ၾကားသိသမွ်

လ က် န က်ကိုင်ပြီး ပြည်သူကိုအနိုင်ကျင့်သည့် ရေးမြို့နယ်ကဗျာကြီးရွာမှ အုပ်ချုပ်ရေးမှူးကို ရှင်းလင်းခဲ့၊ လ က် န က် တစ်လက်ရဟု ရေးဘီလူးအဖွဲ့ပြော

လက်နက်ကိုင်ပြီး ပြည်သူကိုအနိုင်ကျင့်သည့် ရေးမြို့နယ်ကဗျာကြီးရွာမှ အုပ်ချုပ်ရေးမှူးကို ရှင်းလင်းခဲ့၊ လက်နက်တစ်လက်ရဟု ရေးဘီလူးအဖွဲ့ပြော

မေ ၁၄၊ The Nation Voice

မွန်ပြည်နယ်၊ ရေးမြို့နယ် ကဗျာကြီးကျေးရွာမှ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို ယမန်နေ့ညနေပိုင်းက ရှင်းလင်းခဲ့သည်ဟု ရေးဘီလူး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်က အသိပေးသည်။

မေလ (၁၃) ရက် ညနေပိုင်းက သွားရောက်ရှင်းလင်းခဲ့ရာ အဆိုပါ ပျူစောထီးခေါင်းဆောင်ထံမှ စစ်ကောင်စီချပေးထားသည့် လက်နက်တစ်လက် ရရှိခဲ့သည်ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

အဆိုပါ ပျူစောထီးခေါင်းဆောင်သည် လက်နက်ကိုင်ဆောင်သည့်အပြင် ပြည်သူများကို သတ်ဖြတ်ရန် အားပေးမှုများ မတရားမှုများ လုပ်ဆောင်နေကြောင်း တိုင်ကြားလာ၍ အချိန်ယူလေ့လာခဲ့ရာ သက်သေခိုင်လုံ၍ ယခုကဲ့သို့ ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ ပျူစောထီးခေါင်းဆောင်နှင့်အတူ ရှိနေသည့် ထွေအုပ်ဦးစီး အရာရှိကိုပါ ရှင်းလင်းခဲ့ကြောင်း ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

“ကဗျာကြီး အုပ်ချုပ်ရေးမှူးက လက်နက်ကိုင်ဆောင်တဲ့အပြင် သူ့မှာ ကိုယ်ပိုင်စစ်သားတွေပါရှိတာဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို စီးနင်းပစ်ခတ်နိုင်ခဲ့တဲ့အပြင် ကျွန်တော်တို့ သူနဲ့အတူ ပါလာခဲ့တဲ့ ထွေအုပ် ဦးစီးတစ်ယောက်ကို ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ သက်သေနဲ့တကွ ချပြတာပါ။ သူ့ဆီကနေ ရရှိလာခဲ့လက်နက် ရန်သူ့လက်နက်ကိုယ့် လက်နက်ဖြစ်သလို ကျွန်တော်တို့ သိမ်းဆည်းလာတဲ့ လက်နက်ပဲဖြစ်ပါတယ်” ဟု ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

ရေးဘီးလူးအဖွဲ့အနေဖြင့် မေလ (၁၀) ရက်ကလည်း ရေးမြို့နယ် ကျောင်းရွာအခြေစိုက်စစ်ကောင်စီတပ်ရင်း တစ်ခုကို သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်။