ရေစကြို ဆက်သွယ်ရေးရုံးနှင့်စိုက်ပျိုးရေးရုံးအကြား စစ်အုပ်စုမိုင်းခွဲခံရပြီး ၈ ဦးခန့်သေဆုံးနိုင်
ရေစကြို ၊ မေ ၁၄ ၊ ၂၀၂၂။
ရေစကြိုမြို့အဝင်၊ ဆက်သွယ်ရေးရုံးနဲ့စိုက်ပျိုးရေးရုံးကြားတွင် ပြည်သူလူထုကိုဒုက္ခပေးရန် ကြံစည်နေသော အကြမ်းဖက်စစ်ကောင်စီတပ်မှစစ်သားနှင့်ရဲများအား မေလ ၁၄ ရက်နေ့တွင် Yesagyo PDF မှ မိုင်း ၃ လုံးခွဲခဲ့ကြောင်း တပ်ရင်းမှူးမှိုင်းတေဇကပြောပါတယ်။
ယနေ့နံနက် ၇ နာရီဝန်းကျင်ခန့်က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး mission တခုပြုလုပ်တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ချထားတဲ့ မိုင်းကိုခွဲလိုက်တာ၊ ပထမတချက်ခွဲတယ်၊ ဒုတိယတချက်ထပ်ခွဲတယ်၊ ခွဲတာတော့ ၂ ခါပါ၊ ပထမတချက်က ၂ လုံးကွဲပြီး ဒုတိယတချက် ၂ လုံးခွဲတယ်၊ ၄ လုံးခွဲတာမှာ ၃ လုံးကွဲတယ်၊ ပထမအချက်ခွဲခွဲတဲ့အခါမှာ ၅ ကောင်လောက်ရှိတဲ့နေရာမှာ ၄ ကောင်ကမှောက်သွားတယ်၊ ၁ ကောင်ကထနိုင်တယ်လို့သိရတယ်၊ နောက်တချက်ခွဲတာမှ ၄ ကောင်လုံးမထနိုင်ဘူး၊” လို့ တပ်ရင်းမှူးဗိုလ်မှိုင်းတေဇကပြောပါတယ်။
မိုင်းထိမှန်သွားသူများကို လူနာတင်ကားများ ချက်ခြင်းခေါ်ကာ တင်ဆောင်သွားပြီး နောက်ဆက်တွဲအခြေအနေကို မသိရသေးကြောင်း ၎င်းကဆက်ပြောသည်။
“ပြည်သူတွေအနေနဲ့ PDF တွေတိုက်ခိုက်နေတဲ့ စစ်ကောင်စီအကြမ်းဖက်နေရာတွေနဲ့ခပ်ဝေးဝေးမှာပဲနေပေးပါ၊ စစ်ကောင်စီရှိတဲ့စုစုနေရာတွေမှာ မနေဖို့ပါပဲ၊ ကျနော်တို့တိုက်နေတဲ့နေရာမှာပြည်သူတွေရှိနေရင်လုပ်ရကိုင်ရတာအရမ်းခက်တယ်၊ ဘာအကြောင်းနဲ့မှစစ်ကောင်စီအနီးအနားမှာမနေပါနဲ့၊” လို့ ဗိုလ်မှိုင်းတေဇ က ဆိုပါတယ်။
ဒါအပြင် စစ်ကောင်စီလက်အောက်မှာရှိနေတဲ့သူတွေအနေနဲ့လည်း NUG ၊ PDF တွေနဲ့ပူးပေါင်းဖို့ ဖိတ်ခေါ်ထားပြီး မပူးပေါင်းပဲ ပြည်သူလူထုကိုဒုက္ခပေးနေပါက အဆုံးထိတိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ #မြေလတ်အသံ