လကမ္ဘာပေါ်က မြေကြီးဖြင့် ပထမဆုံးအကြိမ် အပင်များ စမ်းသပ်စိုက်ပျိုး
သိပ္ပံပညာရှင်တွေက လပေါ်မှ မြေကြီးထဲတွင် ပထမဆုံးအကြိမ် အပင်စိုက်ပျိုးခဲ့ပြီး လပေါ်တွင် ကာလရှည်ကြာနေထိုင်နိုင်ရေး အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။
သုတေသီတွေက ၁၉၆၉ – ၁၉၇၂ ခုနှစ် Apollo လကမ္ဘာခရီးစဥ်များအတွင်း စုဆောင်းရယူခဲ့သည့် မြေကြီးနမူနာအနည်းငယ်ကိုသုံးပြီး ဟင်းခတ်အပင်ငယ်တစ်မျိုးကို စိုက်ပျိုးခဲ့ကြခြင်း ဖြစ်သည်။
ထို့နောက် နှစ်ရက်ကြာတွင် သစ်စေ့များက အပင်ပေါက်လာသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ရသည်။
“ကျွန်မတို့ ဘယ်လို အလွန်အံ့အားသင့်သွားတယ်ဆိုတာ ပြောမပြတတ်ပါဘူး”ဟု လေ့လာမှုတွေ့ရှိမှု စာတမ်းကို ပူးတွဲရေးသားသူ ဖလော်ရီဒါတက္ကသိုလ်မှ ပါမောက္ခ Ann-Lisa Paul က ပြောသည်။
လပေါ်မှ မြေကြီးတွင် စိုက်ပျိုးခဲ့သည့် အပင်များနှင့် မြေဆွေးတွင် စိုက်ပျိုးခဲ့သည့် အပင်များမှာ ခြောက်ရက်ခန့်အထိ တူညီသည့် ရှင်သန်ကြီးထွားမှုရှိခဲ့ကြောင်း သိရသည်။
လပေါ်မှမြေကြီးတွင် စိုက်ပျိုးခဲ့သည့် အပင်များမှာ ကြီးထွားမှု ပိုမိုနှေးကွေးလာပြီး နောက်ဆုံးတွင် ဆက်မကြီးထွားလာတော့ဘဲ ရပ်တန့်သွားခဲ့သည်။ သို့သော် ယခု လေ့လာမှုတွင် ပါဝင်သူတွေက အောင်မြင်မှုတစ်ခုဖြစ်သည်ဟု ဆိုသည်။
“ဒီသုတေသနက NASA ရဲ့ အာကာသထဲမှာ လူသားတွေ ကာလရှည်ကြာ စူးစမ်းရှာဖွေရေး ရည်မှန်းချက်အတွက် အရေးပါပါတယ်။ အနာဂတ်မှာ အာကာသယာဥ်မှူးတွေက ပိုမိုအတွင်းကျ ဝေးလံတဲ့ အာကာသထဲမှာ နေထိုင်ပြီး လုပ်ငန်းလုပ်ကိုင်ရာမှာ စားနပ်ရိက္ခာအတွက် လနဲ့ အင်္ဂါဂြိုဟ်ပေါ်မှာရှိတဲ့ အရင်းအမြစ်တွေကို သုံးဖို့လိုအပ်လာမှာ ဖြစ်ပါတယ်” ဟု NASA အကြီးအကဲ Bill Nelson က ပြောသည်။
“ဒီ အခြေခံအပင်ရှင်သန်ကြီးထွားမှု သုတေသနက NASA က စိုက်ပျိုးရေးတီထွင်ဆန်းသစ်မှုတွေကို ဖော်ထုတ်ဖို့ ဘယ်လို လုပ်ဆောင်နေတယ်ဆိုတာရဲ့ အဓိက ဥပမာတစ်ခုလည်း ဖြစ်ပါတယ်။ NASA က လုပ်ဆောင်နေတဲ့ စိုက်ပျိုးရေးတီထွင်ဆန်းသစ်မှုတွေက ကမ္ဘာမြေပေါ်ရှိ စားနပ်ရိက္ခာရှားပါးတဲ့ ဒေသတွေမှာ အပင်တွေ မဖြစ်ထွန်းမှုကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ နားလည်သိရှိနိုင်ဖို့ ကူညီနိုင်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
