ၾကားသိသမွ်

ကျွန်မ ဒီ့ထက် ပိုကြိုးစားကြည့်ဖို့ အားယူချိန်လေး ပေးကြပါ🙏

အားလုံးရဲ့ အားကိုးစွာ အကူအညီတောင်းခံကြမှုကို ကျေးဇူးတင်စွာ လက်ခံရရှိပါတယ်ရှင်။ ကျွန်မအနေနဲ့ အခုအချိန်မှာ ဘီလျံနာ မီလျံနာကြီး ဖြစ်မနေတာကိုပဲ အားမရဖြစ်ရပါတယ်။

ဝန်နဲ့အား မမျှတဲ့အခါ ခါးပါ ကျိုးချင်လာပါပြီ။ အကူအညီတောင်းခံမှုတွေကို မတတ်သာစွာ အကြောင်းမပြန်နိုင်တော့တိုင်း ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ တရစ်ချင်း ခံစားမိလာတယ်။ စိတ်တွေပါ ကျလာမိတယ်။

ကျွန်မအနေနဲ့ ဒေါ်လာသန်းနဲ့ချီ ရှာဖွေပေးနိုင်တာတွေဟာ ကျွန်မစီမံခန့်ခွဲမျှဝေလို့ရတဲ့ ငွေတွေ မဟုတ်ပါဘူး။ ဥပမာပြောရရင် NUG Bond ကို အေးဂျင့်အနေနဲ့ ဒေါ်လာသန်းချီရောင်းချပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် NUG Bond ရောင်းရငွေဟာ NUG ရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကို တစ်ပြားတစ်ချပ်မကျန် ပြန်လည်ပေးပို့ရပါတယ်။ ကျွန်မ စီမံမျှဝေခွင့် မရှိပါ။

Project Dragonfly ဒေါ်လာနှစ်သန်းကျော် ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရရှိငွေအားလုံးကို ငှက်ကင်အတွက် သက်ဆိုင်ရာဌာနကို ပေးပို့ရပါတယ်။ ကျွန်မစီမံခန့်ခွဲမျှဝေခွင့် မရှိပါ။ အခြားသော ကျွန်မပါဝင် Fund Raise လုပ်နေတဲ့ Campaign တွေဟာလည်း ကျွန်မက တော်လှန်ရေးအတွက် Promoter အနေနဲ့ ပါဝင်ရုံမှတပါး ကျွန်မစီမံခန့်ခွဲခွင့် မရှိပါ။

ကျွန်မစီမံခန့်ခွဲမျှဝေနေတဲ့ ငွေဆိုတာက ကျွန်မအကောင့်ကနေ အလှူခံပြီး ရရှိတဲ့ ငွေပမာဏပဲ ရှိပါတယ်။ အဲ့ဒီ့က ရရှိငွေနဲ့ ကျွန်မ လစဉ်ထောက်ကန်နေရတဲ့ အဖွဲ့တွေဆီ ပေးပို့ရသလို အသစ်ထပ်မံအကူအညီတောင်းခံလာသူထဲကလည်း စိစစ်ပြီး မျှဝေရပါတယ်။

တော်လှန်ရေးကာလကြာမြင့်လာတဲ့အမျှ လိုအပ်ချက်တွေလည်း များပြားလာသလို ထောက်ပို့ငွေရှာဖွေနိုင်စွမ်းကလည်း ယခင်ထက်ပိုပါးလျလာတာ အားလုံးအသိပါ။ ကျွန်မလည်း အပြောအဆို အတိုက်အခိုက်တွေကြားက အားမလျှော့ဘဲ ရှာဖွေထောက်ပို့နေပါတယ်။

အကူအညီတောင်းခံလာသမျှ အဖွဲ့တိုင်းကို ကူညီပါမယ်လို့ ကတိကဝတ် မပေးထားပါဘူး။ အဖွဲ့တိုင်းကိုလည်း မကူညီနိုင်ကြောင်း ဝန်ခံထားပါတယ်။ ဒါပေမယ့် ကျွန်မထောက်ပို့နေတဲ့ အဖွဲ့တွေကို မျက်မြင်မြင်နေရပါလျက်နဲ့ ငါတို့ကိုတော့ မပေးရကောင်းလားဆိုပြီး အမြင်လွဲတာမျိုးတွေလည်း ခံရပါတယ်။

