်အခြေစိုက် SSRY Eagel Force၊ Dragon Force၊ Tai PDF Cobra Force၊ Dove Guerrilla Force၊ Southern Shan Irine Force တို့သည် ယခင်လမှစတင်၍ ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့(SSRY)တပ်ရင်းကို အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)စစ်ဒေသ ၃ ၏ တရားဝင်တပ်ရင်း၊ တပ်ရင်း ၁၀၀၈ အဖြစ် ယမန်နေ့က ပြောင်းလဲဖွဲ့စည်းထားခြင်းဖြစ်သည်။