ၾကားသိသမွ်

အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာနေ့အထိမ်းအမှတ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်း ပြောကြား

အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာနေ့အထိမ်းအမှတ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်း ပြောကြား

မေ ၁၄ ၊ ၂၀၂၂

အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့အထိမ်းအမှတ် အခမ်းအနား (International Day of Vesak 2022) ကို မေ ၁၃ ရက် က အွန်လိုင်းနဲ့ ကျင်းပပြုလုပ်ခဲ့ရာ ကုလ သမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့် ခွန်းပြောကြားခဲ့ပါတယ်။


အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့အထိမ်းအမှတ် အခမ်းအနားကို နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ သီရိလင်္ကာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနဲ့ ထိုင်းနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး တို့မှ ပူးတွဲကမကထပြုလုပ်ပြီး အွန်လိုင်းကနေ ကျင်းပပြုလုပ်ခဲ့တာပါ။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက “ ဗုဒ္ဓနေ့အထိမ်းအမှတ် အခမ်းအနားကို ပူး တွဲကြီးမှူးကျင်းပပေးကြပါသော သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့မှ အမြဲတမ်းကိုယ် စားလှယ်နှစ်ဦးတို့အား ကျေးဇူးတင်ရှိပါကြောင်း၊ ဗုဒ္ဓနေ့ကို နှစ်စဉ်ကျင်းပပြု လုပ်ပေးတဲံအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ တရားတော်များကို ဟောကြားပေးပါသော သံဃာတော်၊ ဆရာတော်များကိုလည်း ကျေးဇူးဥပကာရတင်ရှိပါကြောင်း” ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီးတော့လည်း “မြန်မာပြည်သူပြည်သူများအနေနဲ့ ဗုဒ္ဓနေ့မှာ မဟာဗောဓိညောင်ပင်အား ရေသွန်းလောင်းခြင်း အပါအဝင် အခြားသော ကောင်းမှုကုသိုလ်အစုစုတို့ကို ပြုလုပ်ပြီး နှစ်စဉ်ဆင်နွှဲလေ့ ရှိပါကြောင်း၊ သို့သော် ယမန် နှစ်မှစတင်ပြီး ဗုဒ္ဓနေ့ကို ပုံမှန်အခြေအနေကဲ့သို့ အပြည့်အဝဆင်နွှဲနိုင်ခြင်း မရှိတော့ပါကြောင်း၊ မိမိတို့ ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရား၏ တရားတော်များကို သက်ဝင်ယုံကြည်ကြပါကြောင်း၊ မိမိတို့အားလုံးအနေဖြင့် ဗြဟ္မစိုရ်တရား (၄) ပါးဖြစ်သည့် မေတ္တာ၊ ဂရုဏာ၊ မုဒိတာနှင့် ဥပေက္ခာတို့ကို နေ့စဉ်ကျင့်သုံးကြပါရန် တိုက်တွန်းပါကြောင်း” ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

အဆိုပါအခမ်းအနားကို သီရိလင်္ကာ အမြဲတမ်းကိုယ်စားလှယ်နဲ့ ထိုင်းအမြဲတမ်း ကိုယ်စားလှယ်တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့တာပါ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် နီပေါ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ ပါကစ္စတန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ လာအို၊ ရုရှားနှင့် မလေးရှားနိုင်ငံတို့မှ အမြဲတမ်းကိုယ်စားလှယ်တွေနဲ့ ဒုတိယအမြဲတမ်း ကိုယ်စားလှယ်တွေက မိန့်ခွန်းတွေပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။PVTV

Zawgyi

အျပည္ျပည္ဆိုင္ရာ ဗုဒၶဘာသာေန႔အထိမ္းအမွတ္အျဖစ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက မိန႔္ခြန္း ေျပာၾကား

ေမ ၁၄ ၊ ၂၀၂၂

အျပည္ျပည္ဆိုင္ရာ ဗုဒၶေန႔အထိမ္းအမွတ္ အခမ္းအနား (International Day of Vesak 2022) ကို ေမ ၁၃ ရက္ က အြန္လိုင္းနဲ႔ က်င္းပျပဳလုပ္ခဲ့ရာ ကုလ သမဂၢ ျမန္မာအျမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက မိန႔္ ခြန္းေျပာၾကားခဲ့ပါတယ္။

