ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ် ဝါရှင်တန်ခရီးစဉ်အတွင်း ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့သူ ကမ္ဘောဒီးယားအငြိမ်းစားစစ်သည် အုတ်ခ်တာ့ခ်ျ
မေလ ၁၃ ရက်
ဝါရှင်တန်မြို့တော်သို့ ပထမဆုံးခရီးစဉ် သွားရောက်နေသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်မှာ တည်းခိုရာဟိုတယ်ရှေ့၌ ထောက်ခံသူများကို နှုတ်ဆက်နေစဉ် ဖိနပ်ဖြင့် ပစ်ပေါက်ခံခဲ့ရကြောင်း သိရသည်။
အသက် ၆၉ နှစ်အရွယ် ဟွန်ဆမ်က အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ထောက်ခံသူများ နှင့် တွေ့ဆုံရန်ပြင်ဆင်နေစဉ် ကမ္ဘောဒီးယား အငြိမ်းစားစစ်သည်တစ်ဦးက ဖိနပ်ဖြင့် ဦးခေါင်းကိုပစ်ပေါက်ခဲ့သော် လည်း လွဲချော်သွားခဲ့သည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က Willard Intercontinental Hotel ၌ ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်ကို ရုပ်သံဗွီဒီ ယိုတွင် ဖမ်းယူနိုင်ခဲ့ပြီး လူမှုကွန်ရက်တွင် ပျံ့နှံ့သွားခဲ့သည်။
“ဟွန်ဆမ့်ခေါင်းကို ဖိနပ်နဲ့ပစ်ပေါက်ပြီးမှ ကျွန်တော် စိတ်သက်သာရာရပြီး အိပ်ပျော်တော့တယ်။ ကျွန် တော် ဒီလိုလုပ်ဖို့ အရင်ကတည်းက စိတ်ကူးထားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် သူ့ကို အရှက်ခွဲချင်ယုံ ထက် မပိုပါဘူး” ဟု အုတ်ခ်တာ့ချ်က ပြောသည်။
“ကျွန်တော်က ဟွန်ဆမ်ကို ဖိနပ်နဲ့သာပစ်ပေါက်တာပါ။ ဟွန်ဆန်က ကမ္ဘောဒီးယားပြည်သူတွေ၊ ငြိမ်း ချမ်းစွာဆန္ဒပြသူတွေကို လက်ပစ်ဗုံးတွေနဲ့ ပစ်သတ်ခဲ့သူပါ။ ဟွန်ဆမ်က အာဏာရှင်တစ်ဦးဖြစ်ပြီး ကျွန်တော့် ဆွေ မျိုးတွေအပါအဝင် လူအများအပြားကို သတ်ဖြတ်ခဲ့ပါတယ်” ဟု ၁၉၇၀ ခုနှစ်များအတွင်း ကမ္ဘောဒီးယားစစ်တပ်၌ တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၇၂ နှစ်အရွယ် ၄င်းက ပြောသည်။
အဆိုပါဖြစ်ရပ်က လက်သင့်ခံနိုင်ဖွယ်ရာမရှိကြောင်း၊ အကြမ်းဖက်သမားများကို သည်းညည်းခံမည်မ ဟုတ်ကြောင်း ဟွန်ဆမ်၏သားဖြစ်သူ ဟွန်က ဖေ့စ်ဘုတ်စာမျက်နှာ၌ ရေးသားခဲ့သည်။
အာဆီယံအလှည့်ကျဥက္ကဌဖြစ်သည့် ဟွန်ဆမ်၏ အာဏာသိမ်းစစ်အုပ်စုကို မျက်နှာသာပေးဆက်ဆံပြီး ပြည်သူများ၏အသံကို လျစ်လှူရှုနေသည့် မြန်မာ့အရေး ကိုင်တွယ်ပုံနှင့်ပတ်သက်၍ လေ့လာသူများက မေးခွန်း ထုတ်ခဲ့ကြသည်
