ၾကားသိသမွ်

ပအိုဝ်း PDF က စစ်ဘေးရှောင် ၂၃၀ ကျော်အတွက် စားနပ်ရိက္ခာများ သွားရောက်လှူဒါန်း

မဲခေါင်၊ မေ ၁၄

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(Pa-o NDF)မှ ယနေ့မေလ ၁၄ ရက်၊ နံနက်ပိုင်းက စစ်ဘေးရှောင်စခန်းတစ်ခုရှိ စစ်ဘေးရှောင် ၂၃၀ ကျော်အတွက် စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အဆိုပါစစ်ဘေးရှောင်စခန်းရှိ အိမ်ထောင်စု ၅၂ စု၊ လူဦးရေ ၂၃၇ ဦးအတွက် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ပါဝင်ကူညီလှူဒါန်းကြသည့် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ရှိပါကြောင်း Pa-o NDF ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းစစ်ဘေးရှောင်စခန်းအတွက် ဆီ၊ ဆား၊ ဟင်းချိုမှုန့် စသည့် အခြေခံစားသောက်ကုန်များနှင့် နေရာထိုင်ခင်းများအတွက် မိုးကာများ လိုအပ်လျက်ရှိသည့်အတွက် ပါဝင်ကူညီပေးကြရန်ကိုလည်း Pa-o NDF က တောင်းဆိုထားသည်။

Pa-o National Defense Force ကို ယခင်နှစ် မေလ၊ ၂၉ ရက်က စတင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယခုနှစ် ဧပြီလ ၆ ရက်က ကိုးလုံးကျည်ခါးချိုးလက်လုပ်သေနတ်ကို ထုတ်လုပ်အောင်မြင်ခဲ့သလို ယမန်‌နေ့၊ မေလ ၁၃ ရက်က ရှမ်းပြည်နယ်တောင်ပိုင်းမဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းထား၌ ပူးပေါင်းပါဝင်ထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ထို့အပြင် ပအိုဝ်းပြည်သူ့စစ်(PNO)အနေဖြင့် ပြည်သူများကို သေနတ်ထောက်ခြိမ်းခြောက်နေသည့် အကြမ်းဖက်ကိစ္စများကို ရပ်တန့်ရန်နှင့် စစ်ကောင်စီ၏ သတင်းပေးဒလန်များအနေဖြင့် ပြည်သူများကို သတ်ဖြတ်ရန် ပူးပေါင်းကြံစည်ပေးနေသည့် လုပ်ရပ်များကို ရပ်တန့်ရန် Pa-o NDF က သတိပေးထားသည်။