ၾကားသိသမွ်

ရွှေကူနယ်ရှိ ရွှေဖောင်များ ၂၄နာရီအတွင်းမထွက်ခွာပါက ပ စ် ခ တ်ရှင်းလင်းမည်ဟု မြို့လှPDF သတိ​ပေး

ရွှေကူနယ်ရှိ ရွှေဖောင်များ ၂၄နာရီအတွင်းမထွက်ခွာပါက ပစ်ခတ်ရှင်းလင်းမည်ဟု မြို့လှPDF သတိ​ပေး

သက်ဝေ/People’s Spring

ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှပြည်သူ့ကာကွယ် ရေးတပ်(PDF)နယ်မြေအတွင်းရှိ ရွှေဖောင်များ ၂၄နာရီအတွင်း ထွက်ခွာရန် သတိပေးကြောင်း မြို့လှ PDFက ယနေ့(မေလ ၁၃ရက်)ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်ရိုးတစ်လျှောက် လုပ်ဆောင်လျက်ရှိသော ရွှေဖောင်များသည် သဘာဝပတ်ဝန်းကျင်ကိုဆိုးရွားစွာ ထိခိုက်ဖျက်စီးလျက်ရှိသည်ကို ဒေသခံပြည်သူများမှ စိုးရိမ်တ ကြီးတင်ပြအကူအညီတောင်းခံလာသည့်အပေါ် ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟုဆိုသည်။

ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို အမှန်တကယ် ခံစားနားလည်မှုနှင့်အညီ ပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှုလျက် ဤကဲ့သို့ ဧရာဝတီမြစ်အတွင်း လုပ်ဆောင်လျက်ရှိသော ရွှေဖောင်များ အမြန်ဆုံးရုပ်သိမ်းပေးနိုင်ရန် ဦးစွာအသိပေးတောင်းဆိုကြောင်း ဖော်ပြထားသည်။

ရွှေဖောင်များအား အဆိုပါသတိပေးထုတ်ပြန်ချက် ထုတ်ပြန်မှုအပြီး ၂၄နာရီအတွင်းအပြီးတိုင် ထွက်ခွာပေးရန် နှင့်သတိပေးထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်မှုမရှိပါက ရွှေဖောင်လုပ်ဆောင်နေသူများကို သဘာဝပတ်ဝန်းကျင်ဖျက်ဆီးနေသူများ၊ အများပြည်သူ၏ အကျိုးစီးပွားကို ဆုတ်ယုတ်စေသူများအနေဖြင့် သတ်မှတ်၍ ပစ်ခတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း မြို့လှ PDFက ထုတ်ပြန်ထားသည်။