ယခုလေ့လာမှုမှာ သုတေသီတွေ အတွက် စိန်ခေါ်မှုတစ်ခုကတော့ အပင်စိုက်ပျိုးရန် လပေါ်မှမြေကြီးကို များစွာ အသုံးမပြုနိုင်ခြင်း ဖြစ်သည်။
၁၉၆၉ ခုနှစ်မှ သုံးနှစ်တာ ကာလအတွင်း NASA အာကာသယာဥ်မှူးတွေက လမျက်နှာပြင်ပေါ်မှ အလေးချိန် (၈၄၂) ပေါင်ရှိ ကျောက်တုံးများ၊ တူးဖော်ရယူလာသည့် မြေသားနမူနာများ၊ ကျောက်စရစ်ခဲများ၊ သဲနှင့် မြေမှုန်များကို စုဆောင်းရယူခဲ့သည်။
ဖလော်ရီဒါတက္ကသိုလ်မှ သုတေသီအဖွဲ့က အပင်တစ်ပင်အတွက် ဆယ်စုနှစ်များကြာ သိမ်းဆည်းထားခဲ့သည့် လပေါ်မှမြေကြီး (၁) ဂရမ်မျှကိုသာ ရရှိခဲ့ကြခြင်း ဖြစ်သည်။
NASA က လပေါ်သို့ လူသားများခြေချရန် အာကာသခရီးစဥ်ကို လာမည့် ၂၀၂န၅ ခုနှစ်အတွင်း စီစဥ်ထားပြီး ၁၉၇၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လကမ္ဘာခရီးစဥ်လည်း ဖြစ်လာမည်ဟု သိရသည်။crd;TNA
Source: BBC
Photo: Tyler Jones, UF/IFAS/Handout via Reuters
Zawgyi
လကမၻာေပၚက ေျမႀကီးျဖင့္ ပထမဆုံးအႀကိမ္ အပင္မ်ား စမ္းသပ္စိုက္ပ်ိဳး
သိပၸံပညာရွင္ေတြက လေပၚမွ ေျမႀကီးထဲတြင္ ပထမဆုံးအႀကိမ္ အပင္စိုက္ပ်ိဳးခဲ့ၿပီး လေပၚတြင္ ကာလရွည္ၾကာေနထိုင္နိုင္ေရး အေရးပါသည့္ ေျခလွမ္းတစ္ရပ္ျဖစ္ေၾကာင္း သိရသည္။
သုေတသီေတြက ၁၉၆၉ – ၁၉၇၂ ခုႏွစ္ Apollo လကမၻာခရီးစဥ္မ်ားအတြင္း စုေဆာင္းရယူခဲ့သည့္ ေျမႀကီးနမူနာအနည္းငယ္ကိုသုံးၿပီး ဟင္းခတ္အပင္ငယ္တစ္မ်ိဳးကို စိုက္ပ်ိဳးခဲ့ၾကျခင္း ျဖစ္သည္။
ထို႔ေနာက္ ႏွစ္ရက္ၾကာတြင္ သစ္ေစ့မ်ားက အပင္ေပါက္လာသည္ကို အံ့ဩဖြယ္ရာ ေတြ႕ရွိခဲ့ရသည္။
“ကၽြန္မတို႔ ဘယ္လို အလြန္အံ့အားသင့္သြားတယ္ဆိုတာ ေျပာမျပတတ္ပါဘူး”ဟု ေလ့လာမႈေတြ႕ရွိမႈ စာတမ္းကို ပူးတြဲေရးသားသူ ဖေလာ္ရီဒါတကၠသိုလ္မွ ပါေမာကၡ Ann-Lisa Paul က ေျပာသည္။
လေပၚမွ ေျမႀကီးတြင္ စိုက္ပ်ိဳးခဲ့သည့္ အပင္မ်ားႏွင့္ ေျမေဆြးတြင္ စိုက္ပ်ိဳးခဲ့သည့္ အပင္မ်ားမွာ ေျခာက္ရက္ခန႔္အထိ တူညီသည့္ ရွင္သန္ႀကီးထြားမႈရွိခဲ့ေၾကာင္း သိရသည္။
