ၾကားသိသမွ်

ချင်းတွင်းမြစ်ရိုးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စက်သုံးဆီပီပါ ၇ လုံး သိမ်းဆည်းလိုက်ကြောင်း (DBTF) ပြော

ချင်းတွင်းမြစ်ရိုးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စက်သုံးဆီပီပါ ၇ လုံး သိမ်းဆည်းလိုက်ကြောင်း (DBTF) ပြော

စစ်ကိုင်းတိုင်း ချင်းတွင်မြစ်ရိုးမှာ မနေ့က မေလ ၁၀ ရက်နေ့က စစ်အုပ်စု စက်သုံးဆီ တင်ဆောင်လာတဲ့ အမြန်ရေယာဉ် ၄ စီးကို ကာကွယ်ရေးတပ်ဖွဲ့တွေဖမ်းဆီးပြီး ယာဉ်ပေါ်ပါတဲ့သူတွေကိုခံဝန် ထိုး ပြန်လွှတ်ပေး ပြီး စက်သုံးဆီပီပါ ၇ လုံးသိမ်းဆည်းခဲ့တယ်လို့ နဂါးညီနောင် အထူးတပ်ဖွဲ့ (DBTF)သတင်းထုတ်ပြန် လိုက်ပါတယ်၊


ချင်းတွင်မြစ်ရိုးတစ်လျှောက်မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး ဆောင်ရွာက်နေစဉ် မုံရွာမြို့မှ ဟုမ္မလင်းမြို့ကို ထွက်ခွာတဲ့ ကုန်တင် အမြန်ရေယာဉ် ၄ စင်းပေါ်တွင် အကြမ်းဖက် စစ်အုပ်စု စက်သုံးဆီ တင်ဆောင်လာတာကိုသိမ်းဆည်းခဲ့တာပါ။

အမြန်ရေယာဉ် ၄ စီးမှာ စက်သုံးဆီ ဓာတ်ဆီပေပါ ၃ လုံးနှင့် ဒီဇယ် ပေပါ ၄ လုံးကို တင်ဆောင်လာတာကို နဂါးညီနောင် အထူးတပ်ဖွဲ့ (DBTF)၊ Yoma Fighter (Yinmarbin PDF)၊ Kani People Defense Force (KLG)၊ Spring Guerilla Platoon (နွေဦးပျောက်ကြားတပ်စု)၊ ဒေါင်းလုလင် (LPDF)၊ ဗိုလ်မီးတောက် မဟာမိတ် တပ်ပေါင်းစုတို့ကပူးပေါင်း ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။

ကုန်တင် အမြန်ယာဉ် ၄ စီးမှ တာဝန်ရှိသူတွေကို နောက်နောင်ထိုကဲ့သို့ အကြမ်းဖက်စစ်အုပ်စု ပစ္စည်းများ တင်ဆောင်ခြင်းမပြုလုပ်ဖို့ ခံဝန်ကတိ ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ DNA

ခ်င္းတြင္းျမစ္ရိုးမွာ အၾကမ္းဖက္စစ္အုပ္စုရဲ့ စက္သုံးဆီပီပါ ၇ လုံး သိမ္းဆည္းလိုက္ေၾကာင္း (DBTF) ေျပာ

စစ္ကိုင္းတိုင္း ခ်င္းတြင္ျမစ္ရိုးမွာ မေန႔က ေမလ ၁၀ ရက္ေန႔က စစ္အုပ္စု စက္သုံးဆီ တင္ေဆာင္လာတဲ့ အျမန္ေရယာဥ္ ၄ စီးကို ကာကြယ္ေရးတပ္ဖြဲ႕ေတြဖမ္းဆီးၿပီး ယာဥ္ေပၚပါတဲ့သူေတြကိုခံဝန္ ထိုး ျပန္လႊတ္ေပး ၿပီး စက္သုံးဆီပီပါ ၇ လုံးသိမ္းဆည္းခဲ့တယ္လို႔ နဂါးညီေနာင္ အထူးတပ္ဖြဲ႕ (DBTF)သတင္းထုတ္ျပန္ လိုက္ပါတယ္၊

ခ်င္းတြင္ျမစ္ရိုးတစ္ေလၽွာက္မွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ နယ္ေျမရွင္းလင္းေရး ေဆာင္ရြာက္ေနစဥ္ မုံရြာၿမိဳ႕မွ ဟုမၼလင္းၿမိဳ႕ကို ထြက္ခြာတဲ့ ကုန္တင္ အျမန္ေရယာဥ္ ၄ စင္းေပၚတြင္ အၾကမ္းဖက္ စစ္အုပ္စု စက္သုံးဆီ တင္ေဆာင္လာတာကိုသိမ္းဆည္းခဲ့တာပါ။

အျမန္ေရယာဥ္ ၄ စီးမွာ စက္သုံးဆီ ဓာတ္ဆီေပပါ ၃ လုံးႏွင့္ ဒီဇယ္ ေပပါ ၄ လုံးကို တင္ေဆာင္လာတာကို နဂါးညီေနာင္ အထူးတပ္ဖြဲ႕ (DBTF)၊ Yoma Fighter (Yinmarbin PDF)၊ Kani People Defense Force (KLG)၊ Spring Guerilla Platoon (ေႏြဦးေပ်ာက္ၾကားတပ္စု)၊ ေဒါင္းလုလင္ (LPDF)၊ ဗိုလ္မီးေတာက္ မဟာမိတ္ တပ္ေပါင္းစုတို႔ကပူးေပါင္း ဖမ္းဆီးခဲ့တာလို႔ဆိုပါတယ္။

ကုန္တင္ အျမန္ယာဥ္ ၄ စီးမွ တာဝန္ရွိသူေတြကို ေနာက္ေနာင္ထိုကဲ့သို႔ အၾကမ္းဖက္စစ္အုပ္စု ပစၥည္းမ်ား တင္ေဆာင္ျခင္းမျပဳလုပ္ဖို႔ ခံဝန္ကတိ ထိုးခိုင္းၿပီး ျပန္လႊတ္ေပးခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။ DNA