အျပည္ျပည္ဆိုင္ရာ ဗုဒၶေန႔အထိမ္းအမွတ္ အခမ္းအနားကို နယူးေယာက္ၿမိဳ႕ အေျခစိုက္ ကုလသမဂၢဆိုင္ရာ သီရိလကၤာနိုင္ငံ အျမဲတမ္းကိုယ္စားလွယ္အဖြဲ႕႐ုံးနဲ႔ ထိုင္းနိုင္ငံ အျမဲတမ္းကိုယ္စားလွယ္အဖြဲ႕႐ုံး တို႔မွ ပူးတြဲကမကထျပဳလုပ္ၿပီး အြန္လိုင္းကေန က်င္းပျပဳလုပ္ခဲ့တာပါ။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက “ ဗုဒၶေန႔အထိမ္းအမွတ္ အခမ္းအနားကို ပူး တြဲႀကီးမႉးက်င္းပေပးၾကပါေသာ သီရိလကၤာနဲ႔ ထိုင္းနိုင္ငံတို႔မွ အျမဲတမ္းကိုယ္ စားလွယ္ႏွစ္ဦးတို႔အား ေက်းဇူးတင္ရွိပါေၾကာင္း၊ ဗုဒၶေန႔ကို ႏွစ္စဥ္က်င္းပျပဳ လုပ္ေပးတဲံအတြက္ ေက်းဇူးအထူးတင္ရွိပါေၾကာင္း၊ ဗုဒၶရဲ့ အဆုံးအမေတြနဲ႔ တရားေတာ္မ်ားကို ေဟာၾကားေပးပါေသာ သံဃာေတာ္၊ ဆရာေတာ္မ်ားကိုလည္း ေက်းဇူးဥပကာရတင္ရွိပါေၾကာင္း” ေျပာၾကားခဲ့ပါတယ္။

ဆက္လက္ၿပီးေတာ့လည္း “ျမန္မာျပည္သူျပည္သူမ်ားအေနနဲ႔ ဗုဒၶေန႔မွာ မဟာေဗာဓိေညာင္ပင္အား ေရသြန္းေလာင္းျခင္း အပါအဝင္ အျခားေသာ ေကာင္းမႈကုသိုလ္အစုစုတို႔ကို ျပဳလုပ္ၿပီး ႏွစ္စဥ္ဆင္ႏႊဲေလ့ ရွိပါေၾကာင္း၊ သို႔ေသာ္ ယမန္ ႏွစ္မွစတင္ၿပီး ဗုဒၶေန႔ကို ပုံမွန္အေျခအေနကဲ့သို႔ အျပည့္အဝဆင္ႏႊဲနိုင္ျခင္း မရွိေတာ့ပါေၾကာင္း၊ မိမိတို႔ ဗုဒၶဘာသာဝင္မ်ားအေနျဖင့္ ျမတ္စြာဘုရား၏ တရားေတာ္မ်ားကို သက္ဝင္ယုံၾကည္ၾကပါေၾကာင္း၊ မိမိတို႔အားလုံးအေနျဖင့္ ျဗဟၼစိုရ္တရား (၄) ပါးျဖစ္သည့္ ေမတၱာ၊ ဂ႐ုဏာ၊ မုဒိတာႏွင့္ ဥေပကၡာတို႔ကို ေန႔စဥ္က်င့္သုံးၾကပါရန္ တိုက္တြန္းပါေၾကာင္း” ဦးေက်ာ္မိုးထြန္းက ေျပာၾကားခဲ့ပါတယ္။

အဆိုပါအခမ္းအနားကို သီရိလကၤာ အျမဲတမ္းကိုယ္စားလွယ္နဲ႔ ထိုင္းအျမဲတမ္း ကိုယ္စားလွယ္တို႔က ပူးတြဲသဘာပတိမ်ားအျဖစ္ ေဆာင္ရြက္ခဲ့တာပါ။

ကုလသမဂၢဆိုင္ရာ ျမန္မာအျမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း အပါအဝင္ နီေပါ၊ အိႏၵိယ၊ အင္ဒိုနီးရွား၊ တ႐ုတ္၊ ကေမၻာဒီးယား၊ စင္ကာပူ၊ ဘူတန္၊ ဘဂၤလားေဒ့ရွ္၊ အီဂ်စ္၊ ပါကစၥတန္၊ ဂ်ပန္၊ ဖိလစ္ပိုင္၊ ေတာင္ကိုရီးယား၊ လာအို၊ ႐ုရွားႏွင့္ မေလးရွားနိုင္ငံတို႔မွ အျမဲတမ္းကိုယ္စားလွယ္ေတြနဲ႔ ဒုတိယအျမဲတမ္း ကိုယ္စားလွယ္ေတြက မိန႔္ခြန္းေတြေျပာၾကားခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။PVTV