ၾကားသိသမွ်

လေလှိုင်းအစိုးရက ပေါ်တင်ပဲ လုပ်ပြသွားတာ တစ်ချက်ပဲ ခုတ်လိုက်တယ်… နှစ်ချက်မကဘူး ပြတ်တယ်

တစ်ချက်ပဲခုတ်တယ်

NUG က မအလ အိမ်ကို လက်ညှိုးထိုးရောင်းတာ ကျနော်တော့ သဘောကျတယ်။

-တော်လှန်ရေးအတွက် ပိုက်ဆံလဲရတယ်။ သူ့အိမ်ရောင်းတဲ့ငွေနဲ့ သူ့ပြန်ဒုက္ခပေး ခံရတော့မယ်။

-သူတို့ပြောတဲ့ လေလှိုင်းအစိုးရက ပေါ်တင်ပဲ လုပ်ပြသွားတာ။ ဘာမှ မလုပ်နိုင်ပါဘူးဆိုတဲ့ အမြင်တွေလဲ လွဲတယ်။

-သူရဲ့ မရှိ​တော့တဲ့ သိက္ခာလဲ ကျတယ်။

-ပြည်သူတွေရဲ့ အမုန်းတရားကိုလဲ သိသွားမယ်။ ”ငါ့အိမ်ပေါ်နေတဲ့ကောင်”… ”လမ်းကြုံရင် အပေါ့သွားမယ့်အိမ်…”ဆိုပြီး ပြောချင်တဲ့စိတ်နဲ့ကို ၅ရက်အတွင်း ဘယ်နှစ်သန်းဆိုပြီး ဝယ်လိုက်ကြတာ ဝက်ဝက်ကွဲပဲ။ အဲ့လောက်ထိ မုန်းကြတယ်။

-အရေးအကြီးဆုံးကတော့ တစ်လဆယ်ဂဏန်းလောက် သတ်မှတ်ထားတဲ့ လစာနဲ့ဆို မအလဟာ ဒီလိုသန်းဆယ်ဂဏန်းလောက်ရှိတဲ့ ပိုင်ဆိုင်မှုမျိုး ဘယ်လိုမှမရနိုင်ဘူး။ ဒီလိုပိုင်ဆိုင်မှုမျိုးရဖို့ ခိုးထားတယ်ဆိုတာ ပြည်သူရော သူ့လက်အောက်ရော သိသာသွားစေတာပဲ။

လက်အောက်အဖွဲ့တွေအနေနဲ့လဲ သူတို့ခေါင်းဆောင်ရဲ့ သူတို့အပေါ်ထားတဲ့ သဘောထားနဲ့ ခွဲခြားမှုတွေကို သိသာသွားစေတယ်။ ဒါတောင် ပိုင်ဆိုင်မှု သေးသေးလေးပဲ ရှိသေးတယ်။

အာဏာရှင်ဟာ ကိုယ်နဲ့ကိုယ့်မိသားစုအတွက်ပဲ ကြည့်တယ်။ နိုင်ငံကိုလဲ မကြည့်ဘူး။ လူမျိုးကိုလဲ မကြည့်ဘူး။ အဖွဲ့အစည်းကိုလဲ မကြည့်ဘူး။ သူကောင်းစားဖို့ အသုံးချတာ ချနင်းတာပဲ လုပ်သွားမှာ။

ဒါတောင်မှ အောက်ခြေအရာရှိ စစ်သည်တွေအနေနဲ့ အမြင်မှန် မရသေးရင်လဲ ခြင်းကြားပဲ ဆက်လွယ်ကြဦးပေါ့။
ကျနော်တို့ကတော့ ကျေနပ်တယ်။

တစ်ချက်ပဲ ခုတ်လိုက်တယ်… နှစ်ချက်မကဘူး ပြတ်တယ်။ Htet Myat

တစ်ချက်ပဲ ခုတ်လိုက်တယ်… နှစ်ချက်မကဘူး ပြတ်တယ်။

Htet Myat