crd #RFA
Zawgyi
ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆမ္ ဝါရွင္တန္ခရီးစဥ္အတြင္း ဖိနပ္ျဖင့္ပစ္ေပါက္ခဲ့သူကေမၻာဒီးယားအၿငိမ္းစားစစ္သည္ အုတ္ခ္တာ့ခ္်
ေမလ ၁၃ ရက္
ဝါရွင္တန္ၿမိဳ႕ေတာ္သို႔ ပထမဆုံးခရီးစဥ္ သြားေရာက္ေနသည့္ ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆမ္မွာ တည္းခိုရာဟိုတယ္ေရွ႕၌ ေထာက္ခံသူမ်ားကို ႏႈတ္ဆက္ေနစဥ္ ဖိနပ္ျဖင့္ ပစ္ေပါက္ခံခဲ့ရေၾကာင္း သိရသည္။
အသက္ ၆၉ ႏွစ္အရြယ္ ဟြန္ဆမ္က အေမရိကန္-အာဆီယံ ထိပ္သီးေဆြးေႏြးပြဲမတိုင္မီ ေထာက္ခံသူမ်ား ႏွင့္ ေတြ႕ဆုံရန္ျပင္ဆင္ေနစဥ္ ကေမၻာဒီးယား အၿငိမ္းစားစစ္သည္တစ္ဦးက ဖိနပ္ျဖင့္ ဦးေခါင္းကိုပစ္ေပါက္ခဲ့ေသာ္ လည္း လြဲေခ်ာ္သြားခဲ့သည္။
ၿပီးခဲ့သည့္ ဗုဒၶဟူးေန႔က Willard Intercontinental Hotel ၌ ျဖစ္ပြားခဲ့သည့္ အဆိုပါျဖစ္ရပ္ကို ႐ုပ္သံဗြီဒီ ယိုတြင္ ဖမ္းယူနိုင္ခဲ့ၿပီး လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ့သြားခဲ့သည္။
“ဟြန္ဆမ့္ေခါင္းကို ဖိနပ္နဲ႔ပစ္ေပါက္ၿပီးမွ ကၽြန္ေတာ္ စိတ္သက္သာရာရၿပီး အိပ္ေပ်ာ္ေတာ့တယ္။ ကၽြန္ ေတာ္ ဒီလိုလုပ္ဖို႔ အရင္ကတည္းက စိတ္ကူးထားတာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ ကၽြန္ေတာ္ သူ႔ကို အရွက္ခြဲခ်င္ယုံ ထက္ မပိုပါဘူး” ဟု အုတ္ခ္တာ့ခ်္က ေျပာသည္။
“ကၽြန္ေတာ္က ဟြန္ဆမ္ကို ဖိနပ္နဲ႔သာပစ္ေပါက္တာပါ။ ဟြန္ဆန္က ကေမၻာဒီးယားျပည္သူေတြ၊ ၿငိမ္း ခ်မ္းစြာဆႏၵျပသူေတြကို လက္ပစ္ဗုံးေတြနဲ႔ ပစ္သတ္ခဲ့သူပါ။ ဟြန္ဆမ္က အာဏာရွင္တစ္ဦးျဖစ္ၿပီး ကၽြန္ေတာ့္ ေဆြ မ်ိဳးေတြအပါအဝင္ လူအမ်ားအျပားကို သတ္ျဖတ္ခဲ့ပါတယ္” ဟု ၁၉၇၀ ခုႏွစ္မ်ားအတြင္း ကေမၻာဒီးယားစစ္တပ္၌ တာဝန္ထမ္းေဆာင္ခဲ့သည့္ အသက္ ၇၂ ႏွစ္အရြယ္ ၄င္းက ေျပာသည္။
အဆိုပါျဖစ္ရပ္က လက္သင့္ခံနိုင္ဖြယ္ရာမရွိေၾကာင္း၊ အၾကမ္းဖက္သမားမ်ားကို သည္းညည္းခံမည္မ ဟုတ္ေၾကာင္း ဟြန္ဆမ္၏သားျဖစ္သူ ဟြန္က ေဖ့စ္ဘုတ္စာမ်က္ႏွာ၌ ေရးသားခဲ့သည္။
အာဆီယံအလွည့္က်ဥကၠဌျဖစ္သည့္ ဟြန္ဆမ္၏ အာဏာသိမ္းစစ္အုပ္စုကို မ်က္ႏွာသာေပးဆက္ဆံၿပီး ျပည္သူမ်ား၏အသံကို လ်စ္လႉရႈေနသည့္ ျမန္မာ့အေရး ကိုင္တြယ္ပုံႏွင့္ပတ္သက္၍ ေလ့လာသူမ်ားက ေမးခြန္း ထုတ္ခဲ့ၾကသည္
crd #RFA