ၾကားသိသမွ်

“EOD ဝယ်သူတို့ရဲ့ အသံ”

“EOD ဝယ်သူတို့ရဲ့ အသံ”

EOD ရဲ့ ၁၄ အင်းလျား အစုရှယ်ယာတွေ ရောင်းချတဲ့ အစီအစဉ်ဟာ ၅ ရက်ကျော် ၆ ရက် အရောက်မှာတော့ ၃ ပုံ ၁ ပုံ ရောင်းချခဲ့ပြီးပါပြီ။ ဝယ်သူတချို့ရဲ့ အသံကို နားထောင်ကြည့်ကြရအောင်။

အရောင်း စတင်တဲ့ မေလ ၅ ရက် (ပီဒီအက်ဖ် ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်) မှာပဲ အစုရှယ်ယာ ၂၀၀ တိတိ ဝယ်ယူသူ ရှိခဲ့ပါတယ်။ အဲဒီ ရှယ်ယာရှင်ကို အခုလို တလုံးတခဲတည်း ဝယ်ယူဖြစ်အောင် ဘယ်လိုခံစားချက်မျိုးနဲ့ ဘယ်လို တွန်းအားမျိုးက စေ့ဆော်ပါသလဲ ဆိုတဲ့ မေးခွန်းကို အရောင်း ကိုယ်စားလှယ်ကနေတဆင့် EOD အဖွဲ့ဝင်များက မေးမြန်းခဲ့ပါတယ်။


အဲဒီ အစုရှယ်ယာရှင်က သူ့ရဲ့ ခံစားချက်နဲ့ ဝယ်ယူဖြစ်ပုံကို အခုလို ပြောပြပါတယ်…

“ပြည်သူတွေကို ညှင်းပန်းနှိပ်စက်နေတဲ့ မအလ အာဏာရှင် စစ်တပ်ကို အမြစ်ဖြုတ်ဖို့ နိုင်တဲ့ဘက်ကနေ ကူတိုက်နေပါတယ်။ United Bond နဲ့ တခြားအစီအစဉ်တွေမှာလည်း အများကြီး ပါဝင်ထားပါတယ်။ ဒီအိမ်ရဲ့ ရှယ်ယာတွေ ဝယ်တာကတော့ မင်းအောင်လှိုင်ကို တိုက်ရိုက် ထိလို့ ပါ။ အခုလည်း ရှယ်ယာအများကြီး ဝယ်ထားတယ်။ နောက်ရက်တွေမှာလည်း ထပ်ဝယ်ဖို့ အစီအစဉ် ရှိပါတယ်”

အလားတူပဲ ပထမ အရောင်းဖွင့်တဲ့နေ့မှာ ရှယ်ယာ အစောင် ၁၅၀ နဲ့ ၁၀၀ ဝယ်ယူခဲ့သူတွေကို မေးကြည့်တော့…

“အဓိက က အာဏာရှင်စနစ်ကို မကြိုက်တာ… ပြီးတော့ တော်လှန်ရေးကာလကို မကြာရှည်စေချင်တာရယ်၊ အခု ဒီကိစ္စကလဲ ရင်းနှီးမြှုတ်နှံမှု တစ်ခုလို ဖြစ်နေတာရယ်ကြောင့်ပါ” လို့ ပြောပြပါတယ်။


အစောင် ၁၀၀ ဝယ်ယူသူ ကတော့ “အဓိကက မအလကို အပြုတ်တိုက်ဖို့ပဲ .. ဘွန်းတွေလည်း ဝယ်ထားသေးတယ်ဗျ” လို့ တိုတိုရှင်းရှင်း ပြောပြခဲ့ပါတယ်။

အစောင်ရေ မများလှပေမဲ့ ပြည်တွင်းကနေ တကူးတက လှမ်းဝယ်တဲ့ အငြိမ်းစား ဝန်ထမ်းတဦးကို မေးကြည့်တော့…

