ၾကားသိသမွ်

မင်း​အောင်လှိုင်​၏ အင်းယားလမ်းနေအိမ် နိုင်ငံခြားသားများပင်ဝယ်ယူ​နေဟု NUGဝန်ကြီး​ပြော၊ ငါးရက်အတွင်း ကန်​ဒေါ်လာ ၃သန်း​ကျော် ​ရောင်းရ

မင်း​အောင်လှိုင်​၏ အင်းယားလမ်းနေအိမ် နိုင်ငံခြားသားများပင်ဝယ်ယူ​နေဟု NUGဝန်ကြီး​ပြော

▪️ရောင်းချရန်စီစဥ်မှု ငါးရက်အတွင်း ကန်​ဒေါ်လာ ၃သန်း​ကျော် ​ရောင်းရ

​စော​နွေဦး/People’s Spring

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရန်ကုန်မြို့ရှိ​နေအိမ်ကို ရှယ်ယာစနစ်ဖြင့် ရောင်းချရာတွင် ငါးရက်အတွင်း အ​မေရိကန်ဒေါ်လာ ၃သန်းကျော်ဖိုး ရောင်းချသွားပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမူဝန်ကြီး ဦးတင်ထွန်းနိုင်က ၎င်း၏လူမူကွန်ရက်တွင် အသိ​ပေး ရေးသားထားသည်။

စတင်ရောင်းချပြီး ငါးရက်မြောက်တွင် ပြည်တွင်း၊ပြည်ပ မှ တခဲနက်ဝယ်ယူအားပေးကြခြင်းဖြစ်ပြီး စုစုပေါင်းရှယ်ယာဝယ်ယူမှု အကြိမ်ရေငါးထောင်ကျော်ရှိနေသည်ဟု ဝန်ကြီးကရေးသားထားသည်။

ဝယ်ယူသူအားလုံး၏ ၁၀ ရာခိုင်နှုန်းသည် နိုင်ငံခြားသားများဖြစ်ပြီး ၎င်းတို့ထဲတွင် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ပြီး နိုင်ငံခြားသားခံယူထားသူများပါဝင်သလို မြန်မာပြည်ဖွားမဟုတ်သည့် နိုင်ငံခြားသားများပါဝင်သည်ဟုလည်း ဆိုသည်။

“အာဏာရှင်ရွံ့မုန်းစိတ်၊ အမှန်တရားကိုချစ်မြတ်နိုးစိတ်ဆိုတာ လူမျိုးဘာသာ၊ အသားအရောင်၊ နိုင်ငံသား၊ လိင်စိတ်ကွဲပြားတိမ်းညွှတ်မှုတွေကို ကျော်လွန်ဖြစ်တည်နေတဲ့ လူသားဆန်မှုအလှတရားတစ်ခုသာ ဖြစ်ပါတယ်။” ဟု ဝန်ကြီးက ရေးသားထားသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် အဓမ္မယူထားသည့် အမှတ် (၁၄)၊ အင်းယားလမ်းရှိ နေအိမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရှယ်ယာစနစ်ဖြင့်ရောင်းချနေခြင်းဖြစ်သည်။ ရှယ်ယာတစ်စုကို ကန်ဒေါ်လာ ၁၀၀သတ်မှတ်ထားပြီး အစုရှယ်ယာ တစ်သိန်းသတ်မှတ်ထားခြင်းဖြစ်သည်။

အဆိုပါ ​နေအိမ်ခြံသည် ၁ဒဿမ ၈၆ ဧကကျယ်ဝန်းပြီး ကာလပေါက်ဈေး ကန်ဒေါ်လာသန်း ၃၀ခန့်တန်ကြေးရှိသည်။ ထိုခြံကိုNUGက ဒေါ်လာ ၁၀ သန်းသတ်မှတ်ပြီး အစုရှယ်ယာများရောင်းချနေခြင်း ဖြစ်သည်။

စစ်အာဏာရှင်ပြုတ်ကျပြီးသည့် အချိန်တွင် အဆိုပါခြံနှင့်အိမ်ကို လေလံစနစ်ဖြင့်ရောင်းချပြီး လက်ရှိဝယ်ယူထားသူများကို အကျိူးအမြတ်ပြန်လည်ခွဲပေးသွားမည်ဖြစ်သည်ဟု NUGက ဆိုထားသည်။

ထို့အပြင် စစ်ခေါင်းဆောင်နှင့် ၎င်းတို့မိသားစုပိုင်ဆိုင်သည့် မြေနှင့်အခြားပိုင်ဆိုင်မူများကို NUGက ဆက်လက်ရောင်းချသွားရန်လည်းရှိသည်ဟု သိရသည်။

Zawgyi

မင္း​ေအာင္လွိုင္​၏ အင္းယားလမ္းေနအိမ္ နိုင္ငံျခားသားမ်ားပင္ဝယ္ယူ​ေနဟု NUGဝန္ႀကီး​ေျပာ

