ၾကားသိသမွ်

ကဆုန်လပြည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ ကြွရောက်မယ့် သံဃာမရှိလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ရဟန်းခံခိုင်းထား

မန္တလေး – မေ(၁၂)

စစ်ကောင်စီက ပြုလုပ်မယ့် ကဆုန်လပြည့်နေ သံဃာ(၁၀၀၀၀) ကျော် ဆွမ်းဆန်စိမ်း လောင်းလှု ပွဲမှာ ကြွရောက်အလှုခံမယ့် သံဃာ နည်းပါးနေလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဘုန်းကြီး ဝတ်ခိုင်းပြီး ဆွမ်းခံကြွဖို့ လုပ်ဆောင်နေတယ်လို့ မန္တလေး သံဃာ သမဂ္ဂက သံလွင်တိုင်းမ် ကိုအတည်ပြုမိန့်ကြားပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီက ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် နေရာတွေ ကြိုတင်ပြင်ဆင် တာတွေလုပ်နေပြီး သံဃာတော်တွ ဆမ်းခံမကြွရောက်မှာ စိတ်ပူနေသလို ကျောင်းတိုက်တွေမှာလည်း လိုက်လံ ဖိအားပေးတာတွေရှိနေတယ်လို့ သိရပါတယ်။

“မန္တလေးက ကျောင်းတိုက်တစ်ခုမှာ ယာဉ််ထိန်းရဲတွေကို ရဟန်းခံခိုင်းထားတယ်။ ရဲမေတွေကိုလည်း သီလရှင်ဝတ်ခိုင်းထားတာတွေရှိနေတယ်။ ပြီးတော့ မဘသ အဖွဲ့ကသူတွေကိုလဲ ကတုံးရိတ်ပြီး ဆွမ်းခံခိုင်းမယ့် ပုံစံတွေလုပ်ထားတယ်” လို့ မန္တလေးသံဃာသမဂ္ဂ က ဦးယော(ဦးဇင်းအမည်လွှဲ) က သံလွင်တိုင်းမ်ကို အတည်ပြုမိန့်ကြားပါတယ်။

မန္တလေးမှာ ပြုလုပ်မယ့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ရဲမေတွေနဲ့ မဘသအဖွဲ့ဝင်တွေကို စစ်ကောင်စီက ရဟန်းခံခိုင်းတာနဲ့ မယ်သီလရှင်ဝတ်ခိုင်းထားတာတွေရှိနေတယ်လို့ ဦးဇင်းက မိန့်ကြားပါသေးတယ်။

လက်ရှိအချိန်မှာ နိုင်ငံတော်အာဏာကို လုယုထားတဲ့ စစ်ကောင်စီရဲ့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို ရက်စက်တဲ့ နည်းတွေအသုံးပြုပြီး မြေလှန်စနစ်ကို ကျင့်သုံးပြီး လူထု ကိုပစ် ခတ်သတ်ဖြတ်တာတွေနဲ့ ရပ်ရွာ လူနေအဆောက်အဦးတွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို မီးရှို့တာ နဲ့ ခိုးဝှက်လူယူသိမ်းပိုက် တာတွေနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင်တာအစရှိတဲ့ စစ်ရာဇဝတ်မှု တွေကျူးလွန်နေတဲ့အတွက် စစ်ကောင်စီနဲ့ ပူးပေါင်းတာတွေမလုပ်ဖို့ သံဃာသမဂ္ဂက တောင်းဆိုထားပါတယ်။

နိုင်ငံရေးအကြပ်အတည်းထဲရောက်နေတဲ့ စစ်ကောင်စီဟာ ထွက်ပေါက်ရှာတဲ့အနေနဲ့ ပြည်သူလူ ထုကို ရက်စက်တဲ့နည်းတွေနဲ့ဖိနှိပ်နေသလို တဘက်မှာလည်း ဘာသာရေးအခမ်းအနားတွေကို ပြုလုပ်နေပြီး သာသနာပြုသယောင်နဲ့ ဘာသာရေးနဲ့ ဘာသာရေးခေါင်းဆောင်တွေကိို အသုံးချ နေတာဖြစ်တယ်လို့ မန္တလေး သံဃာသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ သတင်း – သံလွင်တိုင်းမ်