ၾကားသိသမွ်

SR-1ဟု အမည်ပေးထားသည့်​ မောင်းပြန်လ က် န က် ထုတ်လုပ်နေပြီဟု PSPT ထုတ်ပြန်(ရုပ်သံ)

SR-1ဟု အမည်ပေးထားသည့်​ မောင်းပြန်လက်နက် PSPT ထုတ်လုပ်

ရဲခေါင်/People’s Spring

Sub Machine Gun (SMG)အုပ်စုဝင်မောင်းပြန် သေနတ်အမျိုးအစားကို ထုတ်လုပ်နေပြီဟု People Soldiers’ Production Teamက ယနေ့(မေ ၁၃)ထုတ်ပြန်သည်။

နွေဦးတော်လှန်ရေး ဒုတိယလှိုင်း အရှိန်အဟုန်မြှင့်တင်နိုင်ရန် မောင်းပြန်သေနတ်ထုတ်လုပ်နေပြီး ထိုသေနတ်ကို SR-1ဟု အမည်ပေးထားကာ SR၏ အဓိပ္ပါယ်သည် နွေဦးတော်လှန်ရေး (Spring Revolution)ကို အစွဲပြုပေးထားသည်ဟု ဆိုသည်။

SR-1မောင်းပြန်သေနတ်သည် Sub Machine Gun (SMG) အုပ်စုဝင် သေနတ်အမျိုးအစားဖြစ်ကာ SR-1 ၏အဓိက အားသာချက်သည် FGC-9 Printed Gun ထက် ပြောင်း နှစ်ဆခန့်ပိုရှည်သဖြင့် ထိရောက်မှုပိုကောင်းခြင်း၊ High Velocity ကျည်ဖြင့်ပစ်ခတ်နိုင်ခြင်း၊ သံမဏိကိုယ်ထည်ဖြစ်သဖြင့် အကြမ်းခံခြင်း၊ ပြောင်းသက်တမ်းကြာရှည်ခံခြင်း၊ အလွယ်တကူထုတ် လုပ်နိုင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းနိုင်ကြောင်း PSPT က အသိပေးသည်။

SR-1 မောင်းပြန်သေနတ်ကို 9 x 19 mm Parabellum (High Velocity) ကျည်အမျိုးအစားနဲ့ ပစ်ခတ်ရပြီးထိရောက်မှုသည် Uzi Gun (အူဇီသေနတ်) နှင့်အတူတူဖြစ်သည်ဟု ဖော်ပြသည်။

“People Soldiers’ Production Team ကနေ ဆက် လက်ထုတ်လုပ်မယ့် SR-1 မောင်းပြန်သေနတ်တွေကို စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေထံ အဓိကပံ့ပိုးသွားမှာဖြစ်တယ်”ဟု PSPTက ပြောသည်။

သို့သော် SR-1မောင်းပြန်သေနတ်များကို အမြောက်အများထုတ်လုပ်မည်ဆိုပါက ‌စက်ပစ္စည်းများကို ထပ်မံဝယ်ယူရန် လိုအပ်ပြီး ဝယ်ယူထားသည့် စက်ပစ္စည်းများထားရှိရန်အတွက်လည်း စခန်းဧရိယာထပ်မံတိုးချဲ့ရန် လိုအပ်နေကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့ ငါးဖွဲ့ကိုလည်း SR-1 မောင်းပြန် သေနတ်ထုတ်လုပ်ရေးသင်တန်း ဖွင့်လှစ်ပေးပြီးဖြစ်ကာ အခြားအဖွဲ့များ ထုတ်လုပ်နိုင်ရန်လည်း ထပ်မံစီစဉ်လျက်ရှိကြောင်း အသိပေး သည်။

မြို့ပြတိုက်ပွဲများ၌ အသင့်တော်ဆုံး လက်နက်အမျိုးအစားဖြစ်သည့် SMG များသည်ဈေး ကွက်ထဲ၌ ကျပ်သိန်း ၅ဝခန့် ပေါက်ဈေးရှိပြီး PSPT မှ ထုတ်လုပ်ထားသည့် SMG သည် ဝယ်ယူစရိတ်၏ ၄ ပုံ ၁ ပုံခန့်(ကျပ် ၁၂ သိန်းငါးသောင်း)သာရှိသည်ဟု ဆိုသည်။

ထို့အပြင် အမြောက်အမြားထုတ်လုပ်မည်ဆိုရပါက Unit Cost လို့ခေါ်သည့် သေနတ်တစ်လက်ချင်းကုန်ကျစရိတ်မှာလည်း ပိုမိုလျော့ကျလာမည်ဟု PSPTက ခန့်မှန်း သည်။

ထို့ကြောင့် SR-1မောင်းပြန်သေနတ်ကိုအမြောက်အများထုတ်လုပ်နိုင်ရန် PSPT ထံပါဝင်ဆက်သွယ်ရန်လည်း တိုက်တွန်းထားသည်။