ဘယ်လောက်ပဲခက်ခဲနေပါစေ ကိုကို့ကို အမြဲစောင့်နေပါမယ်’လို့ ချစ်သူသက်တမ်း နှစ်ပတ်လည်နေ့လေးမှာ ဆုတောင်းစကားဆိုလာခဲ့တဲ့ ကိုဇေယျာ်သော်ရဲ့ ကောင်မလေး
တစ်ချိန်က လူငယ်တွေကြားမှာ နာမည်ကြီး ရေပန်းစားခဲ့တဲ့ Hip Hop အဖွဲ့ ဖြစ်တဲ့ Acid အဖွဲ့မှာတော့ ဖြိုးဇေယျာသော်၊ ရန်ရန်ချမ်း၊ အနဂ္ဂ၊ ဟိန်းဇော်တို့နဲ့ ဖွဲစည်းခဲ့တာဖြစ်ပါတယ်။ အဖွဲ့လိုက် ဂီတအလုပ်တွေ လုပ်ဆောင်မှုက လျော့နည်းသွားကြပေမယ့် ပရိသတ်တွေကတော့ အခုချိန်ထိ အားပေးနေကြတာပဲ ဖြစ်ပါတယ်။
ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီတို့ကို အကြမ်းဖက်မှုများပြုလုပ်ခဲ့သည်ဟု စွဲချက်တင်ကာ PDF အဖွဲ့အစည်းတွေကို လက်နက်ထောက်ပံ့ခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ ကြံရာပါအဖြစ်ပါဝင်ဆောင်ရွက်ခြင်း၊ ဖောက်ခွဲဖျက်စီးဖို့အတွက် လှုံဆော်ခြင်း၊ လက်နက်များ သိုဝှက်သိမ်းဆည်းထားခြင်းတို့ကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နဲ့ ၅၀(ည)တို့အရ သေဒဏ်ချမှတ်လိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာသွားပါတယ်။
ကိုဇေယျာသော် ကို မိသားစုတွေကရော ချစ်ခင်သူတွေရော ပရိသတ်တွေကပါ သတိရနေကြတာဖြစ်ပါတယ်။ မေလ ၁၁ ရက်နေ့ မနေ့က ကိုဇေယျာသော်နဲ့ သူ့ချစ်သူကောင်မလေးရဲ့ နှစ်ပတ်လည်နေ့ဖြစ်ပြီး ကောင်မလေးက ဘယ်လိုအခက်အခဲပဲ ကြုံရကြုံရ ကိုကို့ကို အမြဲစောင့်နေမှာပါဆိုပြီး ရေသားထားတာပဲ ဖြစ်ပါတယ်။
သူတို့စုံတွဲ ပုံလေးနဲ့အတူ “No matter how hard it gets, I will wait for you koko #anniversarylovedate #May11 ” ဆိုပြီး သူရဲ့ လူမှုကွန်ယက်ထက်မှာ မျှဝေလာတာပဲ ဖြစ်ပါတယ်။ ချစ်ရသူတိုင်း အမြန်နီးစပ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
လက်ရှိမှာလည်း ထို ဖြစ်ရပ် နှင့် ပတ်သက်ပြီး ပြည်သူလူထုတစ်ရပ်လုံးကလည်း အလွန်အမင်းစိတ်မကောင်းဖြစ်နေကြပါတယ်။ ပြည်သူလူထုရဲ့ ဆုတောင်းအတိုင်း ကိုဖြိုးဇေယျာသော် အမြန်ဆုံး ပြန်လည်လွတ်မြောက်လာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်
