ၾကားသိသမွ်

PDF တွေကို တောနင်းရှာရှင်းမယ်ဆိုတဲ့ ၅ ယောက် PDFတွေက အရင်ရှင်းတာခံလိုက်ရ

PDF တွေကို တောနင်းရှာဖို့ အကြံပေးတဲ့ ရွာငံနဲ့ ပင်းတယက ပျူစောထီး ၅ ဦးကို ရှမ်းတောင်မဟာမိတ်အဖွဲ့ရှင်းလင်း

မေ ၁၅

ရှမ်းပြည်နယ်တောင်င်ပိုင်း၊ ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ် တပ်စွဲဖို့အကူအညီပေးတာတွေနဲ့ PDF တွေကို တောနင်းရှာဖို့ အကြံပေးတဲ့ ပျူစောထီးအဖွဲ့ဝင် ၅ ဦးကို ရှမ်းတောင်မဟာမိတ်အဖွဲ့က ရှင်းလင်းသတ်ဖြတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းတောင် မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ပင်းတယမြို့ပြပြောက်ကျားအဖွဲ့(UPG)၊ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( YPDF ) နှင့် ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့ ( JPDF) အဖွဲ့တွေက ပျူစောထီးအဖွဲ့ဝင် စိန်ကျော်ဝင်း၊ ဖေဝင်း၊ ကိုဦး၊ မိုးမြင့်သူနှင့် အေးစိုးတို့ကို ရှင်းလင်းခဲ့တာလို့ မေလ ၁၄ ရက် မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

၎င်းတို့ကို ဖေဖော်ဝါရီနဲ့ မတ်လအတွင်းက ရှင်းလင်းခဲ့တာဖြစ်ကြောင်းနဲ့ တစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့သလို ကျန်လေးဦးကို ဓားနဲ့ခုတ်သတ်ခဲ့တာလို့ သိရပါတယ်။

၎င်းတို့ဟာ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ထိခိုက်နစ်နာအောင်ပြုလုပ်ခဲ့သလို အကြမ်းဖက်စစ်တပ်ကို တပ်စွဲဖို့ ကူညီခြင်း၊ PDF တွေရှိတယ်လို့ တောနင်းရှာဖွေအကြံပေးလမ်းပြခြင်း၊ စစ်ကောင်စီအားကိုးနဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နှင်းမြ