“အမ လှူဖို့စုထားတာလေးနဲ့ ဝယ်တာ၊ ၁၄ အင်းလျား ကို ပြန်ရောင်းတဲ့ တနေ့ စစ်ကိုင်းက မီးရှို့ခံရတဲ့ ရွာတွေ ပြန်လည်ထူထောင်ဖို့ အကုန်လှူမယ်”


ဟုတ်ပါတယ်… တော်လှန်ရေး အောင်နိုင်ဖို့အတွက် ရန်ပုံငွေဟာ အလွန် အရေးကြီးတဲ့ အထောက်အပံ့တစ်ခုပါ။ ငွေပန်းနေတဲ့ ထောက်ပို့တပ်သားတွေအတွက် တစ်ကြိမ်တည်း အပြတ်လှူလိုက်တာမျိုး မဟုတ်ပဲ နောင်တစ်ချိန်မှာ ပြန်ရနိုင်မယ့်၊ ရင်းနှီးမြုတ်နှံမှုတခု ဖြစ်မယ့် ပရောဂျက်မျိုး စဉ်းစားကြရင်းက EOD ဆိုတာ ဖြစ်ပေါ်လာပါတယ်။

EOD ရဲ့ နာမည် အပြည့်အစုံက “The End of Dictatorship” – မြန်မာလိုဆိုရင် “အာဏာရှင်နိဂုံး” ပါ။

အာဏာရှင်စနစ် အမိမြန်မာပြည်ကနေ အပြီးတိုင် အဆုံးသတ် ပျောက်ကွယ်သွားဖို့ အာဏာရှင် စစ်ကောင်စီက မတရားသဖြင့် ရယူ ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူအားပေးခြင်းနဲ့ တော်လှန်ရေးကို တတပ်တအား ပါဝင်ကြပါစို့…

#DDayChannel

Zawgyi

“EOD ဝယ္သူတို႔ရဲ့ အသံ”

EOD ရဲ့ ၁၄ အင္းလ်ား အစုရွယ္ယာေတြ ေရာင္းခ်တဲ့ အစီအစဥ္ဟာ ၅ ရက္ေက်ာ္ ၆ ရက္ အေရာက္မွာေတာ့ ၃ ပုံ ၁ ပုံ ေရာင္းခ်ခဲ့ၿပီးပါၿပီ။ ဝယ္သူတခ်ိဳ႕ရဲ့ အသံကို နားေထာင္ၾကည့္ၾကရေအာင္။

အေရာင္း စတင္တဲ့ ေမလ ၅ ရက္ (ပီဒီအက္ဖ္ ဖြဲ႕စည္းျခင္း တစ္ႏွစ္ျပည့္) မွာပဲ အစုရွယ္ယာ ၂၀၀ တိတိ ဝယ္ယူသူ ရွိခဲ့ပါတယ္။ အဲဒီ ရွယ္ယာရွင္ကို အခုလို တလုံးတခဲတည္း ဝယ္ယူျဖစ္ေအာင္ ဘယ္လိုခံစားခ်က္မ်ိဳးနဲ႔ ဘယ္လို တြန္းအားမ်ိဳးက ေစ့ေဆာ္ပါသလဲ ဆိုတဲ့ ေမးခြန္းကို အေရာင္း ကိုယ္စားလွယ္ကေနတဆင့္ EOD အဖြဲ႕ဝင္မ်ားက ေမးျမန္းခဲ့ပါတယ္။

အဲဒီ အစုရွယ္ယာရွင္က သူ႔ရဲ့ ခံစားခ်က္နဲ႔ ဝယ္ယူျဖစ္ပုံကို အခုလို ေျပာျပပါတယ္…

“ျပည္သူေတြကို ညႇင္းပန္းႏွိပ္စက္ေနတဲ့ မအလ အာဏာရွင္ စစ္တပ္ကို အျမစ္ျဖဳတ္ဖို႔ နိုင္တဲ့ဘက္ကေန ကူတိုက္ေနပါတယ္။ United Bond နဲ႔ တျခားအစီအစဥ္ေတြမွာလည္း အမ်ားႀကီး ပါဝင္ထားပါတယ္။ ဒီအိမ္ရဲ့ ရွယ္ယာေတြ ဝယ္တာကေတာ့ မင္းေအာင္လွိုင္ကို တိုက္ရိုက္ ထိလို႔ ပါ။ အခုလည္း ရွယ္ယာအမ်ားႀကီး ဝယ္ထားတယ္။ ေနာက္ရက္ေတြမွာလည္း ထပ္ဝယ္ဖို႔ အစီအစဥ္ ရွိပါတယ္”