လေပၚမွေျမႀကီးတြင္ စိုက္ပ်ိဳးခဲ့သည့္ အပင္မ်ားမွာ ႀကီးထြားမႈ ပိုမိုေႏွးေကြးလာၿပီး ေနာက္ဆုံးတြင္ ဆက္မႀကီးထြားလာေတာ့ဘဲ ရပ္တန႔္သြားခဲ့သည္။ သို႔ေသာ္ ယခု ေလ့လာမႈတြင္ ပါဝင္သူေတြက ေအာင္ျမင္မႈတစ္ခုျဖစ္သည္ဟု ဆိုသည္။
“ဒီသုေတသနက NASA ရဲ့ အာကာသထဲမွာ လူသားေတြ ကာလရွည္ၾကာ စူးစမ္းရွာေဖြေရး ရည္မွန္းခ်က္အတြက္ အေရးပါပါတယ္။ အနာဂတ္မွာ အာကာသယာဥ္မႉးေတြက ပိုမိုအတြင္းက် ေဝးလံတဲ့ အာကာသထဲမွာ ေနထိုင္ၿပီး လုပ္ငန္းလုပ္ကိုင္ရာမွာ စားနပ္ရိကၡာအတြက္ လနဲ႔ အဂၤါၿဂိဳဟ္ေပၚမွာရွိတဲ့ အရင္းအျမစ္ေတြကို သုံးဖို႔လိုအပ္လာမွာ ျဖစ္ပါတယ္” ဟု NASA အႀကီးအကဲ Bill Nelson က ေျပာသည္။
“ဒီ အေျခခံအပင္ရွင္သန္ႀကီးထြားမႈ သုေတသနက NASA က စိုက္ပ်ိဳးေရးတီထြင္ဆန္းသစ္မႈေတြကို ေဖာ္ထုတ္ဖို႔ ဘယ္လို လုပ္ေဆာင္ေနတယ္ဆိုတာရဲ့ အဓိက ဥပမာတစ္ခုလည္း ျဖစ္ပါတယ္။ NASA က လုပ္ေဆာင္ေနတဲ့ စိုက္ပ်ိဳးေရးတီထြင္ဆန္းသစ္မႈေတြက ကမၻာေျမေပၚရွိ စားနပ္ရိကၡာရွားပါးတဲ့ ေဒသေတြမွာ အပင္ေတြ မျဖစ္ထြန္းမႈကို ဘယ္လို ေျဖရွင္းနိုင္မလဲဆိုတာ နားလည္သိရွိနိုင္ဖို႔ ကူညီနိုင္ပါတယ္” ဟုလည္း ၎က ဆိုသည္။
ယခုေလ့လာမႈမွာ သုေတသီေတြ အတြက္ စိန္ေခၚမႈတစ္ခုကေတာ့ အပင္စိုက္ပ်ိဳးရန္ လေပၚမွေျမႀကီးကို မ်ားစြာ အသုံးမျပဳနိုင္ျခင္း ျဖစ္သည္။
၁၉၆၉ ခုႏွစ္မွ သုံးႏွစ္တာ ကာလအတြင္း NASA အာကာသယာဥ္မႉးေတြက လမ်က္ႏွာျပင္ေပၚမွ အေလးခ်ိန္ (၈၄၂) ေပါင္ရွိ ေက်ာက္တုံးမ်ား၊ တူးေဖာ္ရယူလာသည့္ ေျမသားနမူနာမ်ား၊ ေက်ာက္စရစ္ခဲမ်ား၊ သဲႏွင့္ ေျမမႈန္မ်ားကို စုေဆာင္းရယူခဲ့သည္။
ဖေလာ္ရီဒါတကၠသိုလ္မွ သုေတသီအဖြဲ႕က အပင္တစ္ပင္အတြက္ ဆယ္စုႏွစ္မ်ားၾကာ သိမ္းဆည္းထားခဲ့သည့္ လေပၚမွေျမႀကီး (၁) ဂရမ္မၽွကိုသာ ရရွိခဲ့ၾကျခင္း ျဖစ္သည္။
NASA က လေပၚသို႔ လူသားမ်ားေျခခ်ရန္ အာကာသခရီးစဥ္ကို လာမည့္ ၂၀၂န၅ ခုႏွစ္အတြင္း စီစဥ္ထားၿပီး ၁၉၇၂ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ လကမၻာခရီးစဥ္လည္း ျဖစ္လာမည္ဟု သိရသည္။crd;TNA
Source: BBC
Photo: Tyler Jones, UF/IFAS/Handout via Reuters