ၾကားသိသမွ်

အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးကိုလည်းစစ်ကောင်စီကိုတက်ခွင့်မပြုဘူးလို့ အမေရိကန်နိုင်ငံ ခြားရေးဌာနပြော

ဧရာဝတီတိုင်းမ်

မေလ ၁၁ ရက်

အမေရိကန်နိုင်ငံ၊ဝါရှင်တန်မြို့မှာ မကြာမီပြုလုပ်မယ့် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာစစ်ကောင်စီရဲ့ခေါင်းဆောင်တွေကို တက်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ် ရဲ့ပြောကြားချက်ကို အမေရိကန်သံရုံးက ဒီကနေ့မှာထုတ်ပြန်လိုက်ပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက် ကို အ ကောင်အထည်ဖော်ဖို့ပျက်ကွက်ခဲ့လို့ အာဆီယံရဲ့ ထိပ်တန်းအ ဆင့်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံမှ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားဖို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို အားပေးထောက်ခံတယ်လို့ ဆိုပါတယ်။

မကြာမီရက်ပိုင်းမှာကျင်းပမယ့် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း အဲ့ဒီ လမ်းစဉ်အတိုင်းကျင့်သုံးမှာ ဖြစ်ပြီး အာဏာရှင်အဖွဲ့မှ အာဆီယံဘုံ သ ဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင် ရွက်ဖို့ပျက်ကွက်ခဲ့တာနဲ့ မြန်မာပြည်သူတွေအပေါ် အ ကြမ်းဖက်နှိပ်ကွပ်မှုတွေကို ဆက်လက်တိုးမြှင့်လုပ် ဆောင်နေတဲ့ မြန်မာစစ်ကောင်စီကိုတက်ခွင့်ပြုမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရက ပြောပါတယ်။

ဓာတ်ပုံ -USDP( စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်၊ ပုံဟောင်း)