ၾကားသိသမွ်

“အိမ်ကထွက်လိုက်တာနဲ့ PDF တွေချည်းပဲ၊အဲ့ဒါကြောင့် CDM ဝင်တာ”

မေ ၁၂၊

မကွေးတိုင်း၊ ချောက်မြို့နယ်မှာရှိတဲ့ ကျေးရွာအချို့မှာ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်း ဆရာဆရာမအချို့ဟာ CDM ပြုလုပ်လာကြတယ်လို့ သိရပါတယ်။

သူတို့ CDM ပြုလုပ်ရတဲ့ အကြောင်းရင်းကတော့ မကွေးဘက်က ဒေသအချို့၊ ကျေးရွာအချို့ကို PDF တွေက စိုးမိုးထားနိုင် နေပြီဖြစ်တာကြောင့် စစ်ကောင်စီနဲ့ မပတ်သက်ဖို့ သတိပေးလာတာတွေကြောင့်လို့ ဆိုပါတယ်။

” ညီမ မောင်ရဲ့ မိန်းမက CDM မလုပ်ဘူး။ အခုထိကျောင်းတက်တုန်း။ ဒါပေမယ့် PDF တွေက သတိပေးတာတွေလုပ်လာတယ်။ ပြီးတော့ အိမ်ပြင်ထွက်လိုက်တာနဲ့ ဘယ်နေရာကြည့်ကြည့် PDF ချည်းပဲ။ အဲဒါကြောင့် CDM လုပ်လိုက်တာ ” လို့ ချောက်မြို့နယ်၊ ပွင့်ဖြူကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

မကွေးတိုင်းအတွင်းက PDF တွေကို ကြောက်လို့ CDM ပြုလုပ်ပေမယ့် PDF တွေကတော့ နယ်မြေစိုးမိုးရေးနဲ့ စစ်ကောင်စီလက် အောက်မှာရှိတဲ့ဝန်ထမ်းတွေကို သတိပေးတာလောက်ပဲ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဒီလို PDF တွေနယ်မြေစိုးမိုးလာနိုင်တာတွေကြောင့် ဒေသခံပြည်သူလူထုကလည်း ထောက်ခံလျှက်ရှိပြီး နီးစပ်ရာဝန်ထမ်းတွေကိုလည်း CDM ဝင်ဖို့ တိုက်တွန်းနေကြပါတယ်။ #TNV