အလားတူပဲ ပထမ အေရာင္းဖြင့္တဲ့ေန႔မွာ ရွယ္ယာ အေစာင္ ၁၅၀ နဲ႔ ၁၀၀ ဝယ္ယူခဲ့သူေတြကို ေမးၾကည့္ေတာ့…

“အဓိက က အာဏာရွင္စနစ္ကို မႀကိဳက္တာ… ၿပီးေတာ့ ေတာ္လွန္ေရးကာလကို မၾကာရွည္ေစခ်င္တာရယ္၊ အခု ဒီကိစၥကလဲ ရင္းႏွီးျမႇုတ္ႏွံမႈ တစ္ခုလို ျဖစ္ေနတာရယ္ေၾကာင့္ပါ” လို႔ ေျပာျပပါတယ္။

အေစာင္ ၁၀၀ ဝယ္ယူသူ ကေတာ့ “အဓိကက မအလကို အျပဳတ္တိုက္ဖို႔ပဲ .. ဘြန္းေတြလည္း ဝယ္ထားေသးတယ္ဗ်” လို႔ တိုတိုရွင္းရွင္း ေျပာျပခဲ့ပါတယ္။

အေစာင္ေရ မမ်ားလွေပမဲ့ ျပည္တြင္းကေန တကူးတက လွမ္းဝယ္တဲ့ အၿငိမ္းစား ဝန္ထမ္းတဦးကို ေမးၾကည့္ေတာ့…
“အမ လႉဖို႔စုထားတာေလးနဲ႔ ဝယ္တာ၊ ၁၄ အင္းလ်ား ကို ျပန္ေရာင္းတဲ့ တေန႔ စစ္ကိုင္းက မီးရွို႔ခံရတဲ့ ရြာေတြ ျပန္လည္ထူေထာင္ဖို႔ အကုန္လႉမယ္”

ဟုတ္ပါတယ္… ေတာ္လွန္ေရး ေအာင္နိုင္ဖို႔အတြက္ ရန္ပုံေငြဟာ အလြန္ အေရးႀကီးတဲ့ အေထာက္အပံ့တစ္ခုပါ။ ေငြပန္းေနတဲ့ ေထာက္ပို႔တပ္သားေတြအတြက္ တစ္ႀကိမ္တည္း အျပတ္လႉလိုက္တာမ်ိဳး မဟုတ္ပဲ ေနာင္တစ္ခ်ိန္မွာ ျပန္ရနိုင္မယ့္၊ ရင္းႏွီးျမဳတ္ႏွံမႈတခု ျဖစ္မယ့္ ပေရာဂ်က္မ်ိဳး စဥ္းစားၾကရင္းက EOD ဆိုတာ ျဖစ္ေပၚလာပါတယ္။

EOD ရဲ့ နာမည္ အျပည့္အစုံက “The End of Dictatorship” – ျမန္မာလိုဆိုရင္ “အာဏာရွင္နိဂုံး” ပါ။

အာဏာရွင္စနစ္ အမိျမန္မာျပည္ကေန အၿပီးတိုင္ အဆုံးသတ္ ေပ်ာက္ကြယ္သြားဖို႔ အာဏာရွင္ စစ္ေကာင္စီက မတရားသျဖင့္ ရယူ ပိုင္ဆိုင္ထားတဲ့ ပိုင္ဆိုင္မႈေတြကို ဝယ္ယူအားေပးျခင္းနဲ႔ ေတာ္လွန္ေရးကို တတပ္တအား ပါဝင္ၾကပါစို႔…

#DDayChannel