မြိုင်မြို့နယ်တွင် ကျောက်ခွက်ရေနံမြေ စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ လက် နက်ကြီးများဖြင့် ပစ်ခတ်မှု စစ်သား ၅ ဦးသေဆုံး
ရန်ကုန်၊ မေ ၁၄
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကျောက်ခွက်ရေနံမြေ စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု စစ်သား ၅ ဦးသေဆုံးသွားကြောင်း Black God ပျောက်ကြားတပ်ဖွဲ့(မြိုင်)မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ မိုးစက် ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မြိုင်မြို့နယ်အနောက်ပိုင်း ကျောက်ခွက်ရေနံမြေ Well 2 ရှိ စစ်ကောင်စီစခန်းကို BlackGodပြောက်ကျားတပ်ဖွဲ့ နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက ၄၀ မမ ၊ ၆၀ မမ ၊ ၈၀ မမ လက်လုပ် လက်..နက်…ကြီးများဖြင့် အချက် နှစ်ဆယ်ခန့် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်သားများကလည်း လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် ခဲ့သော်လည်း PDF ရဲဘော်များ ထိခိုက်မှု မရှိကြောင်း၊ တိုက်ခိုက်မှုကို Black Godပြောက်ကျားတပ်ဖွဲ့၊ Future Generation ပြောက်ကျားတပ်ဖွဲ့၊ 5.0.2 ပြောက်ကျားတပ်ဖွဲ့နှင့်ဒေသခံ Local pdf များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။