ၾကားသိသမွ်

မုံရွာခရိုင် ပျောက်ကြားလှုပ်ရှားမှု အဖွဲ့ စတင်၊ တပ်ပေါင်းစုအလံကိုလည်း စတင်လွှင့်ထူ

မုံရွာ၊မေ၁၁

လူငယ့်ခေတ်

စစ်ကိုင်းတိုင်း မုံရွာခရိုင်တွင် ပျောက်ကြားလှုပ်ရှားမှုအဖွဲ့ အကောင်အထည်ဖော်တော့မည်ဖြစ်ပြီး မုံရွာမြို့နယ် UG တပ်ပေါင်းစုအလံကိုလည်း ယနေ့ မေလ(၁၁)ရက်နေ့တွင် စတင်လွှင့်ထူလိုက်ပြီဖြစ်ကြောင်း မုံရွာမြို့နယ် မြို့ပြပြောက်ကျားအဖွဲ့ UG အဖွဲ့များထံမှ သိရသည်။

“မုံရွာ UG က ကျွန်တော်တို့တွေ မြို့ပေါ်မှာလက်ရှိ အချိန်ထိ ကျွန်တော်တို့တွေလှုပ်ရှားနေတယ်။ မုံရွာက မြို့သူမြို့သားတွေကလည်း ညီတယ်။ မုံရွာခရိုင် UG အဖွဲ့ကို ကျွန်တော်တို့တွေ မကြာခင် အကောင်အထည် ဖော်တော့မှာဖြစ်တဲ့အတွက်ကြောင့် စပြီးလုပ်ဆောင်တာပါ။” ဟု Unity Force Monywa အဖွဲ့ မှ ဗိုလ်အောက်ဆွဲက လူငယ့်ခေတ်သို့ပြောသည်။

အဆိုပါ တပ်ပေါင်းစုအလံကို မုံရွာမြို့နယ်ပြောက်ကျားတပ်ဖွဲ့များဖြစ်သည့် ဒသာ Monywa PDF ပြောက်ကျားတပ်ဖွဲ့၊ Monywa Generation Tigers၊ ဗိုလ်ပေါက်ကြား၊ Unity Force Monywa ၊ NiJA Team၊Brother Defense Forceနှင့် မဟာမိတ်ညီနောင်အဖွဲ့များက UG တပ်ပေါင်းစုအလံကို လွှင့်ထူ ခဲ့ခြင်းဖြစ်သည်။

မုံရွာမြို့နယ်တွင် တပ်ပေါင်းစု အလံ လွှင့်ထူပြီး တပြိုင်နက် ပြည်သူများအနေဖြင့် စစ်တပ်အုပ်စုများနှင့် ဝေးရာကို ရှောင်ကျဉ်ပေးကြရန်လည်း ဒသာ Monywa PDF ပြောက်ကျားတပ်ဖွဲ့ က ယနေ့ သတိပေးထုတ် ပြန်ထားသည်။

ပြည်သူများအနေဖြင့် မုံရွာမြို့တွင် ပြောက်ကျားတပ်ဖွဲ့(UG) များရှိနေခြင်းကြောင့် အကြမ်းဖက်စစ်အုပ်စုအ အနေဖြင့် မုံရွာမြို့ကို အုပ်ချုပ်၍ မရကြောင်းနှင့် UG များကို ဆက်လက်ထောက်ပံ့ပေးကြရန်လည်း ဗိုလ်အောက်ဆွဲက မေတ္တာရပ်ခံထားသည်။

လက်ရှိ မုံရွာမြို့နယ်တွင် အကြမ်းဖက်စစ်အုပ်မှာ အင်အား (၈၀)ကျော်ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးမှုများ လည်းရှိကြောင်း သိရသည်။