ၾကားသိသမွ်

ပြည်ပနိုင်ငံများပါဝင်ပတ်သက်နေသမျှ တိုင်း ပြည်ငြိမ်းချမ်းမှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင်ပြော

EAO ၃ ဖွဲ့ဆွေးနွေးပွဲမတက်တာ ပြည်ပနိုင်ငံတွေနဲ့ဆက် နွယ်နေပြီး ပြည်ပနိုင်ငံများပါဝင်ပတ်သက်နေသမျှ တိုင်း ပြည်ငြိမ်းချမ်းမှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင်ပြော

ဧရာဝတီတိုင်းမ်

မေလ ၁၃ ရက်

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က KNU၊ KIA၊ KNPP စတဲ့ EAO တပ်ဖွဲ့တွေဟာ PDF၊ CRPHတို့နဲ့ ပတ်သတ်နေတဲ့အပြင် ပြည်ပနိုင်ငံတွေနဲ့ပတ်သက်ဆက်နွယ်နေလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမတက်ရောက်တာလို့ ပြောဆိုလိုက်ပါတယ်။

မေ ၁၂ ရက် မနေ့က ပြုလုပ်တဲ့ နေပြည်တော် စစ်ကောင် စီအစည်းအဝေးမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ဝင်တွေကို အခုလိုပြောဆိုခဲ့တာပါ။

နိုင်ငံ့အရေး၊ ပြည်တွင်းအရေးမှာ ပြည်ပနိုင်ငံတွေပါဝင်ပတ်သက်နေသမျှကာလပတ် လုံးတိုင်းပြည်တည်ငြိမ်အေးချမ်းမှာမဟုတ်ဘူးလို့လည်း စစ်ခေါင်းဆောင်ကပြောဆိုလိုက်ပါသေးတယ်။

“KNU ရယ်၊ နောက်တစ်ခါ KIA ရယ်၊ KNPP အဲဒီနယ်မြေတွေမှာရှိတဲ့ တချို့သော သူတို့အဖွဲ့အစည်းတွေက ကျနော်တို့ဆီမှာ လက်ရှိအကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ PDF နောက်တစ်ခါ CRPH သူတို့နဲ့ ဆက်နွယ်နေတဲ့ဟာတွေရှိတာတွေ့တယ်။ ဒီအဖွဲ့တွေက ပြည်ပနိုင်ငံရဲ့ ပတ် သက်မှုနဲ့ ဆက်နွယ်နေတယ်လို့လည်း ကျနော်တို့ သိထားပါတယ်။ ဒါကြောင့်လည်း သူတို့ကကျနော်တို့ရဲ့ ဆွေးနွေး ပွဲနဲ့ ပတ်သက်ပြီးတော့ မတက်ဘူးဆိုတဲ့အကြောင်း ထုတ် ပြန်ခဲ့တာဖြစ်တယ်လို့ ကျနော်တို့ တွေ့ရှိပါတယ်။ နိုင်ငံ့အရေး၊ ပြည်တွင်းအရေးမှာ ပြည်ပနိုင်ငံတွေပါဝင်ပတ် သက်နေသမျှကာလပတ် လုံးတိုင်းပြည်တည် ငြိမ်အေး ချမ်းဖို့ဆိုတာတော်တော်ခက်ပါတယ်”လို့ စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့တွေ့ဆုံဖို့ မေလ ၉ ရက်နေ့နောက်ဆုံးစာရင်းအရ လက်ရှိ ပစ်ခတ်မှုများမရှိသည့် NCA လက်မှတ်ထိုးထားသည့် ၇ ဖွဲ့နှင့် မထိုးထားသည့် ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့တက်ရောက်မည်ဖြစ်သည်။