အချို့ကတော့ အခက်အခဲတွေကို နားလည်ပေးကြပေမယ့် အချို့ကတော့ ခင်ဗျားက ဒေါ်လာသန်းချီရှာနိုင်နေလျက်နဲ့ မကူညီရကောင်းလားဆိုပြီး ဆဲဆိုသွားတာတွေလည်း ကြုံရပါတယ်။ ဒါ့ကြောင့် ကျွန်မအနေနဲ့ ဒေါ်လာသန်းချီဟာ ကျွန်မကိုင်တွယ်စီမံခွင့်မရှိကြောင်း တသီးတသန့်ပြောပြဖို့ လိုအပ်တယ်လို့ ယူဆလို့ပါ။

အချို့စိတ်ဓါတ်ဆိုးဝါးသူတွေဆိုရင် သူတို့ကို မထောက်ပို့မိတာနဲ့ ကျွန်မကို ပိုစ့်တွေတင် ဆဲဆို၊ မဟုတ်မမှန်တွေ ဆက်တိုက်သိက္ခာချ၊ အညှိုးတကြီးနဲ့ ခြေထိုးခံနေတာတွေလည်း မြင်ရပါတယ်။ ကျွန်မအနေနဲ့ သူတို့အဖွဲ့ကို မထောက်ပို့နိုင်လိုက်ပေမယ့် ကျွန်မထောက်ပို့မှုကို ရနေတဲ့အဖွဲ့တွေ မျက်မြင်ရှိနေကြလျက်နဲ့ ဘာလို့ ဒါမျိုးတွေ လုပ်နိုင်ကြလဲ မစဉ်းစားတတ်အောင်ပါပဲ။

တစ်ဖွဲ့စီက လာအကူအညီတောင်းကြတယ်ဆိုပေမယ့် အကူအညီတောင်းခံခံရသူ ကျွန်မအနေနဲ့က တစ်ယောက်တည်းပါ။ တကယ်ကို မနိုင်နင်းနိုင်တာပါ။ အကူအညီတောင်းခံသံတွေကြားမှာ ကူကယ်ရာမဲ့ပါပဲ။

ကျွန်မလည်း ရှိသမျှမာန အကုန်ပစ်ချပြီး တစ်ဖက်က သိက္ခာချ တိုက်ခိုက်မှုမှန်သမျှ အဖက်မလုပ်ဘဲ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ အကုန်ရှာဖွေ ထောက်ပို့နေပါတယ်။ အားလုံးကို မထောက်ပို့နိုင်တဲ့အတွက်လည်း ဝမ်းနည်းရပါတယ်။ ဒီလောက်လေးပဲ စွမ်းနိုင်တဲ့အတွက်လည်း တောင်းပန်ပါတယ်။

ကျွန်မရဲ့ စွမ်းဆောင်နိုင်မှုဟာ အထောက်အပံ့တစုံတရာလေး ဖြစ်ခဲ့မယ်ဆိုရင် ကျွန်မရဲ့မစွမ်းဆောင်နိုင်မှုတွေကိုလည်း နားလည်ပေးကြဖို့ပါ။

ကျွန်မ ဒီ့ထက် ပိုကြိုးစားကြည့်ဖို့ အားယူချိန်လေး ပေးကြပါ။🙏 ပန်ဆယ်လို

အားလုံးရဲ့ အားကိုးစြာ အကူအညီေတာင္းခံၾကမႈကို ေက်းဇူးတင္စြာ လက္ခံရရွိပါတယ္ရွင္။ ကၽြန္မအေနနဲ႔ အခုအခ်ိန္မွာ ဘီလ်ံနာ မီလ်ံနာႀကီး ျဖစ္မေနတာကိုပဲ အားမရျဖစ္ရပါတယ္။

