ၾကားသိသမွ်

ဆီးဂိမ်းစ်မှာ မြန်မာကိုယ်စားပြုကစားသမားတွေ အောင်မြင်မှုရဖို့ ထီးစဲခါးဆရာတော်ရဲ့ယတြာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ

၃၁ ကြိမ်မြောက် ဆီးဂိမ်းစ်မှာ မြန်မာကိုယ်စားပြုကစားသမားတွေ အောင်မြင်မှုရဖို့ လမ်းညွှန်ချက်ပေးထားတဲ့ ယတြာအစီအစဉ်စာရွက် လူမှုကွန်ရက်မှာ ပျံ့နှံ့နေ

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ ၃၁ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်သူတွေ အောင်မြင်မှုရဖို့ လုပ်ဆောင်ရမယ့် ယတြာအစီအစဉ်စာရွက်တစ်ရွက် လူမှုကွန်ရက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေပါတယ်။

အဲဒီစာရွက်မှာ ပါရှိတဲ့ ယတြာအစီအစဉ်တွေဟာ ကယားပြည်နယ် ထီးစဲခါးဆရာတော်ရဲ့ ဧပြီလ ၂၅ ရက်က မိန့်ကြားချက်ဆိုပြီး ဖော်ပြထားတာကို မြင်တွေ့ရပါတယ်။

ယတြာအစီအစဉ် ၁၀ ချက်တိတိပါဝင်ပြီး ထင်ရှားတဲ့အချက်တွေကို ဖော်ပြရမယ်ဆိုရင် ပြိုင်ဘက်မျက်နှာကိုကြည့်ပြီး ကျန်းမာချမ်းသာပါစေ ဆိုကာ မေတ္တာပို့ဖို့၊ မြန်မာအဖွဲ့ခေါင်းဆောင်တွေဟာ အစိမ်းရောင်အဆောင်ကို ညာပုခုံးမှာ စလွယ်သိုင်းဖို့နဲ့ စလွယ်သိုင်းချိန်မှာ သရဏဂုံတည်ဖို့၊ အားကစားသမားတွေဟာလည်း လိမ္မော်ရောင်အဆောင်ကို ညာဘက်လက်မောင်းမှာ ချည်ထားဖို့ဆိုတာတွေပဲဖြစ်ပါတယ်။

ဒါ့အပြင် ပြိုင်ပွဲကို မထွက်ခွာခင် ဘုန်းတော်ကြီးတွေကိုကန်တော့ဖို့နဲ့ နတ်မင်းဆီ ပွဲတင်ဖို့၊ ဗီယက်နမ် ဘုန်းကြီးကျောင်းမှာ ပွဲတင်ပေးဖို့ ၊ ပြိုင်မယ့်ကွင်းထဲဝင်ချိန် မြေကြီးကို လက်နဲ့ထိပြီး ဗုဒ္ဓေါ ဆိုကာ စိတ်ကရွတ်ဖို့ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံမှာကျင်းပနေတာဖြစ်ပြီး မနေ့ကတော့ မြန်မာအသင်းဟာ ရွှေတံဆိပ်တစ်ခု ပထမဆုံး စတင်ရရှိခဲ့ပြီဖြစ်ပါတယ်။

နစက လက်ထက်မှာ ဒီအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုကို ဒုက္ခမျိုးစုံ ခါးစည်းခံနေရတဲ့ ပြည်သူတွေအနေနဲ့ကတော့ စိတ်ဝင်တစားမရှိလှဘူးလို့ သိရပါတယ်။