ၾကားသိသမွ်

အ ကြ မ်းဖ က် စစ်တပ်လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတာဝန်ခံ ဇော်ထွန်းကို ပ စ် ခ တ် ရှင်းလင်း

အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတာဝန်ခံ ဇော်ထွန်းကို ပစ်ခတ်ရှင်းလင်း

ရန်ကုန်၊ မေ ၁၁

လူငယ့်ခေတ်

ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်ဘက် ရေးရာလုံခြုံရေးတာဝန်ခံ ဇော်ထွန်းကို သန်လျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) မှ သုတ်သင်ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။

ဇော်ထွန်းသည် သန်လျင်မြို့နယ်တော်လှန်ရေးအင်အားစုများ၏ သတင်းများကိုထောက်လှမ်းပြီး တရားမဝင်စီးပွားရေးသမားများနှင့်ပေါင်းသင်းငွေရှာနေသည့် အကြမ်းဖက်စစ်အုပ်စု၏ ဒေါက်တိုင်အဖြစ်လုပ်ဆောင်နေသူဖြစ်ကြောင်းဒေသခံများကပြောသည်။

“မနက်ကကြားတယ်။ သေနတ်နဲ့ပစ်ခံရပြီးသေသွားပြီကြားတယ်။ စစ်အုပ်စုသတင်းပေးကောင်ပါ။ အရင်က ပိုက်ဆံမရှိတဲ့ကောင်။ အာဏာသိမ်းပြီးတော့ ကားတွေဘာတွေပါဝယ်စီးနေတာ။ အခုတော့သွားရှာပြီ” ဟု ဒေသခံတစ်ဦးက လူငယ့်ခေတ် သို့ပြောသည်။

ဇော်ထွန်းကို ယနေ့မေလ(၁၁)ရက် မနက်ပိုင်းတွင် သန်လျင် အောင်ချမ်းသာ ကွန်ကရစ်လမ်း WH HOTEL အနီးတွင် ကား‌မောင်လားစဉ် ဘေးချင်းယှဉ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ကားကိုမောင်းပြေးခြင်းကြောင့် သုံးကြိမ်တိုင်တိုင် လိုက်လံပစ်ခတ်စဉ် သေနတ်ကျည်ထိမှန်ပြီး ကားနှင့်ဓါတ်တိုက်ဝင်တိုက်မိကာ ကားမှောက်မှုပါဖြစ်ပွားခဲ့ကြောင်း Thanlyin Channel က ယနေ့ ထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်မှုကို သန်လျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) မှ ကျည်(၁၃)ချက်ဖြင့် သုတ်သင်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သန်လျင်(ပကဖ) မှ တာဝန်ရှိသူတစ်ဦးက Thanlyin Channel သို့ ဖြေကြားထားကြောင်းလည်း ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ(၁)ရက်ကလည်း အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ သန်လျင် မြို့နယ်စီမံအုပ်ချုပ်မှုကောင်စီအဖွဲ့ဝင်၊ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်၊သွေးသောက်အဖွဲ့ခေါင်းဆောင်၊ ပြည်ခိုင်ဖြိုးပါတီဝင် ၂၀၂၀ အမတ်လောင်း ရန်နိုင်ရွှေ ကိုလည်း သန်လျင်(ပကဖ) အဖွဲ့မှ သုတ်သင် ရှင်းလင်းခဲ့သည်။