ဝန္နဲ႔အား မမၽွတဲ့အခါ ခါးပါ က်ိဳးခ်င္လာပါၿပီ။ အကူအညီေတာင္းခံမႈေတြကို မတတ္သာစြာ အေၾကာင္းမျပန္နိုင္ေတာ့တိုင္း ကိုယ့္ကိုယ္ကိုယ္ အသုံးမက်ဘူးလို႔ တရစ္ခ်င္း ခံစားမိလာတယ္။ စိတ္ေတြပါ က်လာမိတယ္။

ကၽြန္မအေနနဲ႔ ေဒၚလာသန္းနဲ႔ခ်ီ ရွာေဖြေပးနိုင္တာေတြဟာ ကၽြန္မစီမံခန္႔ခြဲမၽွေဝလို႔ရတဲ့ ေငြေတြ မဟုတ္ပါဘူး။ ဥပမာေျပာရရင္ NUG Bond ကို ေအးဂ်င့္အေနနဲ႔ ေဒၚလာသန္းခ်ီေရာင္းခ်ေပးနိုင္ခဲ့ပါတယ္။ ဒါေပမယ့္ NUG Bond ေရာင္းရေငြဟာ NUG ရဲ့ ဘ႑ာေရးဝန္ႀကီးဌာနကို တစ္ျပားတစ္ခ်ပ္မက်န္ ျပန္လည္ေပးပို႔ရပါတယ္။ ကၽြန္မ စီမံမၽွေဝခြင့္ မရွိပါ။

Project Dragonfly ေဒၚလာႏွစ္သန္းေက်ာ္ ရွာေဖြနိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ရရွိေငြအားလုံးကို ငွက္ကင္အတြက္ သက္ဆိုင္ရာဌာနကို ေပးပို႔ရပါတယ္။ ကၽြန္မစီမံခန္႔ခြဲမၽွေဝခြင့္ မရွိပါ။ အျခားေသာ ကၽြန္မပါဝင္ Fund Raise လုပ္ေနတဲ့ Campaign ေတြဟာလည္း ကၽြန္မက ေတာ္လွန္ေရးအတြက္ Promoter အေနနဲ႔ ပါဝင္႐ုံမွတပါး ကၽြန္မစီမံခန္႔ခြဲခြင့္ မရွိပါ။

ကၽြန္မစီမံခန္႔ခြဲမၽွေဝေနတဲ့ ေငြဆိုတာက ကၽြန္မအေကာင့္ကေန အလႉခံၿပီး ရရွိတဲ့ ေငြပမာဏပဲ ရွိပါတယ္။ အဲ့ဒီ့က ရရွိေငြနဲ႔ ကၽြန္မ လစဥ္ေထာက္ကန္ေနရတဲ့ အဖြဲ႕ေတြဆီ ေပးပို႔ရသလို အသစ္ထပ္မံအကူအညီေတာင္းခံလာသူထဲကလည္း စိစစ္ၿပီး မၽွေဝရပါတယ္။

ေတာ္လွန္ေရးကာလၾကာျမင့္လာတဲ့အမၽွ လိုအပ္ခ်က္ေတြလည္း မ်ားျပားလာသလို ေထာက္ပို႔ေငြရွာေဖြနိုင္စြမ္းကလည္း ယခင္ထက္ပိုပါးလ်လာတာ အားလုံးအသိပါ။ ကၽြန္မလည္း အေျပာအဆို အတိုက္အခိုက္ေတြၾကားက အားမေလၽွာ့ဘဲ ရွာေဖြေထာက္ပို႔ေနပါတယ္။

အကူအညီေတာင္းခံလာသမၽွ အဖြဲ႕တိုင္းကို ကူညီပါမယ္လို႔ ကတိကဝတ္ မေပးထားပါဘူး။ အဖြဲ႕တိုင္းကိုလည္း မကူညီနိုင္ေၾကာင္း ဝန္ခံထားပါတယ္။ ဒါေပမယ့္ ကၽြန္မေထာက္ပို႔ေနတဲ့ အဖြဲ႕ေတြကို မ်က္ျမင္ျမင္ေနရပါလ်က္နဲ႔ ငါတို႔ကိုေတာ့ မေပးရေကာင္းလားဆိုၿပီး အျမင္လြဲတာမ်ိဳးေတြလည္း ခံရပါတယ္။

