ၾကားသိသမွ်

အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ပထမနေ့တွင် မြန်မာ့အရေး အလေးထား ဆွေးနွေး

အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ပထမနေ့တွင် မြန်မာ့အရေး အလေးထား ဆွေးနွေး

ဧရာဝတီတိုင်းမ်

မေလ ၁၃ ရက်

မြန်မာနိုင်ငံရှိ ကသောင်းကနင်းအခြေအနေများကို အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်၌ကျင်းပသည့် အ မေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ပထမနေ့တွင် အဓိက ဆွေးနွေးခဲ့ပြီး NUG အစိုးရနှင့် ထိတွေ့ဆက်ဆံရန် ငြင်းဆန်သည့် အာဏာသိမ်းစစ်အုပ်စုကို မလေးရှားနိုင်ငံက ရှုတ်ချလိုက်သည်။

ဖိလစ်ပိုင်နိုင်ငံက ယခုသီတင်းပတ်အတွင်း သမ္မတရွေးကောက်ပွဲ ပြုလုပ်နေသောကြောင့် ထိပ်သီးဆွေး နွေးပွဲသို့ တက်ရောက်ရန် ငြင်းဆန်ခဲ့ပြီး မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အရပ်သား ၁၈၃၅ ဦး သတ် ဖြတ်မှုအပါအဝင် အာဏာသိမ်းမှု ဆန့်ကျင်သူများအပေါ် ရက်စက်စွာ ဖြိုခွင်းမှုကြောင့် အစည်းအဝေးတက် ရောက်ခွင့် ပိတ်ပင်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက NUG နိုင်ငံခြားရေးဝန်ကြီးအပါအဝင် မြန်မာ့ဒီမို ကရေစီအရေး ဆောင်ရွက်နေသည့် သက်ဆိုင်သူများနှင့် တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးအပ်ရေး ညှိနှိုင်းဆွေးနွေးသည့် ပြီးခဲ့သည့်သီတင်းပတ် အတွင်းကျင်းပသော အာဆီယံအစည်းအဝေးသို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလန်းဟေဇာကို ဖိတ်ကြားရန် ငြင်းဆန်ခဲ့သည့် အာဏာသိမ်းစစ်အုပ်စုကို မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ဝေဖန်ခဲ့သည်။

စစ်အုပ်စုက အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသည့် NUG၊ NUCC မှ ကိုယ်စားလှယ် များ အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရန် ဆိုင်ဖူဒင်က အာဆီယံအထူးသံတမန်ကို တောင်းဆို ခဲ့သည်။

NUG၊ NUCC တို့နှင့် အလွတ်သဘော ထိတွေ့ဆက်ဆံမည့် အကြံဉာဏ်ကို ကြိုဆိုကြောင်း အာအက်ဖ် အေသတင်းဌာနခွဲ ဘီနာနယူးစ်သို့ ဆိုင်ဖူဒင်က ပြောကြားခဲ့ပြီး နောက်တစ်ရက်တွင် ယခုကဲ့သို့ မှတ်ချက်ပြုခြင်း ဖြစ်သည်။

မြန်မာပြည်သူများ မည်ကဲ့သို့ ရှေ့ဆက်ဆောင်ရွက်နိုင်သည့်အမြင်ကို သိရှိနိုင်ရန် မေလ ၁၄ ရက်တွင် ဝါ ရှင်တန်မြို့တော်၌ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ဆိုင်ဖူဒင်က ဆို သည်။

ဒေသတွင်း၌ တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ထိန်းချုပ်နိုင်ရန် အာဆီယံဒေသ၏ ကိုဗစ်-၁၉ ကာကွယ် ရေး၊ လုံခြုံရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအတွက် ဒေါ်လာ သန်း ၁၅၀ ပံ့ပိုးကူညီမည်ဟု အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ကတိပြုခဲ့သည်။

တရုတ်ငါးဖမ်းသင်္ဘောများ တရားမဝင် ငါးဖမ်းဆီးနေသည့် ရေပိုင်နက်များအတွင်း ကင်းလှည့်ရန် အာဆီ ယံဒေသသို့ အမေရိကန် ကမ်းခြေစောင့်သင်္ဘောတစ်စင်း စေလွှတ်မည်ဖြစ်သည်။

ကိုးကား — အာအက်ဖ်အေ
Ref; Myanmar political crisis takes center stage on day 1 of US-ASEAN Summit