ၾကားသိသမွ်

ကနီ အလယ်ကျွန်းရွာက စစ်ကောင်စီနဲ့ပျူစောထီးစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေသိမ်းပိုက်နိုင်ခဲ့ (ရုပ်သံ)

ကနီ အလယ်ကျွန်းရွာက စစ်ကောင်စီနဲ့ပျူစောထီးစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေသိမ်းပိုက်နိုင်ခဲ့ (ရုပ်သံ)

လူငယ့်ခေတ်

မေ ၁၁

စစ်ကိုင်းတိုင်း ၊ကနီမြို့နယ်၊ အလယ်ကျွန်းရွာက အကြမ်းဖက်စစ်ကောင်စီနဲ့ ပျူစောထီး အင်အား(၅၀)ရှိတဲ့ စခန်းကို မနေ့က မေလ၁၀ရက်နေ့မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာက သတင်းထုတ်ပြန်ပါတယ်။

အလယ်ကျွန်းရွာ က အကြမ်းဖက်စစ်ကောင်စီရဲ့ ဘန်ကာတွေနဲ့ စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိကာ အရေအတွက် အတိအကျကို မသိရသေးဖူးလို့ ကျောက်လုံးကြီး KLG တပ်မဟာက ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

KLG PDF၊ MPDF ၊ DRPA ၊ KPDF1 ၊ KGF,M&K The Boy ၊ KCRF Chindwin Dragon ၊ နှလုံးလှလူမိုက်ကြီးများ (မြင်းခြံ) ၊ Yinmarbin Local PDF ၊ ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ် ၊ Alpha Special Force ၊ Triple Two ၊ MTOF ၊ ရိုးမဖိုက်တာ PDF ၊ ဗျတ္တညီနောင် PDF ၊ Dragon Brothers Task Force (DBTF) ၊ Spring Guerrilla Platoon(‌နွေဦးပျောက်ကျားတပ်စု)၊ ကနီမြို့နယ် ပကဖ နဲ့ ဒေသခံမဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲကို အောင်မြင်ခဲ့တာလို့ သိရပါတယ်။

အလယ်ကျွန်း ရွာထဲကို ဝင်ရောက်သိမ်းပိုက်ချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကနီမြို့ကနေ ၁၂၀မမအမြောက်နဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို Mi-35ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့လဲ ကျောက်လုံးကြီး KLG တပ်မဟာက သတင်းထုတ်ပြန်ထားပါတယ်။

Video-ကျောက်လုံးကြီး KLG တပ်မဟာ

ကနီ အလယ္ကၽြန္းရြာက စစ္ေကာင္စီနဲ႔ပ်ဴေစာထီးစခန္းကို ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြသိမ္းပိုက္နိုင္ခဲ့ (႐ုပ္သံ)

လူငယ့္ေခတ္

ေမ ၁၁

စစ္ကိုင္းတိုင္း ၊ကနီၿမိဳ႕နယ္၊ အလယ္ကၽြန္းရြာက အၾကမ္းဖက္စစ္ေကာင္စီနဲ႔ ပ်ဴေစာထီး အင္အား(၅၀)ရွိတဲ့ စခန္းကို မေန႔က ေမလ၁၀ရက္ေန႔မွာ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြက တိုက္ခိုက္သိမ္းပိုက္နိုင္ခဲ့တယ္လို႔ ေက်ာက္လုံးႀကီး KLG တပ္မဟာက သတင္းထုတ္ျပန္ပါတယ္။

အလယ္ကၽြန္းရြာ က အၾကမ္းဖက္စစ္ေကာင္စီရဲ့ ဘန္ကာေတြနဲ႔ စခန္းကို သိမ္းပိုက္နိုင္ခဲ့ၿပီး စစ္ေကာင္စီဘက္က ထိခိုက္ေသဆုံးမႈေတြ ရွိကာ အေရအတြက္ အတိအက်ကို မသိရေသးဖူးလို႔ ေက်ာက္လုံးႀကီး KLG တပ္မဟာက ဒီကေန႔မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

KLG PDF၊ MPDF ၊ DRPA ၊ KPDF1 ၊ KGF,M&K The Boy ၊ KCRF Chindwin Dragon ၊ ႏွလုံးလွလူမိုက္ႀကီးမ်ား (ျမင္းၿခံ) ၊ Yinmarbin Local PDF ၊ ခ်င္းတြင္းဂဠဳန္ရာဇာေျပာက္က်ားတပ္ ၊ Alpha Special Force ၊ Triple Two ၊ MTOF ၊ ရိုးမဖိုက္တာ PDF ၊ ဗ်တၱညီေနာင္ PDF ၊ Dragon Brothers Task Force (DBTF) ၊ Spring Guerrilla Platoon(‌ေႏြဦးေပ်ာက္က်ားတပ္စု)၊ ကနီၿမိဳ႕နယ္ ပကဖ နဲ႔ ေဒသခံမဟာမိတ္အဖြဲ႕ေတြ ပူးေပါင္းၿပီး စခန္းသိမ္းတိုက္ပြဲကို ေအာင္ျမင္ခဲ့တာလို႔ သိရပါတယ္။

အလယ္ကၽြန္း ရြာထဲကို ဝင္ေရာက္သိမ္းပိုက္ခ်ိန္မွာ အၾကမ္းဖက္စစ္ေကာင္စီတပ္က ကနီၿမိဳ႕ကေန ၁၂၀မမအေျမာက္နဲ႔ ျပန္လည္ပစ္ခတ္ခဲ့သလို Mi-35ရဟတ္ယာဥ္နဲ႔ လာေရာက္ပစ္ခတ္ခဲ့ၿပီး ျပည္သူ႔ကာကြယ္ေရးရဲေဘာ္တစ္ဦး ဒဏ္ရာရခဲ့တယ္လို႔လဲ ေက်ာက္လုံးႀကီး KLG တပ္မဟာက သတင္းထုတ္ျပန္ထားပါတယ္။

Video-ေက်ာက္လုံးႀကီး KLG တပ္မဟာ