ၾကားသိသမွ်

Golden Eagle-PDFက စစ်ကောင်စီတပ်စခန်းများကို ဒရုန်းတပ်ဖွဲ့က ဗုံး ကျဲ တိုက်ခိုက်ပုံများကို ထုတ်ပြန်

ကရင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ဒရုန်းတပ်ဖွဲ့က ဗုံးကျဲတိုက်ခိုက်ပုံများကို Golden Eagle-PDFက ထုတ်ပြန်

ရန်ကုန်၊ မေ ၁၄

ကရင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ဒရုန်းတပ်ဖွဲ့က ဗုံးကျဲတိုက်ခိုက်ပုံများကို Golden Eagle-PDFက ထုတ်ပြန်လိုက်သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၂၄ ရက်နေ့ အထိ လေးကေ့ကော်တိုက်ပွဲတွင် စွယ်တော်ကုန်း အမြှောက်စခန်းကို ဗုံးကျဲတိုက်ခိုက်မှု ၊ ၂၀၂၁ ခုနှစ်ဒီဇင်ဘာလ ၂၅ ရက်နေ့ သေ့ပေါဘိုး စခန်းကုန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀၊ ၁၁၊ ၁၂ ရက်နေ့တွင် ဗိုလ်စလုံးတို့နှင့်အတူ ဖလူးတိုက်ပွဲတွင် ဒရုန်းဖြင့် ပါဝင်တိုက်ခိုက်မှုများကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Golden Eagle-PDFက “မြန်မာပြည်သူလူထုအပေါ် ရက်စက်ယုတ်မာတဲ့ စစ်အာဏာရှင်အပေါင်းအပါများနှင့် စစ်အာဏာရှင်စနစ်ကို တော်လှန်ဖြုတ်ချဖို့အတွက် ကျွန်တော်တို့ တိုက်ပွဲဝင်လာတာ ၁နှစ်ကျော်လာပြီဖြစ်ပါတယ်၊

အရင်က လုံခြုံရေးအရ ”လဝ” အနေဖြင့် ထိန်းသိမ်းထားခဲ့ရတဲ့ မှတ်တမ်းများကို ယခုအခါ ပြည်သူ့အင်အားတစ်ခုအနေဖြင့် ချပြဖို့ဆုံးဖြတ်လိုက်ကြပြီး ပြည်သူထဲမှ ပေါက်ဖွားလာတဲ့ ပြည်သူ့ရဲဘော်တွေဖြစ်တဲ့ Golden Eagle-PDF ရဲဘော်ညီအကိုအဖွဲ့မှ တိုက်ပွဲဝင်ပုံများကို ပြည်သူများထံသို့တင်ပြအပ်ပါတယ်။ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းပြီး စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ပေါ်လာတဲ့အထိ ပြည်သူ့ရဲဘော်များအဖြစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပါတယ်ခင်ဗျာ။” ဟု ဗီဒီယိုနှင့်အတူ ပြည်သူများထံ သတင်းစကားပါးထားသည်။