ၾကားသိသမွ်

ကနီမြို့နယ်မှာ စစ်အုပ်စုရဲ့ အမြှောက်တပ်ကို PDF ဒရုန်းတပ်ဖွဲ့ ၇ ဖွဲ့က ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း ကနီမြို့နယ် အလယ်ကျွန်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်စဉ်မှာ လက်နက်ကြီးနဲ့ ပစ်ကူပေးဖို့ ပြင်ဆင်နေတဲ့ စစ်အုပ်စုရဲ့ အမြှောက်တပ်ကို PDF ဒရုန်းတပ်ဖွဲ့ ၇ ဖွဲ့ပူးပေါင်းပြီး ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ Yin Mar Bin Local PDF က ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်အုပ်စုရဲ့ လက်နက်ကြီးအချို့ ပျက်စီးသွားပြီး ထိခိုက်သေဆုံးသူတွေလည်း ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
မေလ ၁၀ ရက်နေ့က အလယ်ကျွန်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးတွေ ခြေကုပ်ယူထားတဲ့ တပ်စခန်းကို DRPA၊ KPDF၊ KGL PDF၊ နှလုံးလှလူမိုက်ကြီးများ (မြင်းခြံ)၊ ကနီမြို့နယ် ပကဖနဲ့ တပ်ပေါင်းစု မဟာမိတ်တွေက မြေပြင်တိုက်ပွဲအဖြစ် စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေချိန်မှာ ဒရုန်းတပ်ဖွဲ့တွေဖြစ်တဲ့ Yin Mar Bin Local PDF၊ Alpha Special Force၊ Pluto Force၊ FRDF၊ ချင်းတွင်းဂဠုန်ရာဇာ၊ Triple 2 Task Force၊ MTOF တို့ပူးပေါင်းပြီး စစ်အုပ်စုရဲ့ အမြှောက်စခန်းကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာပါ။

“စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတုန်း အလယ်ကျွန်းနားမှာ ချထားတဲ့ စခန်းတစ်ခုက လက်နက်ကြီးနဲ့ ပစ်ကူနေလို့ ကျွန်တော်တို့က တပ်ကူသွားတာပါ၊ လက်နက်ကြီးတွေကို သေချာချိန်ပြီးတော့ တိုက်ခိုက်ခဲ့တာပါ။ ပစ်မှတ်ကိုထိသွားတယ် သူတို့လက်နက်ကြီးတချို့လည်း ပျက်စီးသွားတယ် သေတဲ့သူတွေလည်း ရှိနိုင်တယ်” လို့ Yin Mar Bin Local PDF က တာဝန်ရှိသူတစ်ဦးက DNA ကို ပြောပါတယ်။

အလယ်ကျွန်းကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်အုပ်စုဟာ လေယာဉ်တွေနဲ့ ၅ ကြိမ်အထိ လာရောက်ပစ်ကူတိုက်ခိုက်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ကတော့ စစ်အုပ်စုရဲ့ စခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ DNA
ရုပ်သံ- Yin Mar Bin Local PDF