Zawgyi
ဘယ္ေလာက္ပဲခက္ခဲေနပါေစ ကိုကို႔ကို အျမဲေစာင့္ေနပါမယ္’လို႔ ခ်စ္သူသက္တမ္း ႏွစ္ပတ္လည္ေန႔ေလးမွာ ဆုေတာင္းစကားဆိုလာခဲ့တဲ့ ကိုေဇယ်ာ္ေသာ္ရဲ့ ေကာင္မေလး
တစ္ခ်ိန္က လူငယ္ေတြၾကားမွာ နာမည္ႀကီး ေရပန္းစားခဲ့တဲ့ Hip Hop အဖြဲ႕ ျဖစ္တဲ့ Acid အဖြဲ႕မွာေတာ့ ၿဖိဳးေဇယ်ာေသာ္၊ ရန္ရန္ခ်မ္း၊ အနဂၢ၊ ဟိန္းေဇာ္တို႔နဲ႔ ဖြဲစည္းခဲ့တာျဖစ္ပါတယ္။ အဖြဲ႕လိုက္ ဂီတအလုပ္ေတြ လုပ္ေဆာင္မႈက ေလ်ာ့နည္းသြားၾကေပမယ့္ ပရိသတ္ေတြကေတာ့ အခုခ်ိန္ထိ အားေပးေနၾကတာပဲ ျဖစ္ပါတယ္။
ကိုၿဖိဳးေဇယ်ာေသာ္နဲ႔ ကိုဂ်င္မီတို႔ကို အၾကမ္းဖက္မႈမ်ားျပဳလုပ္ခဲ့သည္ဟု စြဲခ်က္တင္ကာ PDF အဖြဲ႕အစည္းေတြကို လက္နက္ေထာက္ပံ့ျခင္း၊ ေငြေၾကးေထာက္ပံ့ျခင္း၊ ႀကံရာပါအျဖစ္ပါဝင္ေဆာင္ရြက္ျခင္း၊ ေဖာက္ခြဲဖ်က္စီးဖို႔အတြက္ လႈံေဆာ္ျခင္း၊ လက္နက္မ်ား သိုဝွက္သိမ္းဆည္းထားျခင္းတို႔ေၾကာင့္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၄၉(က)၊ ၅၀(ဈ)နဲ႔ ၅၀(ည)တို႔အရ ေသဒဏ္ခ်မွတ္လိုက္တာ ျဖစ္တယ္လို႔ ထုတ္ျပန္ေၾကညာသြားပါတယ္။
ကိုေဇယ်ာေသာ္ ကို မိသားစုေတြကေရာ ခ်စ္ခင္သူေတြေရာ ပရိသတ္ေတြကပါ သတိရေနၾကတာျဖစ္ပါတယ္။ ေမလ ၁၁ ရက္ေန႔ မေန႔က ကိုေဇယ်ာေသာ္နဲ႔ သူ႔ခ်စ္သူေကာင္မေလးရဲ့ ႏွစ္ပတ္လည္ေန႔ျဖစ္ၿပီး ေကာင္မေလးက ဘယ္လိုအခက္အခဲပဲ ၾကဳံရၾကဳံရ ကိုကို႔ကို အျမဲေစာင့္ေနမွာပါဆိုၿပီး ေရသားထားတာပဲ ျဖစ္ပါတယ္။
သူတို႔စုံတြဲ ပုံေလးနဲ႔အတူ “No matter how hard it gets,I will wait for you koko #anniversarylovedate #May11 ” ဆိုၿပီး သူရဲ့ လူမႈကြန္ယက္ထက္မွာ မၽွေဝလာတာပဲ ျဖစ္ပါတယ္။ ခ်စ္ရသူတိုင္း အျမန္နီးစပ္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
လက္ရွိမွာလည္း ထို ျဖစ္ရပ္ ႏွင့္ ပတ္သက္ၿပီး ျပည္သူလူထုတစ္ရပ္လုံးကလည္း အလြန္အမင္းစိတ္မေကာင္းျဖစ္ေနၾကပါတယ္။ ျပည္သူလူထုရဲ့ ဆုေတာင္းအတိုင္း ကိုၿဖိဳးေဇယ်ာေသာ္ အျမန္ဆုံး ျပန္လည္လြတ္ေျမာက္လာနိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္