နည်းမျိုးစုံနဲ့ ရှောင်ပြေးနေတဲ့ အကြမ်းဖက်တပ်ထံ ကျောက်ပျဉ်နဲ့ထမီ ပို့ချင်ကြောင်း ရေတာရှည် PDF ပြော
နယ်မြေစိုးမိုးရေးလုပ်ငန်း ဆောင်ရွက်နေစဉ် နည်းအမျိုးမျိုးနဲ့ ရှောင်ပြေးနေတဲ့ အကြမ်းဖက်စစ်တပ်ထံ ကျောက်ပျဉ်နဲ့ထမီပေးပို့ချင်တယ်လို့ ရေတာရှည်-PDF 2 က ထုတ်ပြန်ပါတယ်။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း ၄ ရက်တာ နယ်မြေစိုးမိုးရေး လုပ်ဆောင်စဉ် အကြမ်းဖက်စစ်တပ်ဟာ ရှောင်ပြေးနေတယ်လို့ ရေတာရှည်-PDF 2 က ထုတ်ပြန်ပါတယ်။
မေ ၁၄ ရက် နေ့လည်ပိုင်းမှာ ရေတာရှည်မြို့နယ်၊ အင်းကြီးပေါက်ကျေးရွာအတွင်း နယ်မြေစိုးမိုးရေး လုပ်ဆောင်နေစဉ် လောင်းကစားဝိုင်း တွေ့တာကြောင့် စစ်တောင်းမြစ်အရှေ့ဘက်ရှိ လောင်းကစားဝိုင်းတွေကို နောက်ဆုံးအကြိမ်သတိပေးတဲ့အနေနဲ့ အင်းကြီးပေါက်ကျေးရွာ တစ်နေရာမှာ သတိပေး ဗုံးခွဲခဲ့တယ်လို့ သိရပါတယ်။
မေ ၁၃ ရက်၊ ည ၉ နာရီအချိန်မှာ ဒေါင့်အင်းကုန်း ကျေးရွာထဲ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်သား ၅၀ ကျော်ကို ၀င်ရောက်ပစ်ခတ်ခဲ့ရာ စစ်သားတော်တော် ဒဏ်ရာရရှိခဲ့ပြီး ပူပေါင်းအဖွဲ့က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
မေ ၁၂ ရက် ညနေ ၅ နာရီလောက်မှာ ရေတာရှည်လေးကျေးရွာရှိ စစ်အုပ်စုထောက်တိုင် အုပ်ချုပ်ရေးမှူး မြင့်သန်း နေအိမ်ကို ၀င်ရောက်ရှာဖွေရာ မတွေ့တာကြောင့် သတိပေး တဲ့အနေနဲ့ လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့ပါတယ်။
နယ်မြေစိုးမိုးရေး လုပ်ငန်းကို ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ သံတောင်မြောက်ပိုင်း အထူးဒေသ ဦးကိုကြီးအဖွဲ့နဲ့ တောင်ငူခရိုင် တပ်ရင်းအမှတ် (၃၅၀၁)၊ တပ်ခွဲ (၃)၊ တပ်စု (၂) တို့ ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ DNA