ၾကားသိသမွ်

စစ်တပ်ကိုတုန်လှုပ်စေတဲ့ မစ်ရှင်းအချို့မှာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ လေတပ်မှအုပ်ခွဲတပ်ကြပ်ကြီးလွတ်မြောက်နယ်မြေရောက်ရှိ

တပ်တွင်းသတင်းပေးအဖြစ်ဆောင်ရွက်ခဲ့တဲ့ တပ်ကြပ်ကြီး နိုင်ကြီး လွတ်မြောက်နယ်မြေရောက်ရှိ

မေ ၁၄၊ ၂၀၂၂

တပ်အတွင်းက အရေးကြီးတဲ့သတင်းတွေကို ဆက်တိုက်ပေးခဲ့တဲ့ လေတပ်မှ အုပ်ခွဲတပ်ကြပ်ကြီး နိုင်ကြီး ဟာ ပြည်သူ့ပန်းတိုင်နှင့် ချိတ်ဆက်ကာ ဧပြီ ၁၉ ရက် က CDM ပြုလုပ်လာတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဗိုလ်ကြီး ညီသုတကလည်း” စစ်တပ်ကိုတုန်လှုပ်စေတဲ့ Mission အချို့မှာ ပူးပေါင်းဆောင်ရွက်ခဲ့သူပါ။ ပြည်သူ့ပန်းတိုင် အဖွဲ့ဝင်တွေနဲ့ တပ်တွင်းသတင်းပေးတွေချိတ်ဆက်ပြီး ကူညီပေးနေတာရှိတယ်။ တချို့ Mission တွေက အတွင်းကလူတွေမပါဘဲ ဆောင်ရွက်လို့မရဘူး။ သူတို့က CDM မလုပ်ခင် အထဲကနေရသလောက် အကျိုးပြုတယ်”

“အတွင်းကနေလုပ်ရတာ အဖမ်းခံရရင် တစ်ခါတည်းအသတ်ခံရနိုင်ပေမယ့် မကြောက်ဘူး။ ဒီလိုလူတွေနဲ့ လပေါင်းများစွာတွဲလုပ်ပြီးတဲ့အခါ သူတို့ အခုလိုထွက်လာရင် တတ်နိုင်သမျှကူပေးချင်တယ်ဗျာ။ ကျနော်တို့ပေးနိုင်တဲ့လက်ဆောင်က ဒါပဲရှိတာမလား” လို့လည်း သူ့ရဲ့ လူမှုကွန်ရက်မှာ တက်ကြပ်ကြီး နိုင်ကြီးနဲ့ ပတ်သက်ပြီးရေးထားပါတယ်။

ပြည်သူ့ပန်းတိုင်အဖွဲ့က” စစ်ကောင်စီတပ်တွင်းမှာကတည်းက ပြည်သူ့ဘက်ရပ်တည်ခဲ့တဲ့ အုပ်ခွဲတပ်ကြပ် ကြီးရဲ့ အဖိုးတန်သတင်းတွေကြောင့် ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်။ လုံခြုရေး အခြေအနေကြောင့် သူကူညီခဲ့တဲ့ Mission တွေကို ထုတ်ဖော် မပြောနိုင်သေးပါဘူး။ ထိရောက်တဲ့ Mission တွေဖြစ်ကြောင်းကို ပြည်သူ့ပန်းတိုင်အဖွဲ့က အတည်ပြုပေးနိုင်ပါတယ်” လို့ဖော်ပြပါတယ်။

တပ်ကြပ်ကြီးနိုင်ဦးကို ပြည်သူ့ပန်းတိုင်အဖွဲ့က လွတ်မြောက်နယ်မြေသို့ နေရာရွှေ့ပြောင်းစရိတ်အပြင် ပြည်သူ့ထောက်ပံ့ငွေထဲမှ ၃သိန်း ဆုချီးမြှင့်ပေးခဲ့တယ်လို့လည်းထုတ်ပြန်ပါတယ်။ BVJ