ၾကားသိသမွ်

မင်းအောင်လှိုင်ထံမှရသည့် မိုင်တဲ မမ ၆၀ နဲ့ ပဒေသာမို င်းကိုပေါင်းစပ်ထားသည့် PDF ၏ (၂) ဆပြင်းမို င်းကြောင့် စစ်ကောင်စီယာဉ်တန်း ပြန်မပစ်နိုင်ဘဲ (၁၅) ဦးေ သဟုဆို

မင်းအောင်လှိုင်ထံမှရသည့် 60 mm နှင့် Mytel ကိုပေါင်းစပ်ထားသည့် PDF ၏ (၂) ဆပြင်းမိုင်းကြောင့် စစ်ကောင်စီယာဉ်တန်း ပြန်မပစ်နိုင်ဘဲ (၁၅) ဦးသေဟုဆို

မုံရွာ၊ မေ (၁၄)

လူငယ့်ခေတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာကားလမ်းမဘေး ဖြတ်သန်းသွားလားသည့် စစ်ယာဉ်တန်းကို ဒေသခံတော်လှန်ရေးအဖွဲ့များက ယနေ့ ပဒေသာမိုင်းဆွဲ၍ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ (၁၅) ဦး သေဆုံးခဲ့သည်ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ ( CDSOM ) က ထုတ်ပြန်သည်။

“ခွေး (စစ်ကောင်စီလက်ပါးစေ) တွေ ပစ်ချိန်တောင်မရလိုက်ဘူး၊ ဘာလို့ဆို ပေါက်ကွဲအားနဲ့ပြင်းအားက သိပ်ကိုပြင်းတယ်။ ပေါက်ကွဲသံက (၂) မိုင်လောက်က အထိကြားရတယ်။” ဟု CDSOM မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

ထိုတိုက်ခိုက်မှုကို CDSOM အပါအဝင် မဟာမိတ် (၈) ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မနက် (၁၁) နာရီခန့်တွင် (၂) ကြိမ်မိုင်းဆွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်နိုင်ရန်အတွက် 60 mm ဗုံးသီးနှင့် Mytel တာဝါတိုင်များကိုပေါင်းစပ်အသုံးပြုထားသော အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) က ထုတ်လုပ်သည့် ပ‌ဒေသာမိုင်း (၁၀) လုံးအပြင် အခြားမိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မိုင်းအသားပေးပါ။ မိုင်တဲ မမ ၆၀ နဲ့ ပဒေသာမိုင်းကို ပေါင်းစပ်ဗားရှင်းထုတ်တာ။ လုံးဝ (၂) ထပ်ကွမ်းပေါက်ကွဲတာ၊ ပြင်းအားက (၂) ဆပြင်းတယ်။”ဟု CDSOM တာဝန်ရှိသူက ပြောသည်။

ယခင်က စစ်ကောင်စီတပ်များ မြောင်ဒေသသို့စစ်ကြောင်းထိုးချိန် ကျန်ခဲ့သည့် 60 mm ဗုံးသီးများနှင့် ထိုပဒေသာမိုင်းကို ဆင်ခဲ့ခြင်းဖြစ်ကြောင်းလည်း CDSOM နှင့် နီးစပ်သူတစ်ဦးက ရေးသားထားသည်။

ထိုစစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ထားပြီး စစ်ကောင်စီ၏ သေဆုံး၊ ထိခိုက်မှု အသေးစိတ်အချက်အလက်များကိုမူ လူငယ့်ခေတ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။