▪️ေရာင္းခ်ရန္စီစဥ္မႈ ငါးရက္အတြင္း ကန္​ေဒၚလာ ၃သန္း​ေက်ာ္ ​ေရာင္းရ

​ေစာ​ေႏြဦး/People’s Spring

အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္၏ ရန္ကုန္ၿမိဳ႕ရွိ​ေနအိမ္ကို ရွယ္ယာစနစ္ျဖင့္ ေရာင္းခ်ရာတြင္ ငါးရက္အတြင္း အ​ေမရိကန္ေဒၚလာ ၃သန္းေက်ာ္ဖိုး ေရာင္းခ်သြားၿပီးျဖစ္ေၾကာင္း အမ်ိဳးသားညီညြတ္​ေရးအစိုးရ(NUG)၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇပ္ႏွံမူဝန္ႀကီး ဦးတင္ထြန္းနိုင္က ၎၏လူမူကြန္ရက္တြင္ အသိ​ေပး ေရးသားထားသည္။

စတင္ေရာင္းခ်ၿပီး ငါးရက္ေျမာက္တြင္ ျပည္တြင္း၊ျပည္ပ မွ တခဲနက္ဝယ္ယူအားေပးၾကျခင္းျဖစ္ၿပီး စုစုေပါင္းရွယ္ယာဝယ္ယူမႈ အႀကိမ္ေရငါးေထာင္ေက်ာ္ရွိေနသည္ဟု ဝန္ႀကီးကေရးသားထားသည္။

ဝယ္ယူသူအားလုံး၏ ၁၀ ရာခိုင္ႏႈန္းသည္ နိုင္ငံျခားသားမ်ားျဖစ္ၿပီး ၎တို႔ထဲတြင္ ျမန္မာနိုင္ငံသားအျဖစ္မွ စြန႔္လႊတ္ၿပီး နိုင္ငံျခားသားခံယူထားသူမ်ားပါဝင္သလို ျမန္မာျပည္ဖြားမဟုတ္သည့္ နိုင္ငံျခားသားမ်ားပါဝင္သည္ဟုလည္း ဆိုသည္။

“အာဏာရွင္ရြံ့မုန္းစိတ္၊ အမွန္တရားကိုခ်စ္ျမတ္နိုးစိတ္ဆိုတာ လူမ်ိဳးဘာသာ၊ အသားအေရာင္၊ နိုင္ငံသား၊ လိင္စိတ္ကြဲျပားတိမ္းညႊတ္မႈေတြကို ေက်ာ္လြန္ျဖစ္တည္ေနတဲ့ လူသားဆန္မႈအလွတရားတစ္ခုသာ ျဖစ္ပါတယ္။” ဟု ဝန္ႀကီးက ေရးသားထားသည္။

အၾကမ္းဖက္စစ္ေခါင္းေဆာင္မင္းေအာင္လွိုင္ အဓမၼယူထားသည့္ အမွတ္ (၁၄)၊ အင္းယားလမ္းရွိ ေနအိမ္ကို အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)က ရွယ္ယာစနစ္ျဖင့္ေရာင္းခ်ေနျခင္းျဖစ္သည္။ ရွယ္ယာတစ္စုကို ကန္ေဒၚလာ ၁၀၀သတ္မွတ္ထားၿပီး အစုရွယ္ယာ တစ္သိန္းသတ္မွတ္ထားျခင္းျဖစ္သည္။

အဆိုပါ ​ေနအိမ္ၿခံသည္ ၁ဒႆမ ၈၆ ဧကက်ယ္ဝန္းၿပီး ကာလေပါက္ေဈး ကန္ေဒၚလာသန္း ၃၀ခန႔္တန္ေၾကးရွိသည္။ ထိုၿခံကိုNUGက ေဒၚလာ ၁၀ သန္းသတ္မွတ္ၿပီး အစုရွယ္ယာမ်ားေရာင္းခ်ေနျခင္း ျဖစ္သည္။

စစ္အာဏာရွင္ျပဳတ္က်ၿပီးသည့္ အခ်ိန္တြင္ အဆိုပါၿခံႏွင့္အိမ္ကို ေလလံစနစ္ျဖင့္ေရာင္းခ်ၿပီး လက္ရွိဝယ္ယူထားသူမ်ားကို အက်ိဴးအျမတ္ျပန္လည္ခြဲေပးသြားမည္ျဖစ္သည္ဟု NUGက ဆိုထားသည္။

ထို႔အျပင္ စစ္ေခါင္းေဆာင္ႏွင့္ ၎တို႔မိသားစုပိုင္ဆိုင္သည့္ ေျမႏွင့္အျခားပိုင္ဆိုင္မူမ်ားကို NUGက ဆက္လက္ေရာင္းခ်သြားရန္လည္းရွိသည္ဟု သိရသည္။