ဘုန်းကြီးကျောင်းပေါ် စစ်တပ်ပစ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့်ကျောင်းထိုင်ဆရာ
တော် အပါအဝင် သံဃာ ၄ ပါး ပျံလွန်တော်မူ
စစ်ဝေးသော်/ဧရာဝတီတိုင်းမ်
မေလ ၁၄ ရက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတစ်ခုပေါ်သို့ စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာ ၄ ပါး ပျံလွန်တော်မူခဲ့ကြောင်း သတင်းရရှိသည်။
ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန (မြို့နယ်အုပ်ချုပ်ရေးမှူးရုံး) ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယမန်နေ့ ညနေပိုင်းတွင် ပစ်ခတ်မှုကြောင့် ပုလဲမြို့၊ ရွှေညိုရပ်ကွက်၊ ပုလဲ-ဂန့်ဂေါ ကားလမ်းမဘေးရှိ မြသိန်းတန်ဘုန်းကြီးကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ပုလဲမြို့နယ်အခြေစိုက် ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
“ဟုတ်ပါတယ်။ မြို့ပေါ်မှာကို အထိုင်ချထားတဲ့တပ်က ပစ်လိုက်တာပါ။ ဘုန်းကြီးကျောင်းပေါ်ကျလို့ ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာ ၄ ပါး ပျံလွန်တော်မူခဲ့ပါတယ်”ဟု ကျားသစ်နက် ပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဥက္ကာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မြသိန်းတန် ဘုန်းတော်ကြီးကျောင်းမှ ဦးဖင်း ၁ ပါးနှင့် ကိုရင် ၂ ပါးမှာ ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ပြီး ကျောင်းထိုင်ဆရာတော်မှာ ယနေ့နံနက်ပိုင်းတွင် ရရှိထားသည့် ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့သည့် မြသိန်းတန်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်နှင့် သံဃာ ၃ ပါးကို ယနေ့တွင် ဒကာ၊ ဒကာမများက မြေချသဂြိုလ်ခဲ့ကြောင်း သိရသည်။
ဘုန္းႀကီးေက်ာင္းေပၚ စစ္တပ္ပစ္သည့္ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲသျဖင့္ေက်ာင္းထိုင္ဆရာ
ေတာ္ အပါအဝင္ သံဃာ ၄ ပါး ပ်ံလြန္ေတာ္မူ
စစ္ေဝးေသာ္/ဧရာဝတီတိုင္းမ္
ေမလ ၁၄ ရက္
စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕ေပၚရွိ ဘုန္းႀကီးေက်ာင္းတစ္ခုေပၚသို႔ စစ္ေကာင္စီတပ္မွ ပစ္ခတ္သည့္ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေက်ာင္းထိုင္ဆရာေတာ္အပါအဝင္ သံဃာ ၄ ပါး ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း သတင္းရရွိသည္။
ပုလဲၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဌာန (ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံး) ၌တပ္စြဲထားသည့္ စစ္ေကာင္စီတပ္က ယမန္ေန႔ ညေနပိုင္းတြင္ ပစ္ခတ္မႈေၾကာင့္ ပုလဲၿမိဳ႕၊ ေရႊညိဳရပ္ကြက္၊ ပုလဲ-ဂန႔္ေဂါ ကားလမ္းမေဘးရွိ ျမသိန္းတန္ဘုန္းႀကီးေက်ာင္းေပၚသို႔ က်ေရာက္ေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း ပုလဲၿမိဳ႕နယ္အေျခစိုက္ က်ားသစ္နက္ ေျပာက္က်ားတပ္ဖြဲ႕ထံမွ သိရသည္။
“ဟုတ္ပါတယ္။ ၿမိဳ႕ေပၚမွာကို အထိုင္ခ်ထားတဲ့တပ္က ပစ္လိုက္တာပါ။ ဘုန္းႀကီးေက်ာင္းေပၚက်လို႔ ေက်ာင္းထိုင္ဆရာေတာ္အပါအဝင္ သံဃာ ၄ ပါး ပ်ံလြန္ေတာ္မူခဲ့ပါတယ္”ဟု က်ားသစ္နက္ ေျပာက္က်ား တပ္ဖြဲ႕ေခါင္းေဆာင္ ဗိုလ္ဥကၠာက ဧရာဝတီတိုင္းမ္ကို ေျပာသည္။
လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ျမသိန္းတန္ ဘုန္းေတာ္ႀကီးေက်ာင္းမွ ဦးဖင္း ၁ ပါးႏွင့္ ကိုရင္ ၂ ပါးမွာ ပြဲခ်င္းၿပီး ပ်ံလြန္ေတာ္မူခဲ့ၿပီး ေက်ာင္းထိုင္ဆရာေတာ္မွာ ယေန႔နံနက္ပိုင္းတြင္ ရရွိထားသည့္ ဒဏ္ရာမ်ားျဖင့္ ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း သိရသည္။
စစ္တပ္၏ ပစ္ခတ္မႈေၾကာင့္ ပ်ံလြန္ေတာ္မူခဲ့သည့္ ျမသိန္းတန္ေက်ာင္းတိုက္ ေက်ာင္းထိုင္ဆရာေတာ္ႏွင့္ သံဃာ ၃ ပါးကို ယေန႔တြင္ ဒကာ၊ ဒကာမမ်ားက ေျမခ်သၿဂိဳလ္ခဲ့ေၾကာင္း သိရသည္။