အခ်ိဳ႕ကေတာ့ အခက္အခဲေတြကို နားလည္ေပးၾကေပမယ့္ အခ်ိဳ႕ကေတာ့ ခင္ဗ်ားက ေဒၚလာသန္းခ်ီရွာနိုင္ေနလ်က္နဲ႔ မကူညီရေကာင္းလားဆိုၿပီး ဆဲဆိုသြားတာေတြလည္း ၾကဳံရပါတယ္။ ဒါ့ေၾကာင့္ ကၽြန္မအေနနဲ႔ ေဒၚလာသန္းခ်ီဟာ ကၽြန္မကိုင္တြယ္စီမံခြင့္မရွိေၾကာင္း တသီးတသန္႔ေျပာျပဖို႔ လိုအပ္တယ္လို႔ ယူဆလို႔ပါ။

အခ်ိဳ႕စိတ္ဓါတ္ဆိုးဝါးသူေတြဆိုရင္ သူတို႔ကို မေထာက္ပို႔မိတာနဲ႔ ကၽြန္မကို ပိုစ့္ေတြတင္ ဆဲဆို၊ မဟုတ္မမွန္ေတြ ဆက္တိုက္သိကၡာခ်၊ အညႇိုးတႀကီးနဲ႔ ေျခထိုးခံေနတာေတြလည္း ျမင္ရပါတယ္။ ကၽြန္မအေနနဲ႔ သူတို႔အဖြဲ႕ကို မေထာက္ပို႔နိုင္လိုက္ေပမယ့္ ကၽြန္မေထာက္ပို႔မႈကို ရေနတဲ့အဖြဲ႕ေတြ မ်က္ျမင္ရွိေနၾကလ်က္နဲ႔ ဘာလို႔ ဒါမ်ိဳးေတြ လုပ္နိုင္ၾကလဲ မစဥ္းစားတတ္ေအာင္ပါပဲ။

တစ္ဖြဲ႕စီက လာအကူအညီေတာင္းၾကတယ္ဆိုေပမယ့္ အကူအညီေတာင္းခံခံရသူ ကၽြန္မအေနနဲ႔က တစ္ေယာက္တည္းပါ။ တကယ္ကို မနိုင္နင္းနိုင္တာပါ။ အကူအညီေတာင္းခံသံေတြၾကားမွာ ကူကယ္ရာမဲ့ပါပဲ။

ကၽြန္မလည္း ရွိသမၽွမာန အကုန္ပစ္ခ်ၿပီး တစ္ဖက္က သိကၡာခ် တိုက္ခိုက္မႈမွန္သမၽွ အဖက္မလုပ္ဘဲ ကိုယ္စြမ္းဥာဏ္စြမ္းရွိသမၽွ အကုန္ရွာေဖြ ေထာက္ပို႔ေနပါတယ္။ အားလုံးကို မေထာက္ပို႔နိုင္တဲ့အတြက္လည္း ဝမ္းနည္းရပါတယ္။ ဒီေလာက္ေလးပဲ စြမ္းနိုင္တဲ့အတြက္လည္း ေတာင္းပန္ပါတယ္။

ကၽြန္မရဲ့ စြမ္းေဆာင္နိုင္မႈဟာ အေထာက္အပံ့တစုံတရာေလး ျဖစ္ခဲ့မယ္ဆိုရင္ ကၽြန္မရဲ့မစြမ္းေဆာင္နိုင္မႈေတြကိုလည္း နားလည္ေပးၾကဖို႔ပါ။

ကၽြန္မ ဒီ့ထက္ ပိုႀကိဳးစားၾကည့္ဖို႔ အားယူခ်ိန္ေလး ေပးၾကပါ။🙏 ပန္ဆယ္လို