ၾကားသိသမွ်

စစ်ကောင်စီ၏သံအမတ်သာအောင်ညွန့်ကို ဩစတြေးလျ-အာဆီယံ ထိပ်သီးစီးပွားရေးဖိုရမ်အစီအစဉ်မှ ဖယ်ရှား

စစ်ကောင်စီ၏သံအမတ်ကို ဩစတြေးလျ-အာဆီယံ ထိပ်သီးစီးပွားရေးဖိုရမ်အစီအစဉ်မှ ဖယ်ရှား

လီလီယန်/People’s Spring

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံသံအမတ် သာအောင်ညွန့်ကို ဩစတြေးလျ-အာဆီယံ ထိပ်သီးစီးပွားရေးဖိုရမ်အစီအစဉ်မှ ဖယ်ရှားလိုက်ကြောင်း Justice for Myanmar က သတင်းထုတ်ပြန်သည်။

ဩစတြေးလျနိုင်ငံဆိုင်ရာ အကြမ်းဖက်စစ်ကောင်စီသံအမတ် သာအောင်ညွန့်သည် အထက်ပါဖိုရမ်၌ ကျေးဇူးတင်စကားပြောကြားရန် ကနဦးစီစဉ်ထားသော်လည်း ဗစ်တိုးရီးယားပြည်နယ် ဂရင်းပါတီခေါင်းဆောင်၏ မေးခွန်းထုတ်မှုကြောင့် အစီအစဉ်က ဖယ်ရှားခံရခြင်းဖြစ်သည်။

“Samantha Ratnam က အာဆီယံစီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောဖို့ မြန်မာပြည်သူတွေရဲ့ တရားဝင် ကိုယ်စားလှယ် NUGကို မဖိတ်ဘဲ အကျင့်ပျက်ခြစားမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စက်ဆုပ်ဖွယ် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ဘာကြောင့် ဖိတ်ကြားခဲ့သလဲဆိုတဲ့အပေါ် မနေ့ကပြုလုပ်တဲ့ ပါလီမန်အစည်းအဝေးမှာ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ Samantha Ratnam ကို မြန်မာပြည်သူလူထုနဲ့ အတူတကွ ရပ်တည်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု Justice for Myanmar က ထုတ်ပြန်သည်။

ဩစတြေးလျ-အာဆီယံ ထိပ်သီးစီးပွားရေးဖိုရမ်ကို ဗစ်တိုးရီးယားပြည်နယ်အစိုးရက ဦးစီးကျင်းပခြင်းဖြစ်သည်ဟု သိရသည်။